Pages

Wednesday, July 11, 2012

မြန်မာနိုင်ငံမှ သစ်များကို တင်ဆောင်လာသော မော်တော်ဘုတ် (၁) စီး ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အနီး နစ်မြုပ်သွား


မြန်မာသစ်များ တက်ကနက်မြို့ ဘောင်တော် ဆိပ်ကမ်းတွင် စုပုံထားသည်ကို မြင်ရစဉ်။





အဆိုပါ မော်တော်ဘုတ်မှာ သစ်များကို တင်ဆောင်ပြီး တခြား မော်တော်ဘုတ် (၃) စီးနှင့် အတူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ဦးတည် ခုတ်မောင်းလာစဉ် ဇူလိုင်လ ၅ ရက်နေ့က စစ်တွေမြို့ မေယု မီးပြ အလွန်တွင် နစ်မြုပ်သွားခြင်း ဖြစ်သည်။

“ လူတွေက အသေအပျောက် မရှိပါဘူး။ တခြား သစ်ဘုတ်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ မော်တော်ဘုတ်သုံးစီးကတော့ အခု တက်ကနက် ဆိပ်ကမ်းကို ရောက်ရှိနေပါပြီ”  ဟု တက်ကနက် ဆိပ်ကမ်းမှ မြန်မာ စီးပွားရေးသမား ကိုမောင်ခင်နုက ပြောသည်။
တင်ဆောင်လာသော သစ်များ၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော်ဖိုးရှိကြောင်း ကိုမောင်ခင်နုက ပြောသည်။
“ တင်လာတဲ့ သစ်က ခန့်မှန်းခြေ ကျပ်သိန်း ၂၀၀၀ ကျော်ဖိုးရှိပါတယ်။ မော်တော်ဘုတ် မြုပ်တာက မိုးသက်လေပြင်းနဲ့ အတူ လိုင်းကြီးတဲ့ အတွက် မြုပ်သွားတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူကြောင့် နယ်စပ်ဒေသ တလျှောက်တွင်လည်း မတည်ငြိမ်မူများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလည်း တစ်လနီးပါးခန့် ရပ်ဆိုင်း  ထားခဲ့ရသည်။
ယခုနယ်စပ် ကုန်သွယ်ရေး ပြန်လည် စတင် ဖွင့်လှစ်ချိန်တွင် မြန်မာနိုင်ငံမှ သစ်တင် မော်တော်ဘုတ် နစ်မြုပ်သွားခြင်း ဖြစ်သည်။
Ref: နိရဉ္စရာသတင်းမီဒီယာ

0 comments:

Post a Comment