Pages

Wednesday, July 31, 2013

ပုလဲရတနာအကြောင်းသိကောင်းစရာ


RangonNewsDaily:: July 31, 2013

ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါး တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။

၂၀၁၄ ခုနှစ်တွင် ASUS ကုမ္ပဏီ ဖုန်းထုတ်မည်ဟုဆို


RangonNewsDaily:: July 31, 2013

နာမည်ကျော် ဟာ့ဒ်ဝဲ ပစ္စည်းများနှင့် ကွန်ပျူတာများ ထုတ်လုပ်သည့် ASUS ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဈေးကွက်အတွက် စမတ်ဖုန်းများကို ထုတ်လုပ်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီးက အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်သို့ ဘက်ဟမ်း သွားရောက်လည်ပတ်


RangonNewsDaily:: July 31, 2013

စပိန်သို့ ရောက်ရှိနေသည့်အသက်(၃၈)နှစ်အရွယ် ဘောလုံးသမားဟောင်းသည် သား(၃)ဦးကို ခေါ်ဆောင်ကာ ရီးယဲလ်အသင်း လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့သည်။

လက်ပံတောင်းတောင်ပြဿနာ နိဂုံးချုပ်ပြီလား စက်တင်ဘာတွင် ကြေးနီစီမံကိန်း ပြန်လည်စတင်မည်


RangonNewsDaily:: July 31, 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အ ထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကား လာမည့်စက်တင်ဘာတွင် ပြန်လည်စတင်တော့မည်ဖြစ်သည်။

မိန်းမစိတ်သဘောထား


RangonNewsDaily:: July 31, 2013

၁) မနှိုင်းနဲ့
“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်

မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်
ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

အီဂျစ်နိုင်ငံရေးတင်းမာမှုနှင့် ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများ အထွတ်ထိပ်သို့ရောက်

အီဂျစ်နိုင်ငံရေးတင်းမာမှုနှင့် ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများ အထွတ်ထိပ်သို့ရောက်

Kolatt :: July 31, 2013

စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန်@ မြင့်တက်လျက်ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြသည်။

အီဂျစ်တွင် စစ်တပ်အာဏာသိမ်း ပိုက်လိုက်ကာ ကြားဖြတ်အစိုးရ တင်မြှောက်လိုက်သည့် အချိန်မှစ၍ သမ္မတဟောင်း မော်စီနှင့် မွတ်ဆလင်ညီနောင်များ အဖွဲ့ ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအ ကြား ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက် မှုများ @အဆမတန် များပြားလာသောကြောင့် နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုမှာ လွန်စွာ ကြီးထွားလျက်ရှိသည်ဟု ယင်းကဏ္ဍတွင် ဖော်ပြထားသည်။

လက်ရှိအနေအထားတွင် မော်စီကို ထောက်ခံသူများက ၄င်းအာဏာပြန်လည် မရရှိသရွေ့ ကိုင်ရိုမြို့ တော်အရှေ့ ဘက်၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြမှုများကို စွန့်လွှတ်မည်မဟုတ်ကြောင်း တောင်းဆို ထားသည်။

တစ်ချိန်တည်းမှာပင် မော်စီကိုဆန့် ကျင်ပြီး စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူ အင်အားစုများကလည်း ဆန္ဒပြမှုများ ပြုလုပ်ကြရာ နှစ်ဖက်ထိပ်တိုက် တွေ့ဆုံကာ ပဋိပက္ခများဖြစ်ပွားသလို အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ပွားလျက် ရှိသည်။

နေစဉ်ရက်ဆက်နီးပါး ပေါ်ထွက်နေ သည့် အဆိုပါဖြစ်စဉ်များကြောင့် ကိုင်ရိုမြို့ တစ်မြို့ တည်းတွင်ပင် လူပေါင်း ဒါဇင်နှင့်ချီ ၍သေဆုံးခဲ့ပြီး@ ရာပေါင်းများစွာဒဏ်ရာရရှိ ခဲ့ကြသည်။

အီဂျစ်အစိုးရကလည်း မော်စီကို ထောက်ခံသူများအနေနှင့် ဆန္ဒပြမှုများကို အမြန်ဆုံးအဆုံးသတ်ရန် သတိပေးကြေ ညာထားရာ ဆူပူအကြမ်းဖက်မှုများပိုမိုဖြစ် ပေါ်မည့် အလားအလာများရှိနေသည်။

ယခုတစ်ပတ် တနင်္လာနေ့က CNN သတင်းဌာနနှင့် ပြုလုပ်သောအင်တာဗျူး တွင် အီဂျစ်ကြားဖြတ် ဝန်ကြီးချုပ် ဟာဇန် အယ်လ်ဘက်လာဝီက "ဟုတ်ပါတယ်၊ @အခြေအနေတွေက တင်းမာနေပါတယ်။ ကျွန်တော်တို့မှာ အင်မတန်ခက်ခဲတဲ့အခြေအနေ မျိုးဖြစ်နေတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင် မှာ မဟုတ်ပါဘူး" ဟု ပြောကြားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဆန္ဒပြမှုများ တစ်လနီးပါးခန့် ဖြစ်ပွားခဲ့သော် လည်း အစိုးရအနေနှင့် အခြေအနေများ @မူလအနေအထားအတိုင်း ပြန်လည်ရရှိနိုင် ရေးအတွက် အနည်းအကျဉ်းမျှသာ ကြိုးစား လုပ်ဆောင်နိုင်ကြောင်း ၄င်းကပြောကြား သည်။

လက်ရှိ အီဂျစ်နိုင်ငံ၏ အခြေအနေ မှာ ထိန်းမနိုင်သိမ်းမရပုံစံမျိုးဖြင့် ဖရိုဖရဲဖြစ် လျက်ရှိပြီး ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ် @အာဏာရှင်သမ္မတ ဟိုစနီမူဘာရက်အစိုးရ ကိုဖြုတ်ချသည့် လူထုဆန္ဒပြမှုကြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများကဆိုသည်။

