BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

မိုင်တိုင် ၂၆ ဇာတ်ကား အကြောင်း ရှင်းပြတဲ့ ခွန်းဆင့်နေခြည်



မိုင်တိုင် ၇၆ သရဲကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရခဲ့တဲ့သရုပ်ဆောင်ခွန်းဆင့်နေခြည်က သူ့ရဲ့ ကိုယ်ပိုင်
ကျောက်ဆူး ဗီဒီယိုထုတ်လုပ်ရေး ကနေပြီး မိုင်တိုင်၂၆ ဆိုတဲ့ သရဲကား တစ်ကားကို ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ များမှာ ဇူလိုင်လ ၅ ရက်နေ့ကစပြီး ရုံတင် ပြသတော့မှာပါ။
သရဲကားများနှင့်ကံစပ်သည့်ခွန်းဆင့်နေခြည်နှင့် တွေ့ဆုံပြီး မိုင်တိုင် ၂၆ ဇာတ်ကားရိုက်ကူးဖြစ်ခဲ့ပုံ၊ မြန်မာ
သရဲကား များအပေါ်သူ့အမြင်နှင့်လတ်တလောအနုပညာလှုပ်ရှားမှုများအကြောင်းကိုThe Voice က မေးမြန်း
ထားခြင်း ဖြစ် သည်။

မေး ။ ။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းက ဖြစ်ရပ်မှန်လို့သိရတယ်။ ဘယ်ဖြစ်ရပ်ကို ရိုက်ထားတာလဲ။

ဖြေ ။ ။ ဒီဇာတ်ကားက ပြင်ဦးလွင်အဆင်း ခြောက်ထပ်ကွေ့နား မိုင်တိုင် ၂၆ ဆိုတဲ့နေရာမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်
မှန် တစ်ခုကို အခြေခံပြီး ရိုက်ထားတာ။ အဲဒီနားက လူတွေ ခဏခဏ သေတယ်။

မေး ။ ။ ခွန်းဆင့်က ဘယ်လို ဇာတ်ကောင်စရိုက်မျိုး သရုပ်ဆောင် ထားလဲ။

ဖြေ ။ ။ ဒီဇာတ်ကားမှာ ခွန်းဆင့်ရဲ့ ဇာတ်ကောင်က ဝတီဆိုတဲ့ အမျိုးသမီးပေါ့။၊ သူ့မှာက သူချစ်ရတဲ့ ခင်ပွန်း
နဲ့ သမီးလေး တစ်ယောက် ရှိတယ်။ သူတို့က မန္တလေးမှာ နေကြတယ်။၊ တစ်နေ့မှာ ပြင်ဦးလွင်က သူတို့ပိုင်တဲ့ ခြံကိုရောင်းဖို့ သားအမိ နှစ်ယောက် တက်သွားပြီး ပြန်ဆင်း အလာ မိုင်တိုင် ၂၆ မှာ ကားမှောက်တယ်။၊ သူ့
သမီးလေးက ကားရဲ့အပြင်ဘက်ကို လွင့်ထွက်သွားပြီး သူကတော့ ကားထဲမှာ ညပ်ပြီး ကျန်ခဲ့တယ်။၊ 

အဲဒီအချိန်မှာ ခရီးသွား ယောကျ်ား နှစ်ယောက်က ကားမှောက်တဲ့နေရာ ရောက်လာတယ်။ အစကတော့ ကယ်ဖို့ပဲ။ ဒါပေမဲ့ ခြံရောင်းထားတဲ့ ပိုက်ဆံတွေနဲ့ လက်ဝတ်လက်စားတွေ တွေ့သွားတော့ ပစ္စည်းတွေပဲ ယူ
ပြီး သားအမိ နှစ်ယောက်ကို သတ်သွားတယ်။၊ နောက်ပိုင်း ဝတီက သရဲ ဘဝနဲ့ သူတို့ နှစ်ယောက်ကို ရှာပြီး လက်စားချေတာပေါ့။

မေး ။ ။ ဇာတ်ကားရိုက်တုန်းက ကြုံခဲ့ရတဲ့ အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။

ဖြေ ။ ။ အမှတ်တရကတော့ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ အရမ်းစီးတယ်။ တစ်ခုခု လုပ်တော့မယ်ဆို ကန်တော့ပွဲ အရင်ပေးပြီး လုပ်ရတယ်။ ဘုန်းကြီး တစ်ပါးကိုလည်း ရိုက်ကွင်းမှာ နေ့တိုင်း ပင့်ထားရတယ်။

မေး ။ ။ ခွန်းဆင့်ရှေ့မှာ ရိုက်ခဲ့တဲ့ မိုင်တိုင်၇၆သရဲကားဆိုလည်း အောင်မြင်တယ်လေ။ အခုလည်း သရဲကား 
ထပ်ရိုက်တော့ ပရိသတ်တွေက ကိုယ့်ကို ဇာတ်ရုပ် တစ်ခုတည်းနဲ့ ပုံသေမြင်သွားမှာ မစိုးရိမ်ဘူးလား။

