Pages

Wednesday, July 11, 2012

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူပြီး ACE ကုမ္ပဏီကို မနေ့က လွှဲပေး


Photo: ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ ရှိတဲ့ ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူလိုက်ပြီး အဲဒီနေရာမှာ (၈) ထပ် ကွန်ဒိုတိုက် တည်ဆောက်ဖို့ ACE ကုမ္ပဏီကို မနေ့က လွှဲပြောင်း ပေးလိုက်ပါတယ်။

ခရိုင်အဆင့် ကျန်းမာရေးဆေးခန်း ဖြစ်တဲ့ အဲဒီဆေးခန်းမှာ တီဘီ၊ HIV- AIDS ဝေဒနာရှင် တရာကျော်နဲ့ ပြင်ပလူနာ ၂ ရာလောက်ကို နေ့စဉ် ဆေးဝါး
ကုသ ပေးနေတာပါ။

လက်ရှိ ဆေးခန်း မြေနေရာ ဟာ ဧက တမတ် ကျယ်ဝန်းပြီး ဝန်ထမ်း ၄၅ ဦးအတွက် ဝန်ထမ်း အိမ်ယာတွေလည်း ရှိနေပါတယ်။

ကွန်ဒို ဆောက်လုပ်ပြီးရင် ဆေးခန်းအတွက် တိုက်ခန်း (၁) ခန်းသာ
ပြန်ပေးမှာ ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူ တွေက ခေါ်ယူ ပြောခဲ့တဲ့
အတွက် ကျန်းမာရေးဌာန ဝန်ထမ်းတွေက ကွန်ဒိုဆောက်လုပ်မှုကို ကန့်ကွက်ခဲ့ ပါတယ်။

ကျန်းမာရေးဌာနရဲ့ ကန့်ကွက်ချက်ကို ရန်ကုန် စည်ပင်သာယာရေး
ကော်မတီက လက်မခံဘဲ ပယ်ချခဲ့သလို ဝန်ထမ်းအိမ်ယာမှာ နေထိုင်သူတွေ
ရဲ့ စားဝတ်နေရေးနဲ့ ဆေးခန်းပုံမှန် လည်ပတ်ရေးတွေ အတွက် ဘာမှ အာမ,ခံချက် မပေးခဲ့ဘူးလို့လည်း ကြည့်မြင်တိုင် ဒေသန္တရ ဆေးခန်း ဝန်ထမ်းတွေက ပြောပါတယ်။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ ရှိတဲ့ ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူလိုက်ပြီး အဲဒီနေရာမှာ (၈) 

ထပ် ကွန်ဒိုတိုက် တည်ဆောက်ဖို့ ACE ကုမ္ပဏီကို မနေ့က လွှဲပြောင်း ပေးလိုက်ပါတယ်။


ခရိုင်အဆင့် ကျန်းမာရေးဆေးခန်း ဖြစ်တဲ့ အဲဒီဆေးခန်းမှာ တီဘီ၊ HIV- AIDS ဝေဒနာရှင် တရာကျော်နဲ့ ပြင်ပလူနာ ၂ 

ရာလောက်ကို နေ့စဉ် ဆေးဝါးကုသ ပေးနေတာပါ။လက်ရှိ ဆေးခန်း မြေနေရာ ဟာ ဧက တမတ် ကျယ်ဝန်းပြီး ဝန်ထမ်း ၄၅ ဦး

အတွက် ဝန်ထမ်း အိမ်ယာတွေလည်း ရှိနေပါတယ်။


ကွန်ဒို ဆောက်လုပ်ပြီးရင် ဆေးခန်းအတွက် တိုက်ခန်း (၁) ခန်းသာပြန်ပေးမှာ ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူ တွေက ခေါ်ယူ

 ပြောခဲ့တဲ့အတွက် ကျန်းမာရေးဌာန ဝန်ထမ်းတွေက ကွန်ဒိုဆောက်လုပ်မှုကို ကန့်ကွက်ခဲ့ ပါတယ်။


ကျန်းမာရေးဌာနရဲ့ ကန့်ကွက်ချက်ကို ရန်ကုန် စည်ပင်သာယာရေးကော်မတီက လက်မခံဘဲ ပယ်ချခဲ့သလို ဝန်ထမ်းအိမ်ယာမှာ

 နေထိုင်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးခန်းပုံမှန် လည်ပတ်ရေးတွေ အတွက် ဘာမှ အာမ,ခံချက် မပေးခဲ့ဘူးလို့လည်း 

ကြည့်မြင်တိုင် ဒေသန္တရ ဆေးခန်း ဝန်ထမ်းတွေက ပြောပါတယ်။


Ref: RFA (Burmese)

0 comments:

Post a Comment