အမေရိကန်ပြည်ထောင်စုကမူ အီ ဂျစ်နိုင်ငံသည် ချောက်ထဲကျလုဆဲဆဲ အခြေ အနေသို့ရောက်ရှိနေပြီး ယင်းအခြေအနေမှ အမြန်ဆုံး ပြန်လည်ဆုတ်ခွာရန် တိုက်တွန်း ပြောဆိုထားသည်။

The Voice

RangonNewsDaily:: July 31, 2013
စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန်@ မြင့်တက်လျက်ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြသည်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားကျောင်းသူများအနုပညာတင်ဆက် မှုအ တွက် ရုပ် ရှင်ဥက္ကဋ္ဌလူမင်းကူညီသင်ကြားပေး

ကိုမင်းကိုနိုင်နှင့် ကျောင်းသားကျောင်းသူများအနုပညာတင်ဆက် မှုအ တွက် ရုပ် ရှင်ဥက္ကဋ္ဌလူမင်းကူညီသင်ကြားပေး

Kolatt ::  July 31, 2013

“ယနေ့ ဇူလိုင်လ၊ ၃၁ ရက်က ရန်ကုန်မြို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့် လင်း အ ဖွဲ့အစည်း)ရုံး၌ ၂၀၁၃ ခုနှစ် သြဂုတ်လ၆/၇/၈ ရက်များတွင်@ ရန် ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိM C C ခန်းမ၌ သုံးရက်တိုင် တိုင် ကျင်းပမည့် 

ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအတွင်း တင်ဆက်မည်ဖြစ်သော အနုပညာတင်ဆက်မှု အတွက် မင်းကိုနိုင်နှင့်@ ကျောင်း သားကျောင်းသူများ ကြိုတင်ပြင်ဆင် လေ့ကျင့်လျှက်ရှိရာ 

ရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌသရုပ်ဆောင်ကိုလူမင်းလည်း ရောက်ရှိလာပြီးလေ့ကျင့်နေကြ သည့် ကျောင်းသားကျောင်းသူများကို@ သရုပ်ဆောင်မှုအပိုင်းနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီ သင်ကြားပြသပေးခဲ့သည်”ဟူ၍8888 silver jubileeဖေ့ဘုတ်ကသတင်းထုတ်ပြန်တင်ဆက်ထားပါသည်။

8888 silver jubilee

RangonNewsDaily:: July 31, 2013
“ယနေ့ ဇူလိုင်လ၊ ၃၁ ရက်က ရန်ကုန်မြို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်
ပွင့် လင်း အ ဖွဲ့အစည်း)ရုံး၌ ၂၀၁၃ ခုနှစ် သြဂုတ်လ၆/၇/၈ ရက်များတွင်@ ရန် ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိM C C ခန်းမ၌ သုံးရက်တိုင် တိုင် ကျင်းပမည့်

ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး

ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး

Kolatt :: July 31, 2013

မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှု မြင့်မားခြင်းကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ရေကြီးခြင်းနှင့် တောင်ကျ@ ချောင်းရေလျှံခြင်းများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်အထိ ရေပြန်ကျခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ရေကြီးမှုကြောင့် ဒေါက်ရပ်ကျေးရွာ မှ အသက် ၃၂နှစ် အရွယ်ရှိ ဦးသိန်းစိုး
ပျောက်ဆုံးလျက် ရှိကြောင်း ရေဘေး ဒုက္ခသည် ဒေါ်မြကြည် က ပြောကြားသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၄၇၆ လုံး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးကယ် ဆယ်ရေး စခန်းများ ၁၈ ခု ဖွင့်လှစ်ထားရကြောင်း၊ @ယင်းကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ဒုက္ခသည် ၁၈၉၅ ဦးရှိကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းက ရှင်းပြသည်။

ယင်းရေကြီးမှုကြောင့် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါး နစ်မြုပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ @ဘုန်းကြီးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေါက်ရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အေးက ပြောကြားသည်။

"ရေသံကြားလို့ အောက် ငုံ့ကြည့်လိုက်တော့ ရေတွေက တက်လာပြီ။ ကျွန်မ မြေးနှစ်ယောက်ကို ဆွဲပြီး ဘုန်းကြီး ကျောင်းကို ထွက်ပြေး တယ်။@ ရေတက်တာ တအားမြန်တော့ ခဏလေးပဲ။ ရင်ဘတ်ထိ ရေတွေ ရောက် လာတယ်" ဟု ရေဘေး ဒုက္ခသည်စခန်းမှ ဒေါ်မြကြည်က ရှင်းပြသည်။

အဆိုပါ ရေလွှမ်းမှုများကြောင့် ဘီးလင်းမြို့နယ်ရှိ လယ်ဧက ၄၀၀၀ ကျော် ရေ နစ်မြုပ်နေကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းဆိုသည်။

ယင်းရေလွှမ်းမိုးမှု ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ပေါ်တွင် ရေ မျက်နှာပြင် ငါးပေကျော် မြင့်တက်လာသဖြင့် ခရီးသည်ယာဉ် အစီး ၅၀၀ ကျော် သည် ၂၄ နာရီကြာ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း “ဝင်း” မှန်လုံယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice

RangonNewsDaily:: July 31, 2013
မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။

ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင်မရာ ယူဆောင်ခွင့် မပြုတော့

RangonNewsDaily:: July 31, 2013
ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်မှ မဟာဗောဓိ စေတီနှင့် နီပေါရှိလုဗ္ဗနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင် မရာ ယူဆောင်
ခွင့်မပြုတော့ကြောင်းသိရသည်။ ယခုလ ၇ ရက်နေ့တွင် ဗုဒ္ဓဂယာ၌ ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အိန္ဒိယသံရုံးမှ လုံခြုံရေးများ တိုးချဲ့လိုက်ပြီး နေရာတိုင်းတွင် သတ္တုရှာဖွေ သည့်စက်များ ပိုမိုတပ်ဆင်ထား
 ကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း ကာမိုင်း-မအူပင်ကြား ကုန်ကားတစ်ရာကျော် ပိတ်မိနေ

ဖားကန့်မြို့သို့သွားသည့် ကာမိုင်း-မအူပင်လမ်းတွင် လမ်းပျက်စီးမှုကြောင့် ယာဉ်များပိတ်မိနေသည်ကို တွေ့ရစဉ်
RangonNewsDaily:: July 31, 2013

