Pages

Wednesday, July 11, 2012

အာဇာနည်ဗိမာန် ဒီဇိုင်းရေးဆွဲသူ၏ အိုင်ဒီယာနှင့် လက်တွေ့ တည်ဆောက်ခဲ့သည့် ဒီဇိုင်း ကွာခြားမှုရှိဟုဆို


အာဇာနည် ဗိမာန်ဒီဇိုင်း ရှေ့မျက်နှာစာ ပုံစံကို တွေ့ရစဉ်


အာဇာနည်ဗိမာန် တည်ဆောက်ရန်နိုင်ရန် ဒီဇိုင်းရေးဆွဲပေးခဲ့ မှုနှင့် လက်တွေ့တည်ဆောက်ခဲ့မှုတွင် အနည်း ငယ်မျှကွာခြား မှုများ ရှိခဲ့သဖြင့်  ပြန်လည်မွမ်းမံခွင့်ရခဲ့လျှင်လိုအပ်သည် များကိုထပ်မံဖြည့်စွက် လိုကြောင်း ယင်း ဗိမာန်အား ဒီဇိုင်းရေးပေးဆွဲခဲ့သည့် ဒီဇိုင်းနှင့်ဗိသုကာအဖွဲ့ခေါင်းဆောင် ဦးဆန်းဦး မှပြောကြား ခဲ့သည်။


ဇူလိုင်လ(၇)ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ  အသင်းချုပ်ခန်းမတွင် ကျင်းပသည့် အာဇာနည်ဗိမာန် ဒီဇိုင်း ရှင်းလင်းပွဲတွင် ယင်းကဲ့ သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပက်သက်၍  ဦးဆန်းဦးက ပြောရာတွင်'' အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော်တို့ စိတ်လွတ် လက်လွတ် မလုပ်ခဲ့ရဘူး။ကျွန်တော် တို့ဗိမာန်မှာဝိဉာည် ထပ်ထည့်ဖို့ လိုတယ်။ သဘောက အဲဒီမှာအထိမ်း အမှတ်ပြတိုက်လိုတယ်။ ပြတိုက်မှာ သူတို့ရဲ့လက်ရေး မူတွေ၊ မိန့်ခွန်း တွေလိုတယ်။ လာရောက် ဂါဝရလာ ပြုသူတွေက အာဇာနည်ကြီးတွေ နဲ့ပြန်တွေ့နေရသလို ခံစားမှုမျိုး ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်။''  ဟု ၎င်းတို့ကြုံတွေ့ခဲ့ရပုံနှင့်ယှဉ်၍ပြန်ပြောင်း ပြောသည်။



ယင်းမှ ဆက်လက်၍ ထိုအချိန်က  ဆောင်ရွက်ခဲ့ရမှုတွင် ယင်းအချိန်က အစိုးရ၏ စိတ်ကြိုက် အဆင်ပြေပြီး   ညှိုညင်မှု  မရှိနိုင်သော ပုံစံမျိုး  နှင့်လက်တွေ့အခြေအနေဖြင့်  ကိုက်ညီသည့်ဒီဇိုင်း ကိုသာ လုပ်ပေး  ခဲ့ရခြင်းဖြစ်  ကာအနည်း ငယ်ကွဲလွဲမှုများလည်းရှိခဲ့ကြောင်းလည်း ယင်းက ဆိုသည်။

ဦးဆန်းဦးက ဆက်လက်၍ '' ဥပမာပြောရရင် ကျွန်တော်တို့ဒီဇိုင်း ဆွဲခဲ့တုန်းက နိုင်ငံတော်အလံက ဗိမာန် ရဲ့ အစွန်မှာ ထည့်ဆွဲခဲ့တာ ဒါပေမဲ့ ဆောက်လုပ်ရေးက ဆောက်တဲ့အခါ ကျတော့ လူကြီးက အလံက ဘာလို့ အစွန်ရောက် နေတာလဲ မကောင်းဘူး အလယ်ပြောင်းလုပ်ဆိုတာနဲ့ အလံက အလယ် ရောက် သွားရော။ အဲလိုကွဲလွဲ ချက်လေးတွေရှိခဲ့တယ်။''ဟု ဆိုသည်။
အာဇာနည် ဗိမာန်ဒီဇိုင်းတွင်ရေးဆွဲ ခဲ့သည့်အထဲတွင်တစ်ခုဖြစ်သည့် ဗိမာန် နံရံရှိ ကြယ်တစ်လုံး နှင့် ပက်သက်၍  ရေးဆွဲခဲ့ချိန်ကကြယ်ကို အပေါက်ပုံစံ ဖောက်၍တပ်ဆင်အသုံးပြု ရန်ရေးဆွဲခဲ့ သော်လည်း လက်တွေ့ ဆောက်လုပ် ခဲ့ရာတွင် အပေါက်ပုံစံမဟုတ်ပဲ ကြယ်ဖြူကြီး  တစ်လုံးကိုသာ ထည့်သွင်း ဆောက်လုပ်ခဲ့ကြောင်း ယင်းမှဆက် လက်ဆိုသည်။
ယင်းနှင့်ပက်သက်၍ ဗိမာန်တည် ဆောက်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းအေးက '' အဲဒီတုန်းက ကိုဆန်းဦး  စီစဉ်ရေးဆွဲခဲ့တာက ဒီကြယ် လေးကို အပေါက်ပုံနဲ့ ဆွဲခဲ့တယ်။ ပြီး ရင်အဲဒီကြယ်လေးက ကြွေပြီးအောက် ကပလင်လေးထက်မှာ တည်နေမယ်။


