20.July.2026
စပိန်ဟာ လက်ရှိဥရောပချန်ပီယံလည်းဖြစ်ပြီး ကမ္ဘာ့ဖလားကို ၂၀၁၀ တုန်းက ဗိုလ်စွဲထားဖူးပါတယ်။ အခု ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ဗိုလ်စွဲတာလည်းဖြစ်ပါတယ်။
စပိန်ဂိုးသမား အူနိုင်းဆီမွန်ဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ စုစုပေါင်း ရှစ်ပွဲကစားပြီး တစ်ဂိုးပဲ ပေးခဲ့ရလို့ အကောင်းဆုံးဂိုးသမား ရွှေလက်အိပ်ဆုရှင်ဖြစ်လာပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးဂိုးသွင်းဘုရင်ဆု ရွှေဖိနပ်ဆုကိုကို ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက စုစုပေါင်း သွင်းဂိုး ၁၀ ဂိုးနဲ့ ထိပ်ဆုံးကနေ ဦးဆောင်ပြီး ဆွတ်ခူးသွားခဲ့ပါတယ်။
အမ်ဘာပေဟာ ဒုတိယနေရာက အာဂျင်တီးနား ဂန္ထဝင်ကြီး မက်ဆီထက် ၂ ဂိုးအသာစီးနဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာတော့ ရွှေဖိနပ်ဆုကို ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာ ကီလီယန် အမ်ဘာပေ တစ်ယောက်တည်းသာ ရှိပါတယ်။ 

ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ Golden Ball (ရွှေဘောလုံးဆု) ကို ရိုဒရီ
အကောင်းဆုံးလူငယ်ကစားသမားဆု (Best Young Player) ကို ပေါ် ကူဘာစီ တို့က ရယူနိုင်ခဲ့ပါတယ်။
စပိန်အသင်းကတော့ အသင်းလိုက်ချန်ပီယံဆုအပြင် တစ်ဦးချင်းအဓိကဆုကြီးတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တာပါ။။
Photo-Reuters