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ သွားရာလမ်းပိုင်း ကာမိုင်း-မအူပင်ကြားတွင် ကုန်ကားတစ်ရာကျော် ဇူ
လိုင်၂၈ ရက် ညနေ ၃ နာရီမှ စတင်ပြီး ပိတ်မိနေကြောင်း သတင်းရရှိသည်။ ကာမိုင်း-မအူပင်ကြားတွင် ကုန်
ကားကြီးများမှာ ၄င်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုနိုင်ပြီး ကားငယ်များမှာ ၄င်းလမ်းအပြင်က ထန်ယန်
ပတ်လမ်းကို အသုံးပြုပြီး သွားနေရသည်။

ဇလွန်မြို့ ၁၅၀၀ တန်ဆင်းကတ် သုံးထောင်ကျော် ပထမဆုံး ခွဲတမ်းရ

RangonNewsDaily:: July 31, 2013

ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ဇူလိုင်လမှ စတင်၍ ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ် သုံးထောင်ကျော် ပထမဆုံး ရောင်းချခဲ့ကြောင်း ဒေသခံ များက ပြောကြားသည်။

ဗဟိုဘဏ်ဥက္ကဌနဲ့ ဒုဥက္ကဌသစ်တွေကို လွှတ်တော်က အတည်ပြု

RangonNewsDaily:: July 31, 2013

နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌ (၃) ဦးကို ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုလိုက်ပါတယ်။

` ထားဝယ်စီးပွားရေးဇုန် ပင်မကုမ္ပဏီအဖြစ်ဆောင်ရွက်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီအား ရုပ်သိမ်းမည် ´


RangonNewsDaily:: July 31, 2013
၂ဝဝ၈ ခုနှစ်တွင် မြန်မာအစိုးရနှင့် အီတာ လျံ- ထိုင်းကုမ္ပဏီတို့ စတင်အကောင်အထည် ဖော်ခဲ့သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီအား Developer အနေဖြင့် လုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုတော့မည် မဟုတ် ကြောင်းထားဝယ်အထူးစီးပွားရေးဇုန်နှင့်ဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဟွမ်းစ်ဒေသအနီး နေရာများကို ဆီရီးယားစစ်တပ် ပြန်လည်သိမ်းပိုက်

RangonNewsDaily:: July 31, 2013

တနင်္လာနေ့က အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များသည် နိုင်ငံ အနောက်ဘက် အလယ်ပိုင်းဒေသရှိ မဟာဗျူဟာကျသော ဟွမ်းစ်ဒေသ၏ အစွန်အဖျားတို့တွင် ဆုတ်ခွာပေးခဲ့ရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်ရှိ ကမ်းနားဇုန်တွင် အသစ်ဆောက်မည့် အဆောက်အအုံများကို အမြင့်ပေ ကန့်သတ်သွားရန် စီစဉ်နေ

7.28.18
ကမ်းနားလမ်းတွင် ဆောက်လုပ်ထားသည့် အထပ်မြင့် အဆောက်အအုံ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

RangonNewsDaily:: July 31, 2013
ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်ရှိ ကမ်းနားဇုန်တွင် အသစ်ဆောက်မည့် အဆောက်အအုံများအား အမြင့်ပေ ကန့်သတ်ချက် ထုတ်ပြန်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုရန် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှကားများ တင်သွင်းခွင့်ပြုထားပြီး ကားအချို့ စတင်ရောက်ရှိ

AA-31-7
ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုပြီး ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများကို တွေ့ရစဉ်

RangonNewsDaily:: July 31, 2013
အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှ ကားများတင်သွင်းခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား

DD-31-7
ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်

RangonNewsDaily:: July 31, 2013
ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၄)

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၃)

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၂)

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၁)

RangonNewsDaily:: July 31, 2013

သူ့ကိုတော့ "အင်တာနက်ပေါ်ကစစ်သား" ဆိုပြီး အများကလက်ခံထားပါတယ်။ူ့နံမည်က
Jonathan Jamesပါ။ အဲဒီနာမည်နဲ့လိုက်အောင်ပဲ သူဟာအသက် ၁၅နှစ်အရွယ်မှာပဲ အမေရိကန်ကာကွယ်ရေးဌာနနဲ့ နာဆာ တို့ရဲ့ Network တွေကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သူလိုချင်တဲ့အချက်အ လက်ပေါင်းများစွာကို ယူခဲ့ပါတယ်။ သူဖောက်ထွင်းဝင်ရောက်ပြီး ရရှိခဲ့တဲ့အချက်အလက်တွေအားလုံးရဲ့တန်ကြေးဟာ အမေရိကန်ဒေါ်လာ ၁.၇ သန်းကျော်တန်ဖိုးရှိခဲ့ပါတယ်။

စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ဗဟိုပြု၍ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေ

စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ဗဟိုပြု၍ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေ

Kolatt :: July 31, 2013

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်း လာရာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး

 အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တား မြို့၏ တောင်၊ အရှေ့တောင်ဘက် မိုင်(၂၄၀)ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့် အကွာတွင် ပင်လယ်ပြင်ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ (၃၀-၇-၂၀၁၃) ရက်နေ့ ညနေ (၆)နာရီတွင် သတင်းထုတ်ပြန်ထားပါသည်။

www.mrtv.gov.mm/news/local

> MRTV <

RangonNewsDaily:: July 31, 2013
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်း လာရာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး

