ပြည်သူ့ခေတ် ဂျာနယ် ၂ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ယုဇနဟော်တယ်မှာ ဒီကနေ့
ကျင်းပပါတယ်။
ဒီအခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့
အတူ စာပေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ထင်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ ကိုမင်းကိုနိုင်က “လွတ်လပ်တဲ့ စာနယ်ဇင်းနဲ့ ဒီမိုကရေစီ ” ခေါင်းစဉ်နဲ့ ဟောပြော
ဆွေးနွေးခဲ့ပါတယ်။
ပြည်သူ့ခေတ် ဂျာနယ်ကို သတင်းစာဆရာ မောင်ဝံသနဲ့ စာရေးဆရာဖေမြင့်တို့ ဦးဆောင်ပြီး
၂ဝ၁ဝ ပြည့်နှစ်က စတင်ထုတ်ဝေခဲ့ပါတယ်။
ပြည်သူ့ခေတ် ဂျာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်
ရေးသားတဲ့ ဆောင်းပါးကို ပထမဦးဆုံး တရားဝင် ပုံနှိပ်ဖော်ပြခဲ့တဲ့ ဂျာနယ် ဖြစ်ပါတယ်။
Ref: Popular Myanmar News:

0 comments:
Post a Comment