ဖြေ ။ ။ ခွန်းဆင့်က အက်ရှင်နဲ့ ဒရာမာ ဇာတ်ကားတွေ အရိုက် များတယ်။ ရှေ့မှာ ရိုက်ထားတဲ့ မိုင်တိုင် ၇၆ ဇာတ်ကားက အောင်မြင် သွားတော့ ဒါရိုက်တာတွေကလည်း သရဲကား၊ ဂမ္ဘီရကားတွေ ရိုက်ရင် ခွန်းဆင့်ကို ငှားကြတယ်။ ဇာတ်ရုပ် တစ်ခုတည်းကို ပုံသေ မြင်သွားမှာကိုတော့မစိုးရိမ်ပါဘူး။သရုပ်ဆောင် တစ်ယောက်
က ဘယ်လို ဇာတ်ကောင် စရိုက်မျိုးပဲဖြစ်ဖြစ် ရတဲ့နေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ရင် ပရိသတ်က အားပေးမှာပဲလို့ ယုံကြည်ပါတယ်။

မေး ။ ။ ဒီဇာတ်ကားကို ပြည်ပမှာလည်း ပြဖို့ရှိတယ်လို့ သိရတယ်။ ဘယ်နိုင်ငံတွေမှာ ပြမှာလဲ။

ဖြေ ။ ။ ဒီဇာတ်ကားကို ပြည်ပမှာ ပြဖို့အတွက်ပါ ရည်ရွယ်ပြီး အရုပ်နဲ့ အသံပိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။အခုစင်ကာပူမှာပြဖို့ ဆင်ဆာတင်ထားတယ်။ ဆင်ဆာက တစ်လကြာမှာ ဆိုတော့ ကျတာနဲ
ပြမယ်။ နောက်ပြီး တခြား အလျဉ်းသင့်တဲ့ နိုင်ငံတွေ မှာလည်း ပြမယ်။ ဇာတ်လမ်းက ကော်ပီဆိုရင်တော့
ပြည်ပမှာပြဖို့ အဆင်မပြေဘူး။ အခုက ကိုယ်ပိုင်ဇာတ်လမ်း ဖြစ်တဲ့အတွက်သွားပြရင်မျက်နှာမငယ်ရဘူးပေါ့။

မေး ။ ။ မကြာခင်က ရုံတင်ပြသသွားတဲ့ ထိုင်းသရဲကား Pee Mak ဆို အရမ်း အောင်မြင်သွားတယ်လေ။ မြန်
မာနိုင်ငံမှာလည်း သရဲကားတွေ ရိုက်ကြပေမယ့် ထင်သလောက် ပရိသတ် လက်ခံအားပေးမှု မရတာ ဘယ်
အချက်တွေကြောင့်လို့ ထင်လဲ။

ဖြေ ။ ။ အဓိကကတော့ သရဲကားတွေ ရိုက်တဲ့နေရာမှာ ပရိသတ်တွေ စိတ်ဝင် စားစေမယ့် အနေအထားမျိုး
 ဖြစ်ဖို့က ရိုက်ကူးတဲ့ ဒါရိုက်တာတွေပေါ် မူတည်သလို ဇာတ်လမ်းပေါ်လည်း မူတည်တယ်။ သရဲကားဖြစ်ရင် ပြီးရောဆိုပြီး ရိုက်ကြတဲ့ တချို့တွေလည်း ရှိတာပေါ့လေ။ ခွန်းဆင့်ကတော့ ဇာတ်ကားရဲ့ Quality ကို ဦးစားပေးပြီး ရိုက်စေချင်တယ်။ သူတို့ စိတ်ဝင်စားမယ့် သူတို့ ခံစားမှုနဲ့ ထပ်တူဖြစ်နိုင်မယ့် ဇာတ်လမ်းမျိုးဆို ပရိသတ်တွေကတော့ အားပေးမှာပါ။

မေး ။ ။ ကျောက်ဆူး ဗီဒီယို ထုတ်လုပ်ရေးကနေ ဘယ်လို ဇာတ်ကားမျိုးတွေ ရိုက်ကူးသွားဖို့ရှိလဲ။

ဖြေ ။ ။ ခွန်းဆင့်တို့ ထုတ်လုပ်ရေးကရိုက်ကူးပြီးသွားတာဗီဒီယိုဇာတ်ကားအနေနဲ့ကတော့ကား ၃၀ လောက် 
ရှိပါပြီ။ ဒီနှစ်ထဲ မှာတော့ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ကားတွေ ရိုက်တဲ့နေရာမှာလည်း ပရိ
သတ် စိတ်ဝင်စားနိုင်မယ့် အထင်ကရဖြစ်စေမယ့် ဇာတ်ကားမျိုးတွေပဲ ရိုက်တယ်။ ဇာတ်ကား တစ်ကား ဖြစ်
ရင်ပြီးရော ပုံစံမျိုးနဲ့တော့ မရိုက်ဘူး။

မေး ။ ။ ဂီတဘက်မှာရော ဘာတွေ လုပ်ဖြစ်နေလဲ။

ဖြေ ။ ။ ဂီတဘက်မှာတော့ ခွန်းဆင့် နောက်ဆုံး ထွက်ထားတဲ့ ‘စာလာလာ မဖတ်နဲ့’ ဆိုတဲ့ စီးရီးကို ဗီစီဒီ ရိုက်
နေတယ်။ ဆယ်လပိုင်း အကုန်လောက်တော့ ထွက်ဖြစ်မယ်။ နောက် ခုနစ် လပိုင်း အကုန်လောက် မှာ အမေ
ရိကကို နှစ်လကြာ ဖျော်ဖြေရေးခရီး သွားဖို့ရှိတယ်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 3.7.2013