မပ်စ်ဂျစ်ဒေဟရာမ်ဝတ်ကျောင်းတော်ပြင်ဆင်မှု တစ်ခြမ်းပြီးစီးပြီ

မပ်စ်ဂျစ်ဒေဟရာမ်ဝတ်ကျောင်းတော်ပြင်ဆင်မှု တစ်ခြမ်းပြီးစီးပြီ

Kolatt :: July 29, 2013

မပ်စ်ဂျစ်ဒေဟရာမ် ၀တ်ကျောင်းတော်၏ ပြင်ဆင်မှု တစ်ခြမ်းပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ဆော်ဒီဘုရင်မင်းမြတ် အဗ်ဒွလ္လာဟ်ဗင်န်အဗ်ဒွလ်အဇီးဇ်က လမြတ်ရမသွာန် ၌ အွမ်ရဟ်ပြုလုပ်ရန်လာရောက်ကြသူများလွယ်ကူရန်အတွက် ပြီးစီးသွားသောအစိတ်အပိုင်းများကို အမြန်ဆုံးဖွင့်လှစ်ပေးရန်မိန့်ကြားကြောင်း urdunews.com ၌ ဆော်ဒီသတင်းဌာနကို ကိုကားပြီးဖော်ပြထားသည်။

“ဟရာမ်ကျောင်းတော် တိုးချဲ့ဆောက်လုပ်ရာမှာ မြေအောက်ထပ်၊ ပထမထပ်၊ မြောက်ဘက်အတွင်းပိုင်း၊ အနောက်ဘက်နဲ့ တောင်ဘက်ဝရန်ဒါတွေ ဆောက်လုပ်ပြီးစီးသွားပါပြီ။ 

ဒီ့အတွက် အွမ်ရဟ်လုပ်သူတွေအတွက် နေရာပိုမိုရရှိသွားပါတယ်၊ ကျန်ရှိနေတဲ့ အထပ်တွေနဲ့ မြေအောက်သန့်စင်ခန်းတွေလည်း မကြာမီပြီးစီးပါတော့မယ်။ 

အဲ့ဒီ့နေရာတွေပြီးသွားရင် လူ 80000 အတွက် နေရာထပ်မံထွက်လာလိမ့်မယ်။ လက်ရှိအခြေအနေအရ အပေါ်ထပ်တွေကို တက်ဖို့ ဓာတ်လှေကားတွေကိုလည်း အလျင်အမြန်တပ်ဆင်နေကြပါတယ်။ 

လျှပ်စစ်မီးတွေ၊ စပီကာတွေနဲ့ ကင်မ်ရာတွေကိုလည်း တပ်ဆင်နေပါတယ်” ဟု တည်ဆောက်ရေးတာဝန်ခံတစ်ဦးကပြောကြားခဲ့သည်။

ထို့အပြင် မသန်စွမ်းသူများအတွက် ၀ှီးချဲနှင့်သွဝါးဖ်လုပ်နိုင်ရန် ကအ်ဗဟ်ကျောင်းတော်အနီး၌ ယာယီအ၀ိုင်းပတ်တစ်ခု ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်းလည်း သိရှိရသည်။

http://almezan-mm.blogspot.com/

RangonNewsDaily:: July 31, 2013
မပ်စ်ဂျစ်ဒေဟရာမ် ၀တ်ကျောင်းတော်၏ ပြင်ဆင်မှု တစ်ခြမ်းပြီးစီးသွားပြီဖြစ်ကြော
င်းနှင့် ဆော်ဒီဘုရင်မင်းမြတ် အဗ်ဒွလ္လာဟ်ဗင်န်အဗ်ဒွလ်အဇီးဇ်က လမြတ်ရမသွာန် ၌ အွမ်ရဟ်ပြုလုပ်ရန်လာရောက်ကြသူများလွယ်ကူရန်အတွက် ပြီးစီးသွားသောအစိတ်အပိုင်းများကို အမြန်ဆုံးဖွင့်လှစ်ပေးရန်မိန့်ကြားကြောင်း urdunews.com ၌ ဆော်ဒီသတင်းဌာနကို ကိုကားပြီးဖော်ပြထားသည်။

ကြော်ငြာအားအရမ်းကောင်းပြီးဝန်ဆောင်မှု ညံ့ဖျင်းတဲ့ JAS မြန်မာဖုန်း

RangonNewsDaily:: July 29, 2013

JAS မြန်မာဖုန်း ဝယ်မသုံးကြနဲ့ ကျွန်တော့်လိုခံစားသွားရလိမ့်မယ်လွန်ခဲ့တဲ့တစ်ပတ်လောက်က JAS
 မြန်မာဖုန်း ကို အင်တာနက် ဖွင့်မရလို့ လွစ္စလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်က iPay ရုံးချုပ်ကို သွားပြတာ စာရေးမကအမျိုးမျိုးလုပ်ကြည့်တယ် မရတော့ service ကိုပို့တယ် စောင့်တယ် -----

Tuesday, July 30, 2013

သောင်ရင်းမြစ်ရေလျှံမှုကြောင့် မြ၀တီမြို့ဧရိယာထက်ဝက်ခန့် ရေမြုပ်နေ

RangonNewsDaily:: July 29, 2013

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ သောင်းရင်းမြစ်မှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်သွားသဖြင့် မြ၀တီမြို့၏ ဧရိယာ ထက်ဝက်ခန့် ရေကြီးနေပြီး လူဦးရေငါးထောင်ကျော် ရေဘေးကြုံနေရသည်ဟု ရေဘေး ကြုံရသူများကို လိုက်လံကူညီပေးနေသည့် အဖွဲ့များက ပြောသည်။

လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား (သတင်းအပြည့်အစုံ)

လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်မှု ၈-လပြည့် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ


RangonNewsDaily:: July 30, 2013
ရန်ကုန် ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲံသော ဒေသခံများနှင့် သံဃာတော်များအား ၂၀၀၉-ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ရာ ယနေ့တွင် ၈-လပြည့်မြောက်ပြီဖြစ်သော်လည်း အကြမ်းဖက် ဖြိုခွင်းသူများအား တာဝန်ရှိသူများက@ ဖော်ထုတ်ပေးမှုမရှိသေးသောကြောင့်
တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ၂၀၁၃-ခု ဇူလိုင်လ (၂၉)ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည် ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို

ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည်
ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို

Kolatt:: July 30, 2013

ဇူလိုင် ၂၂ ရက်က စတင်ပြတ်တောက်ခဲ့သည့် Sea Me We 3 ရေအောက်အင်တာနက်ဖိုင်ဘာဆက် ကြောင်း ပြင်ဆင်မှုတွင် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းကို ပြင်ဆင်ချိတ်ဆက်နေပြီဖြစ်ရာ ပြင် ဆင်ပြီးပါက အင်တာနက်မြန်နှုန်း@ ပြန်လည်ကောင်း၊ မကောင်းကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မူလက ထုတ်ပြန်ရာတွင် Sea Me We 3 အင်တာနက်ဆက်ကြောင်း မှာ ရေအောက်တွင် ပြတ်တောက်နေသည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ ကုန်းတွင်းတွင် တွေ့ရှိ @ရသောကြောင့် ပြင်ဆင်မှုများကို ဇူလိုင်စတုတ္ထပတ်အတွင်းက စတင်ခဲ့သည်။ ပြင်ဆင်မှုသည် နှစ်ပတ်ခန့်ကြာ မြင့်ဖွယ်ရှိပြီး ပြင်ဆင်ပြီးနောက် အင်တာနက်မြန်နှုန်း ပြန်လည်မြင့်တက်လာပါက ပင် လယ်ရေအောက်ကေဘယ်လ်ဆက်ကြောင်းကို ပြင်ဆင်ရန် စစ်ဆေးရန်မလိုတော့ဟုလည်း အင်ဂျင်နီ ယာချုပ်က ပြောသည်။

ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ ဖျာပုံနားမှာရှိတဲ့ ကုန်းတွင်းပိုင်းအင်တာ နက်ဆက်ကြောင်းကေ ဘယ်လ်ကြိုးတွေကို ပြန်လည်ပြင် ဆင်ချိတ်ဆက်နေ တယ်။ အဲဒီဆက်ကြောင်း@ ပြင်ဆင်ချိတ်ဆက်ပြီး ရင်တော့ အင်တာနက်မြန်နှုန်း ကို စောင့်ကြည့်မယ်။ စောင့်ကြည့်လို့ အင်တာနက်မြန်နှုန်း ပြန်ကောင်း လာမယ်ဆိုရင် ရေအောက်ကေဘယ်လ်ဆက်ကြောင်းတွေဘက်မှာ ဘာပြဿနာမှမရှိနိုင်တော့ဘူး”ဟု ပြောသည်။

ကုန်းတွင်းအင်တာနက်ကေဘယ်လ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဖျာပုံမြို့မှ နှစ်မိုင်တစ်ဖာလုံ နှင့် နှစ် မိုင်ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း မြေအောက်တွင်မြုပ်ထားသော @ပါဝါကေဘယ်လ်ကြိုးပေါက်ပြီး ပါဝါယိုစိမ့်မှု (Leakage) ဖြစ်ပေါ်နေသည့်အတွက် ပါဝါကေဘယ်လ်ကြိုး အရှည်မီတာ ၅၀၀ ကို အစားထိုးပြုပြင်နေပြီး ပြင်ပ ဆက်သွယ်ရေးဌာနက ကြီးကြပ်ပြုပြင် နေခြင်းဖြစ်သည်။

၎င်းက ဆက်လက်၍ “ပြည်တွင်းက အင်ဂျင်နီယာအဖွဲ့တွေနဲ့ ကုန်းတွင်း ဆက်ကြောင်း ပြင်ဆင်နေ တယ်။ စင်ကာပူက SEA ME WE-3 ကေ ဘယ်လ်ပြုပြင်ရေး အဖွဲ့ကတော့ မလာသေးဘူး။ စောင့်ကြည့် နေတယ်။ ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်စမ်းသပ်ပြီးလို့ မကောင်းသေးဘူးဆိုမှ အဲဒီအဖွဲ့ကနေလာပြီး ရေအောက်ဆက်ကြောင်းကို ထပ်မံစစ်ဆေးမှု ပြုလုပ် မှာပါ”ဟု ပြောသည်။

အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်း နှေးကွေးမှု များ ဖြစ်ပေါ်နေပြီး အင်တာနက် အဓိကထား@ အသုံးပြုနေသည့် အိုင်တီကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများမှာလည်း အခက်အခဲ များရှိနေသည်ဟု ဆိုကြသည်။

ပြည်တွင်းတွင် SEA ME WE-3 ရေအောက်အင်တာနက်ဆက်ကြောင်းကို အဓိကသုံးစွဲနေရပြီး ယင်း ဆက်ကြောင်းကို အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက ချိတ် ဆက်အသုံးပြုနေ သည်။ မြန်မာနိုင်ငံအနေဖြင့် SEA ME@ WE-3 ရေအောက်ကေဘယ်လ် ဆက်ကြောင်း အပြင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းနှင့် ဂြိုဟ်တုဆက်ကြောင်းများကို သုံးစွဲနေသည်။

ထို့ပြင် SEA ME WE-3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်မှု များ ဖြစ်ပွားပါက အသုံးပြုနိုင်ရန် အတွက်လည်း SEA ME WE-5 အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ရန် ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်နေသည်။

မဇ္ဈိမ

RangonNewsDaily:: July 30, 2013
ဇူလိုင် ၂၂ ရက်က စတင်ပြတ်တောက်ခဲ့သည့် Sea Me We 3 ရေအောက်အင်တာနက်ဖိုင်ဘာဆက် ကြောင်း
ပြင်ဆင်မှုတွင် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းကို ပြင်ဆင်ချိတ်ဆက်နေပြီဖြစ်ရာ ပြင် ဆင်ပြီးပါက အင်
တာနက်မြန်နှုန်း@ ပြန်လည်ကောင်း၊ မကောင်းကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။

ရာသီကုန်တွင် နေပြည်တော်အသင်း စပိန်သွားမည်

RangonNewsDaily:: July 30, 2013

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း နေပြည်တော်အက်ဖ်စီအနေဖြင့် ယခုနှစ် ဘောလုံးရာသီအကုန်တွင် စပိန်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်ကြောင်း ဒု-ဥက္ကဋ္ဌ ဦးစိုးသီဟကမဇ်္ဈိမသို့ အတည်ပြု ပြောကြားသည်။

လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား

လပြည့်ဝန်းပလာဇာတွင် ယနေ့မီးလောင်မှုဖြစ်ပွားပြီးခဲ့ကြောင်းသတင်းရရှိပါသည်။

၁၂ ဘီးယာဉ်နှင့် ကွန်ကရစ်သယ်ယာဉ်တိုက်


RangonNewsDaily:: July 30, 2013

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကမ်းနားလမ်းသစ်တွင် ဇူလိုင်လ ၂၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က ၁၂ ဘီးယာဉ်နှင့် ကွန်ကရစ် သယ်ယာဉ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ယာဉ်တိုက်မှုကို စစ်ဆေးသည့် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

အမှတ် (၂၂၆)ယာဉ်လိုင်းမှ တိုက်ပြီးအငှားယာဉ်နှင့် ချိတ်ပါကာ အမည်မသိအမျိုးသား သေဆုံး

RangonNewsDaily:: July 30, 2013

၂၉.၇.၂၀၁၃ ရက်နေ့ ၁၉၀၅ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းအတိုင်း၊ လသာမြို့နယ်ဘက်မှ ပန်းဘဲတန်းမြို့နယ်
ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော အမှတ်(၂၂၆)
ယာဉ်လိုင်းမှ ၇ခ/---- FUSO အမျိုးအစားခရီးသည်တင်ယာဉ်သည် ၂၇လမ်းနှင့် ကုန်ဈေးတန်းလမ်းကြားအရောက်မြောက်မှတောင် သို့လမ်းဖြတ်ကူးသူ အမည်မသိ၊အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးအားတိုက်မိရာ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်း ပါဝင်သော နေအိမ်များ မိမိဆန္ဒအရ ပြောင်းရွှေ့နိုင်

RangonNewsDaily:: July 30, 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းပါဝင်သော နေအိမ်များ
အနေနှင့် မိမိဆန္ဒအရသာ ပြောင်းရွှေ့နိုင်သည်ဟု ထားဝယ်အထူးစီးပွားရေး
ဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ သူရဦးသောင်းလွင်က ပြောသည်။ တနင်္သာရီ
တိုင်းဒေသကြီး ထားဝယ်ခရိုင် နဘူးအိုင်ကျေးရွာတွင် အကောင်အထည်
ဖော်မည့် စီမံကိန်းဧရိယာထဲ၌ မူလက ရွာ(၂၀)ပြောင်းရွှေ့ရန် ပါဝင်သော်
လည်း ယခုအခါ (၆)ရွာသာပြောင်းရွှေ့ရတော့မည်ဟု သိရသည်။

ဘရာဇီးလ်ကမ်းခြေတွင် ပုပ်ရဟန်းမင်းကြီးကို ကြိုဆို သူ ၃ သန်းခန့် စုရုံးခဲ့


RangonNewsDaily:: July 30, 2013

တနင်္ဂနွေနေ့က စုရုံးမှုသည် ဘရာဇီးလ် နိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သော ကိုပါကာဘာနာတွင် အကြီးမားဆုံး လူသူ စုရုံးမှု အဖြစ်လည်း စံချိန်တင်ခဲ့သည်။

ပျက်စီးသွားသည့် လားရှိုးဗလီ ပြန်လည် ပြုပြင်ပေးရန် တောင်းဆို

RangonNewsDaily:: July 30, 2013

လားရှိုးမြို့တွင် မေလ၂၈ရက်က ပဋိပက္ခများအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အစ္စလမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီကို အစိုးရက ပြန်လည်ပြုပြင်ပေးရန် ဗလီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်အောင်က ဇူလိုင်လ၂၈ ရက်တွင် တောင်းဆိုလိုက်သည်။

ကညနက ယာဉ်အို၊ ယာဉ်ဟောင်းလက်မခံမှုကြောင့်ရန်ကုန်တွင် ယာဉ်ဟောင်းများဖြင့်သာ ပြေးဆွဲနေရဟုဆို


RangonNewsDaily:: July 30, 2013

ရန်ကုန်မြို့ တွင်းပြေးဆွဲနေသော ဘတ်စ်ကား ယာဉ်အို၊ ယာဉ်ဟောင်းများနေ ရာတွင် ကားအသစ်များဖြင့်အ စားထိုးပြေးဆွဲလိုသော်လည်း ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနမှ ပြောင်းလဲအပ်နှံခွင့်မပြု ခြင်းကြောင့် ယာဉ်ဟောင်းများဖြင့် သာ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း မထသဌာနခွဲ(၇)မှ ယာဉ်ပိုင်ရှင် ဦးမင်းဇော်က ပြောသည်။

ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေးမြေဈေး သုံးဆခန့်ခုန်တက်

RangonNewsDaily:: July 30, 2013

ဧရာဝတီမြစ်ကူးတံတား ဖွင့်ပြီးနောက် ရွှေဘို အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ရွှေဘို-ကျောက်မြောင်း ကားလမ်း

ဘေးတစ်လျှောက်ရှိ မြေကွက်ဈေးသုံးဆခန့် မြင့်တက်သွားကြောင်း ရွှေဘိုမြို့အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း
မှ သိရသည်။

ရွှေတိဂုံစေတီတော်တွင် မီဒီယာများ ဓာတ်ပုံသတင်းမှတ်တမ်းယူရန် နေရာ(၅)နေရာသတ်မှတ်...

RangonNewsDaily:: July 30, 2013

ရွှေတိဂုံဘုရားသို့ လာရောက်မည့် ပြည်ပဧည့်သည်တော်တစ်ဦး၏ဂါရ၀ပြုအစီအစဉ်အရ ရင်ပြင်တော်ပေါ်

တွင် သတင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးလိုသော မီဒီယာများအတွက် ဇူလိုင်လ(၃၀)ရက်နေ့က သီးသန့်ရိုက်ကူး
နိုင်ရန် နေရာ(၅)နေရာကို အကြမ်းဖျင်း သတ်မှတ်ပေးထား ကြောင်း သိရှိရသည်။

မြဝတီမြို့နဲ့ မဲဆောက်မှာ မိုးအဆက်မပြတ်ရွာပြီး ရေကြီး

အသက်လိမ်ထားသည့် ကစားသမားများတွေ့ပါက ယူ-၁၉ နည်းပြအဖွဲ့ကို အရေးယူမည်ဟု ဦးဇော်ဇော် သတိပေး

