Pages

Wednesday, July 11, 2012

ဒေါ်လာဈေးအမြင့်ဘက်ရောက်ချိန် အောက်ကားဈေးကွက်ပြန်လည်လှုပ်ခတ်

နိုင်ငံခြားငွေလဲလှယ်နူန်းမြင့်တက်လာခြင်းနှင့်အတူ (၅)လတာ အရောင်းအ၀ယ်ငြိမ်သက်ခဲ့သည့် ကားဈေးကွက်မှာ ပြန်လည် လှုပ်ခတ် လာကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူများထံက သိရှိရသည်။

 
 
“အခုနောက်ပိုင်း ဒေါ်လာဈေးတက်တော့ အရောင်းအ၀ယ်ကတော့ နည်းနည်းတော့ ပြန်သွက်တာပေါ့နော်။ အရင်လတွေကဆို မူဝါဒ အပြောင်းအလဲတွေကလည်းရှိ ဒေါ်လာဈေးကလည်း တက်မလာဆိုတော့ (၃)ပတ် လောက်ရှိတယ် ကားတစ်စီးမှ ရောင်းမထွက်တာ”ဟု Myo Motor Service co.ltd မှ MD ဦးအောင်မျိုးဝင်းက ပြောသည်။
 
နိုင်ငံခြားငွေလဲဈေးသည် ဇွန်လလယ်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် (၈၄၀)၀န်းကျင် ရှိခဲ့ရာက ဇူလိုင်(၁)ရက်နေ့မှ စ၍ (၈၇၅)ကျပ်သို့ မြင့်တက်ခဲ့ပြီး လက်ရှိ ဇူလိုင် (၁၀)ရက်နေ့တွင် (၈၈၂)အထိ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။
 
 
 လက်ရှိကားဈေးကွက်တွင်း မော်ဒယ်နိမ့်ကားများမှာ အရောင်းအ၀ယ်မရှိသလောက်နည်းပါးပြီး အို/ဟောင်း အပ်နှံ၍ အသစ်တင် သွင်းလာသည့် ဈေးနူန်းသက်သာသော မော်ဒယ်နိမ့်ကားများသာ အရောင်းအ၀ယ်ဖြစ် ပေါ်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
 

“အရင်ရှိပြီးသား ကားတွေက အရောင်းအ၀ယ်မဖြစ်ဘူး။ အခုလက်ရှိက တင်သွင်းလာတဲ့ကားတွေထဲ က မော်ဒယ်နိမ့်ပြီး ဈေးသက်သာတဲ့ ကားတွေအရောင်းအ၀ယ် ဖြစ်နေတယ်။”ဟု ဦးအောင်မျိုးဝင်းက ပြောသည်။
 
 
ကားအရောင်းအ၀ယ်ဖြစ်ပေါ်မှုသည် နိုင်ငံခြားငွေလဲဈေးမြင့်တက်လာခြင်းနှင့် ဆက်စပ်နေပြီး နိုင်ငံခြား ငွေလဲနှုန်း ပြန်လည်ကျဆင်းလာပါက အရောင်းအ၀ယ်ကျဆင်း၍ ကားဈေးကွက် တည်ငြိမ်နိုင်ကြောင်း ဟံသာဝတီကားရောင်းဝယ်ရေးစခန်းရှိ ကားအကျိုးတော်ဆောင်များက ဆိုသည်။
 
 “အဓိကက ဒေါ်လာဈေးကြောင့်ပါ။ ဒေါ်လာဈေးပြန်ကျရင် အရင်ကအတိုင်း ပြန်ဖြစ်နေဦးမှာပဲ။ ဒါတောင်မှရောင်းရတယ်ဆိုတာတောင်   အောက်ကားတွေ လောက်ပဲ။ ဈေးနှုန်းလာလေ့လာတဲ့ သူတွေတော့များတယ်။ ၀ယ်မယ့်သူတွေက ကားဈေးဆက်ကျမလားဆိုပြီး   စောင့်ကြည့်နေကြတယ်”ဟု ဟံသာဝတီ ကားရောင်းဝယ် ရေးစခန်းမှ ကားအကျိုးတော်ဆောင် ဦးသန်းနိုင်က ၄င်း၏အမြင်ကို ပြောသည်။
 
 
ယခင် မော်ဒယ်နိမ့် တက္ကစီယာဉ်အရောင်းအ၀ယ်ဈေးကွက်တွင်လည်း ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက် ရှိကြောင်း အငှားယာဉ်မောင်းသူများထံက သိရှိရသည်။
 
 
“ပြီးခဲ့တဲ့လက ၆၅သိန်းနဲ့ ၀ယ်ခဲ့တဲ့စလွန်းကားကို အခု (၅၀)နဲ့ရောင်းတာတောင် စိတ်ဝင်စားတဲ့သူမရှိဘူး ဖြစ်နေတယ်” ဆူးလေရှိ ကကယာဉ်မောင်းတစ်ဦးက ပြောသည်။
 
လက်ရှိဈေးကွက်တွင်းဖြစ်ပေါ်နေသော ကားဈေးနူန်းများ
 
အမျိုးအစား/မော်ဒယ်
ဈေးနူန်း (ကျပ်)
Van .5
သိန်း (၁၃၀)
Van .3
သိန်း (၁၃၅)
Probox .3
သိန်း (၁၃၅)
Probox .5
သိန်း (၁၄၅)

Ref: မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment