Pages

Tuesday, July 30, 2013

သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်းရပ်ကွက်ရှိ ( မဒ်ရစဟ် မိုဟမ္မဒီယာ ) အာရဗီကျောင်း၏ ကျောင်းအုပ်ဆရာကြီး အလ်ဟာဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် ဇကရီယာ ဆွာဟစ်ဗ် (မိုအီနီ) အလ္လာအသျှင်မြတ်အမိန့်တော်ခံယူ

RangonNewsDaily:: July 29, 2013

မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များရဲ့ တန်ဖိုးကြီးမားလှတဲ့ ခေါင်းဆောင် ဆရာတော်ကြီးတစ်
ပါးဖြစ်တဲ့အသက် (၆၈)ကျော်အရွယ်ဟဇရသ် အလ်ဟာဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် ဇကရီယာ
ဆွာဟစ်ဗ် (မိုအီနီ) رَحْمَةُ اللهِ عَلَيْهِ သည်( ဟစ်ဂျရီ ၁၄၃၄ ခုနှစ်၊ ရမဿွာန်လ ၁၉ ရက် )
၂၉.၇.၂၀၁၃ (တနင်္လာနေ့) ဇဟိုရ်အပြီးတွင် အလ္လာဟ့်အမိန့်တော် ခံယူသွားကြောင်း ၀မ်းနည်းကြေ
ကွဲစွာဖြင့် ပရိတ်သတ်သို့ အသိပေးကြေငြာအပ်ပါသည်။ ဆရာတော်ကြီး အလ်ဟာဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် ဇကရီယာ ဆွာဟစ်ဗ် (မိုအီနီ) رَحْمَةُ اللهِ عَلَيْهِ သည်သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်းရပ်ကွက်တင်ရှိသော ( မဒ်ရစဟ် မိုဟမ္မဒီယာ ) အာရဗီကျောင်း၏ ကျောင်းအုပ်ဆရာကြီး တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားခဲ့သည့် ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။ 
ဆရာတော်ကြီး၏ အတ္ထုပတ္တိနှင့် သာသနာ့အတွက် ကြိုးပမ်းမှုမှတ်တမ်းများကို
ဆက်လက်၍ အလျဉ်းသင့်သလို တင်ဆက်ပေးသွားပါမည်။

`ဆရာတော်ကြီးအား အလ္လာဟ်အရှင်မြတ်၏ ဖက်တော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေ´

အလင်းမျက်ဝန်းမှတဆင့်
ကိုလတ်(ပန်ဘဲတန်း) , RangonNewsDaily
kolatt (Pabedan): 29.7.2013

0 comments:

Post a Comment