RangonNewsDaily:: July 29, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ယူ-၁၉ အသင်းအုပ်ချုပ်သူများ၊ နည်းပြများအနေဖြင့် မိမိအား ယုံကြည်သဖြင့် ပေးအပ်ထားသည့်တာဝန်ကို အပြည့်အ၀ယူကြရန်နှင့် အသင်းအတွင်း အသက် လိမ်ထားသည့် ကစားသမားများ တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သတိပေး ပြောကြားလိုက်သည်။

နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား ညီလာခံတစ်ရပ်ကို ချင်းမိုင်မှာ ကျင်းပ

RangonNewsDaily:: July 29, 2013

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ တိုင်းရင်းသားညီလာခံတစ်ရပ်ကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မနက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်းရပ်ကွက်ရှိ ( မဒ်ရစဟ် မိုဟမ္မဒီယာ ) အာရဗီကျောင်း၏ ကျောင်းအုပ်ဆရာကြီး အလ်ဟာဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် ဇကရီယာ ဆွာဟစ်ဗ် (မိုအီနီ) အလ္လာအသျှင်မြတ်အမိန့်တော်ခံယူ

RangonNewsDaily:: July 29, 2013

မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များရဲ့ တန်ဖိုးကြီးမားလှတဲ့ ခေါင်းဆောင် ဆရာတော်ကြီးတစ်
ပါးဖြစ်တဲ့အသက် (၆၈)ကျော်အရွယ်ဟဇရသ် အလ်ဟာဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် ဇကရီယာ
ဆွာဟစ်ဗ် (မိုအီနီ) رَحْمَةُ اللهِ عَلَيْهِ သည်( ဟစ်ဂျရီ ၁၄၃၄ ခုနှစ်၊ ရမဿွာန်လ ၁၉ ရက် )
၂၉.၇.၂၀၁၃ (တနင်္လာနေ့) ဇဟိုရ်အပြီးတွင် အလ္လာဟ့်အမိန့်တော် ခံယူသွားကြောင်း ၀မ်းနည်းကြေ
ကွဲစွာဖြင့် ပရိတ်သတ်သို့ အသိပေးကြေငြာအပ်ပါသည်။

သားစိုး၏ “အာလူး၊ သာကူး၊ နှာဘူးနှင့် ဂန်ထူး” စီးရီးစက်တင်ဘာထွက်ရှိမည်

RangonNewsDaily:: July 29, 2013

သားစိုး၏ ယခင်ကထုတ်ဝေခွင့် ပိတ်ပင်ခြင်းခံထားရသည့် တေးသီချင်းများ ပါဝင်သည့် တေးစီးရီးကို စက် တင်ဘာလတွင် ထွက်ရှိတော့မည်ဖြစ်သည်။ ယင်းစီးရီးကို “အာလူး၊ သာကူး၊ နှာဘူးနှင့် ဂန်ထူး”ဟု အမည်ပေးထားပြီး တေးသီချင်း ၂၀ ကျော် ပါဝင်မည်ဖြစ်သည်။

ဘ၀မှာ အောင်မြင်မှု ရရှိဖို ပူးပေါင်းလုပ်ဆောင်မှုတွေမှာ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်း ၅ချက်

စမတ်ဖုန်း ဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တဲ့ Nokia Lumia 925

Apple iPad ပညာရေးအတွက် ပူးပေါင်း ဆောင်ရွက်

မြစ်ရေကြီးမှုအခြေအနေသတင်း

RangonNewsDaily:: July 29, 2013

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ (၁၃:၀၀)နာရီ အချိန် ထုတ်ပြန်ချက်) သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂၈-၇-၂၀၁၃)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်(၁၀၇)စင်တီမီတာ (၃-ပေခွဲခန့်) ကျော်လွန်နေ ပါသည်။

ရန်ကုန်နှင့် နေပြည်တော်ပွဲများ ချန်ပီယံ ဖြစ်ရေးအတွက် အရေးပါ

မြေငလျှင်သတင်း (Update::)

၂၉.၇.၂၀၁၃ရက်တနလာင်္နေ့

ညပိုင်း၁၁းဝဝနာရီ၁၂မိနစ်ခန့်တွင်ငလျင်လှုပ်သွားကြောင်းသိရှိရပါသည်ဖြစ်သည့်နေရာမှာ

မန္တလေးမြို့ဖြစ်သည်.. ငလျင်လှုပ်သွားခြင်းမှာနှစ်ခါဖြစ်ပြီး တစ်ခါကိုတစ်မိနစ်ပဲခြားကာအသံပါ ပါပြီးလှုပ်ခတ်သွားကြောင်း သိရှိရပါသည်...

Monday, July 29, 2013

သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကျူလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ၃၇ သိန်းကျော်ဖိုး ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက်လှူဒါန်း

ရန်ကုန် ။ ။ ကျောက်ကပ်ရောဂါများကို ကုသရာတွင် အသုံးပြုသော ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက် တန်ဖိုးငွေ – ၃၇၃၈၁၀၀ိ/ – ( ကျပ်သုံးဆယ့် ခုနှစ်သိန်း သုံးသောင်း ရှစ်ထောင့် တစ်ရာကျပ်) တန်ဖိုးငွေကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးသို့ ရန်ကုန်မြို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဇူလိုင်လ ၂၅-ရက်၊ နေ့လယ် (၂)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

နိင်ငံတော်အလိုကျ လှုပ်ရှားရမည့် ဘာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တွင်ပါဝင်ရန် အစ္စလာမ်ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား သံအမတ်ပောာင်းက နေအိမ်ခေါ်ကာ အနုနည်းဖြင့် ခြိမ်းခြောက်

 ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး အတွင်းပိုင်းမြင်ကွင်း
RangonNewsDaily:: July 28, 2013
"ဘာသာပေါင်းစုံအဖွဲ့ကို သမ္မတက အားပေးချီးမြှောက်နေတာ၊ ဒီလိုအဖွဲ့မှာ မပါရင် လူပုဂ္ဂိုလ်ရော အဖွဲ့အစည်းအတွက်ပါ ကောင်းမကောင်းစဉ်းစားပါ လို့ကျွန်တော်တို့ကို သံအမတ်ကြီးဦးလှမောင်က သူ့အိမ်မှာ အနုနည်းနဲ့ခေါ်ပြီးချိန်းခြောက်တယ် ပာု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတစ်ခုမှ အမည်မဖေါ်လိုသူ ပုဂ္ဂိုလ်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ပြောသည်။

ဟရမ်နယ်နိမိတ်တိုးချဲ့သဖြင့်ဟဂ်ျခွဲတမ်းများ တပြေညီနှစ်ဆယ်ရာခိုင်နှုန်းလျော့ချ

RangonNewsDaily:: July 28, 2013

ဆော်ဒီဟဂ်ျဝန်ကြီးဌာနကနေ မကာလ်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတာကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဟဂ်ျလူဦးရေခွဲတမ်းတွေကို နှစ်ဆယ်ရာခိုင်နှုန်း လျော့ချလိုက်တယ်လို့သတင်းရရှိပါတယ်။

နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများ၏ အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းခြင်း

RangonNewsDaily:: July 28, 2013
>>> အားလုံးပဲ မင်္ဂလာပါ။
ကျနော်တို့သည် နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသား/သူများဖြစ်ကြပါတယ်။ ကျနော်တို့ပြောကြား
သမျှ ယခု အကြောင်းအကြားများသည် အမှန်တရားများသာဖြစ်ကြပါတယ်။ကျနော်တို့သည်အမှန်တရားကို
ချစ်မြတ်နိုးသလို အမှန်တရားကိုချပြစေလိုသည့် အတွက် ယခုလို သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ပြောဆို
ရှင်းလင်းခြင်းဖြစ်ပါတယ်။

(Weather Update::)တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာတော့မည့် INVEST-91W

RangonNewsDaily:: July 28, 2013

ဇူလိုင်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းဆဲလ် INVEST-91W သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းအား ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။

Sunday, July 28, 2013

မြောက်ကိုရီးယား၏ အကြီးမားဆုံး စစ်ရေးပြပွဲပြုလုပ်


RangonNewsDaily:: July 28, 2013

ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းစေခဲ့သော အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုသည့် နှစ် (၆၀) မြောက်အထိမ်းအမှတ်အဖြစ် အကြီးမားဆုံး စစ်ရေးပြ အခမ်းအနားတစ်ရပ်ကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်နေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဂန့်ဂေါ-ကလေး- ဟားခါးလမ်း သုံးထပ်ကွေ့ အဆင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား တစ်ဦးသေဆုံး

RangonNewsDaily:: July 28, 2013

မန္တလေးမြို့မှ မောင်းနှင်လာသည့် ယာဉ်အမှတ် ၆ခ (Trans- porter) အပြာရောင် ၁ဝ ဘီးကားသည် ဟားခါးမြို့နယ် ဘုံးဖုံသို့ မြေထိုးစက်ပို့ ပြီး
အပြန်လမ်း ဂန့်ဂေါ-ကလေး-ဟားခါးလမ်း မိုင်တိုင်အမှတ် (၁၁၇/၅)နှင့် (၁၁၇/၄)အကြား သုံးထပ်ကွေ့ အဆင်းတွင် ယမန်နေ့က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင်လာသူ သေဆုံးသွားကြောင်း သိရသည်။

စပိန်ရထားမောင်းသမား ကို ဒီကနေ့ ရုံးထုတ်မယ်


RangonNewsDaily:: July 28, 2013

စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရထား လမ်းချော် တိမ်းမှောက်ခဲ့မှုနဲ့ ရထား မောင်းသမားကို တရားဝင် စွဲချက်တင် မတင် ဆိုတာကို ဒီကနေ့ နှောင်းပိုင်းမှာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ပါလက်စတိုင်းအကျဉ်းသား ၁၀၄ ဦးကို ပြန်လွှတ်ပေးရန် အစ္စရေးအစိုးရ အတည်ပြု"

RangonNewsDaily:: July 28, 2013

အစ္စရေးအစိုးရအဖွဲ့သည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည့် ပါလက်စတိုင်းအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ယနေ့ (ဇူလိုင် ၂၈ ရက်၊ တနင်္ဂနွေ) အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ယနေ့ညနေပိုင်းကသုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်


RangonNewsDaily:: July 28, 2013

ပထမဆုံး မြန်မာ့ငြိမ်းချမ်းရေးပွဲတော်အား ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပရာ ငြိမ်း ချမ်းရေး ဖော်ဆောင်မှုကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင် မင်း ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - Hongsar ၊ မဇ္ဈိမ)

မန္တလေးကုန်စည်ဒိုင် နိုင်ငံခြားသားဧည့်အဝင် အကန့်အသတ်မရှိပိတ်

RangonNewsDaily:: July 28, 2013

မျိုးစောင့်ဥပဒေ ရေးဆွဲမှုတွင် ဦးဆောင်ပါဝင်သည့် ဦးဝီရသူ တရားပွဲ၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအရ မန္တလေး ကုန်စည်ဒိုင်တွင် နိုင်ငံခြားသားဧည့်သည် အပါအဝင် ပြင်ပဧည့်သည်ဝင်ခွင့်ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍ အကန့်အသတ်မရှိ ပိတ်ထားကြောင်း အဆိုပါ ကုန်စည်ဒိုင် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဆွာရက်ဇ်ကို ပေါင် ၄၂.၅ သန်းဖြင့် အာဆင်နယ်က ကမ်းလှမ်းမည်ဟုဆို

RangonNewsDaily:: July 28, 2013

လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်အား လာမည့်သီတင်းပတ်ကုန် စနေနေ့တွင် အပြီးသတ် ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်ဂါးက ဆန္ဒရှိနေသည်။ အာဆင်နယ်၏ ရာသီကြိုပွဲစဉ် အိမ်းမရိတ်ဖလား ပြိုင်ပွဲအမီ ဆွာရက်ဇ်အား ဝင်းဂါးက စာချုပ်ခေါ်ယူ လိုခြင်းဖြစ်သည်။