20.January , 2026
ဘောရစ်ခ်က နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ဆောင်ချက်တွေကို ညှိနှိုင်းဖို့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဟိုဆေးအန်တိုနီယိုကက်စ်ထ်နဲ့ စကားပြောခဲ့တယ်လို့လည်း ကြေညာပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ အရေးပေါ်အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေဖို့နဲ့ ပြန်လည်တည်ဆောက်ရေးအစီအစဉ်တွေကို ညှိနှိုင်းဖို့ လာနေဒါ နန်းတော်မှာ တနင်္လာနေ့မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။
မနေ့က လေကြောင်းက မီးသတ်လုပ်ငန်းတွေ ဆက်လုပ်ခဲ့ပြီး မီးခိုးနဲ့ မီးတောက်တွေ သစ်တောတွေကနေ လူနေဇုန်တွေဆီ ရွှေ့နေတာကို ဒေသခံတွေက ကြည့်ရှုခဲ့ကြပါတယ်။
မိုဘိုင်းဖုန်းတွေမှာလည်း ဘေးလွတ်ရာရွှေ့ပြောင်းရေး အချက်ပေးသံတွေ မြည်နေပြီး လူတွေထွက်ပြေးနေချိန်မှာ အခွန်ကောက်ခံတဲ့ ဂိတ်တွေကို စွန့်ပစ်ထားခဲ့ပါတယ်။
ချီလီနိုင်ငံရဲ့ တောမီးရာသီဟာ မိုးခေါင်ရေရှားမှုအခြေအနေတွေ၊ စီးပွားဖြစ်ထင်းရှူးပင်နဲ့ ယူကလစ်ပင် စိုက်ခင်းတွေ တိုးချဲ့လာမှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း ပိုပြင်းထန်လာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မီးလောင်မှုတွေကြောင့် ဗယ်ပါရိုင်စို ဒေသမှာ လူ အယောက် ၁၃၀ ကျော် ေ-သဆုံးခဲ့ဖူးပါတယ်။
Photo: REUTERS/Juan Gonzalez







0 comments:
Post a Comment