Pages

Tuesday, July 30, 2013

ရာသီကုန်တွင် နေပြည်တော်အသင်း စပိန်သွားမည်

RangonNewsDaily:: July 30, 2013

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း နေပြည်တော်အက်ဖ်စီအနေဖြင့် ယခုနှစ် ဘောလုံးရာသီအကုန်တွင် စပိန်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်ကြောင်း ဒု-ဥက္ကဋ္ဌ ဦးစိုးသီဟကမဇ်္ဈိမသို့ အတည်ပြု ပြောကြားသည်။ နေပြည်တော်အသင်းဥက္ကဋ္ဌ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းက ယခုနှစ်ရာသီကုန်တွင် ဥရောပသို့ အလည်အပတ်ခရီး ပို့ဆောင်ပေးမည်ဟု ကတိပြုထားပြီး ရာသီကုန်ရန် လက်ကျန်နှစ်ပွဲအလိုတွင် နေပြည်တော်အသင်း၏ အနေအထားမှာ အဆင့်သုံးအတွင်းဝင်ရန် သေချာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ စပိန်နိုင်ငံသို့ သွားရောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးစိုးသီဟက ဆိုသည်။

“ရာသီကုန်မှာ အဆင့်သုံး အတွင်းဝင်ရင် ဥရောပကို ပို့ပေးမယ်လို့ ဥက္ကဋ္ဌက ကတိပေးထားပါတယ်။ အခုအသင်းရဲ့ အနေအထားက အဆင့်သုံးအတွင်းဝင်ဖို့ သေချာနေပြီဖြစ်တာကြောင့် ကျွန်တော်တို့ဘုတ် အဖွဲ့ဝင်တွေ တိုင်ပင်ပြီး စပိန်ကိုသွားဖို့ စီစဉ်ထားပါတယ်။ သွားမယ့် ကာလကိုတော့ မသတ်မှတ်ရသေးပါဘူး။ စပိန်မသွားခင် ထိုင်းနိုင်ငံကို အရင်ဝင်ပြီး လည်ပတ်ပါမယ်။ အချိန်က ၁၀ ရက်လောက်တော့ ကြာမှာပါ” ဟု ၎င်းက ပြောသည်။

Mizzima - News  , RangonNewsDaily
kolatt (Pabedan): 30.7.2013

0 comments:

Post a Comment