 ဒီလို စိတ်ကူး ပြီးလုပ်ခဲ့တယ်။ တကယ်တမ်း  ဆောက်တဲ့  အချိန်မှာတော့  အဲလိုမဖြစ်ခဲ့ဘူး။''ဟု ၎င်း တို့လုပ်ငန်း စဉ်ပြု  လုပ်ခဲ့ချိန်က ဆောင်ရွက်ခဲ့သည် နှင့်ပက်သက်၍ပြောပြသည်။


ယင်းဒီဇိုင်းရှင်းလင်းပွဲနှင့်ပက်သက် ၍ယခုအချိန်သည် အာဇာနည်နေ့နီး ကပ်လာသည့် အချိန်နှင့် တိုက်ဆိုင်နေ ခြင်း၊ အရင်အချိန်များနှင့်ယှဉ်လျှင်ယခု လိုပြောင်းလဲနေသည့်  ခေတ်စနစ်နှင့်အညီ ရှေးသမိုင်း ကြောင်းများကို ပြည်သူများ ပြန်လည် သတိရစေနိုင်ရန်အချိန်ဖြစ် ခြင်းတို့ကြောင့် ယခု အချိန် ကိုရွေးချယ် ရခြင်းဖြစ်ကြောင်း ဦးဆန်းဦးက ပြောသည်။
ယင်းက'' ဒီအချိန်က အစိုးရအပြောင်း  အလဲကြောင့်လည်း  ပါတယ်။ခု အချိန်မှာဒါတွေက ပြန်ပြော လို့ရပြီ။ အစိုးရ  ကလည်း လူထုစကားကိုနား ထောင်နေပြီ။''ဟု ဆိုသည်။

၎င်းရှင်းလင်း ပြောကြားခဲ့သည်  အကြောင်း အရာများသည် အကြောင်းအရာတစ် မျိုးမျိုးနှင့် ညှိစွန်း နေခြင်း မျိုးမရှိပဲဖြစ် ပေါ်ခဲ့သည့်  သမိုင်းများ အားပြောပြခြင်းဖြင့် ရှေ့ဆက် လုပ်ဆောင်သွား နိုင်ဖို့ ရည်ရွယ် ကြောင်းလည်း သိရသည်။
ယင်းဗိမာန်ကြီးအား လူအများအချိန် အခါမလပ်လာ ရောက်နိုင်ရန်ဖွင့်လှစ်သွား နိုင်ရန်တိုက်တွန်း ပါကြောင်း ယင်းက ဆက်လက် ဆိုသည်။ ဦးဆန်းဦးက'' အာဇာနည်   ဗိမာန်ကို အချိန်တိုင်း လာရောက် ဂါရဝပြုနိုင် ရင် ကျွန်တော် အရမ်းဝမ်းသာ မှာပါ။''ဟု ဆိုသည်။
မူလပထမ အာဇာနည်ဗိမာန် သည်ရွှေတိဂုံဘုရား၏ခြေရင်း၊ သွေးဆေးကန်၏ အနောက်ဖက်တွင် တည်ရှိ ပြီး  (၁၉၈၂)ခုနှစ် ဩဂုတ်လတွင် နိုင်ငံ တော်အစိုးရမှ ယင်းဗိမာန်အား ခမ်းနား စွာပြန်လည် တည်ဆောက်  ရန် တစ်နိုင် ငံလုံးရှိ ဆောက်လုပ်ရေး  ကော်ပရေး ရှင်း၊ ပန်းချီပန်းပုကော်စီ အစရှိသည့် သက်ဆိုင် သည့်အဖွဲ့အစည်း များသို့ ဒီဇိုင်းများကိုတင်သွင်းစေခဲ့ပြီး ယင်းအဖွဲ့များတွင် ရန်ကုန်စက်မှု တက္ကသိုလ် အား ပါဝင်ရန်ဖိတ်ခေါ်ခဲ့ကြောင်း၊

ယင်းမှ တဆင့်ဒီဇိုင်းများပုံစံများကို အဆင့်ဆင့်ရွေးချယ်ခဲ့ရာရန်ကုန်စက်မှု တက္ကသိုလ်၏ဒီဇိုင်းအား ရွေးချယ်တာ ဝန်ပေးခဲ့၍ ယင်းရွေးချယ်ခံ ဒီဇိုင်းအား  (၉)လအတွင်းရေးဆွဲစေခဲ့ပြီး ဒီဇိုင်းပုံ များအား (၂)လ အကြာ(၁၉၈၃) စက်တင်ဘာလတွင်နိုင်ငံတော်ပေးအပ် နိုင်ခဲ့ကြောင်း၊ (၁၉၈၃) အောက်တိုဘာ လတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒီဇိုင်းကိုပြန်လည်ရေးဆွဲခဲ့ရပြီး (၁၉၈၄)  ဧပြီလတွင်ပြန် လည်ခွင့်ပြုခဲ့ ကြောင်း၊


 (၁၉၈၄)အောက်တိုဘာတွင်စတင် တည်ဆောက်ခဲ့ရာ (၁၉၈၅)ခုနှစ် ဂျူလိုင်လတွင် ဂုဏ်ပြု အခမ်း အနားကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဦးဆန်းဦး၏ ပြောပြချက်များအရ သိရသည်။


Ref: ကောင်းမြတ်ကျော် (Yangon Media Group)

0 comments:

Post a Comment