Pages

Wednesday, April 3, 2013

ခေတ်ဟောင်း မင်းသမီးကြီး ဒေါ်နှင်းဆီကွယ်လွန်


မင်းသမီးကြီးဒေါ်နှင်းဆီသည် မတ်လ ၂၅ ရက် ည ၁ဝနာရီခွဲ အချိန် တွင် SSC အထူးကုဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရသည်။ပြည်သူချစ်အနုပညာရှင် မင်းသမီးကြီး ဒေါ်နှင်းဆီကွယ်လွန်သွား သည့်အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်း က ”ကျွန်တော်တို့အနုပညာ လောက ထဲ မရောက်ခင်ကတည်းက အရမ်း အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ပါ။
အခုလို ကွယ်လွန်သွား တဲ့အတွက် ကိုယ့်မိခင်တစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားရပါတယ်”ဟု ဝမ်းနည်းစကားပြောကြားသည်။ ကွယ်လွန်သူ မင်းသမီးကြီးဒေါ်နှင်းဆီ ၏ကျန်ရစ်သောရုပ်ကလာပ်ကို မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

 မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာရေးကူငွေ ကျပ်ခြောက်သောင်း နှင့် အလှူရှင်တစ်ဦးမှ ကူငွေကျပ် တစ်သိန်းတိတိကို ကျန်ရစ်သူမိသားစုအား ဦးဇင်ဝိုင်းမှတစ်ဆင့်လှူဒါန်းခဲ့ကြောင်း သိရသည်။

Popular Myanmar News, Rangonnewsdaily
RND:3.4.2013 

0 comments:

Post a Comment