Pages

Wednesday, July 11, 2012

ဇူလိုင် ၁၆ ရက်နေ့မှ စတင်၍ လွှတ်တော်တွင်း သတင်းရယူသည့် သတင်းမီဒီယာများ ယခင် ကဒ်စနစ်အစား လက်ဗွေနှိပ် (Finger Print) စနစ်ကျင့်သုံးမည်

ယခုကျင်းပပြုလုပ်လျက်ရှိသည့် ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ သတင်းရယူနေသည့် သတင်းသမားများသည် လာမည့် ဇူလိုင် ၁၆ ရက်နေ့မှ စတင်၍ လွှတ်တော်တွင်း အ၀င်အထွက်အား လက်ဗွေနှိပ် စနစ်(Finger Print) ဖြင့် စစ်ဆေးသွား မည်ဖြစ် ကြောင်းသိရသည်။

လွှတ်တော်အတွင်း သတင်းရယူသည့် သတင်းထောက်များအနေဖြင့် ယခင်က ကတ်လဲလှယ်စနစ်များ
ကိုသာ အသုံးပြုခဲ့ပြီး ယခုအခါ ပိုမိုလုံခြုံမှုရှိစေရန် အဆိုပါ စနစ်ကို ပြောင်းလဲအသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ လွှတ်တော် အစည်းအဝေးသို့ ပြည်တွင်းပြည်ပမှ လာရောက်သတင်းရယူသူ သတင်းသမား ၁၄၆ ဦး ရှိကြောင်း သိရသည်။
 
Ref: Yangon Media Group:

0 comments:

Post a Comment