Pages

Saturday, July 6, 2013

"စိမ်းစိုထူးခြားသည့် Firebox မြက်ဖိနပ်"

Photo: "စိမ်းစိုထူးခြားသည့် Firebox မြက်ဖိနပ်"
Saturday, 06 July 2013

မြက်ဖိနပ်ဆိုသော အသုံးအနှုန်းသည် လူအများ ကြားဖူးနားဝ ရှိနှင့်ပြီးသား စကားတစ်ခွန်း ဖြစ်သော်လည်း ယခုဖန်တီးထားသည့် ဖိနပ်အတွက်မူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ သာမန်အားဖြင့် မြက်ခြောက်များဖြင့် ရက်လုပ်ဖန်တီးထားသည်ကို မြက်ဖိနပ်ဟု ခေါ်ဆိုလေ့ ရှိသော်လည်း ယခုဖိနပ်မှာမူ အမှန်တကယ် ပေါက်ရောက် ရှင်သန်နေဆဲ မြက်ပင်များကို အောက်ခံအဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

ရော်ဘာခုံပေါ်တွင် တင်ရှိထားသည့် မြက်ပင်လေးများသည် ကျေးလက်ဆန်ဆန် မြင်ကွင်းတစ်ခုကို ဖန်တီးထားသည့် ပုံစံငယ်လေးပမာ ဖြစ်နေသည်။ ယင်းဖိနပ်ပေါ်ရှိ မြက်များသည် နေရောင်နှင့် ထိတွေ့မှုမှတစ်ဆင့် ဆက်လက် ရှင်သန်နေမည် ဖြစ်သည်။

ထို့ကြောင့် ဖိနပ်ကို စီးထားသူသည် သဘာဝ မြက်ခင်းပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ရသည့် ခံစားမှုမျိုးကို ထာဝရ ထိတွေ့နေမည့် သဘောမျိုး ဖြစ်လာသည်။ #Gadget လေးများ ဖန်တီးရောင်းချလေ့ရှိသည့် #Firebox ကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါ ဖိနပ်လေးများကို ယောက်ျားစီးရေ၊ မိန်းမစီးဟူ၍ပါ ခွဲခြားထုတ်လုပ်မည် ဖြစ်သည်။

ဖိနပ်ပေါ်ရှိ မြက်များ ဆက်လက် ရှင်သန်နေရေးအတွက် ရေလောင်းစရာ မလိုသလို မြက်ကို ရိတ်သိမ်းပေးနေရမည့် ဒုက္ခနှင့်လည်း ကြုံရမည် မဟုတ်ချေ။ ထိုဖိနပ်ကို စီးထားခြင်းဖြင့် လူနေအိမ် ဧည့်ခန်းအတွင်း သွားလာနေသည့်တိုင် မြက်ခင်း၏ သဘာဝ အထိအတွေ့မျိုးကို ရရှိနေစေမည် ဖြစ်သည်။

#PlanetMyanamr

Saturday, 06 July 2013

မြက်ဖိနပ်ဆိုသော အသုံးအနှုန်းသည် လူအများ ကြားဖူးနားဝ ရှိနှင့်ပြီးသား စကားတစ်ခွန်း ဖြစ်သော်လည်း ယခုဖန်တီးထားသည့် ဖိနပ်အတွက်မူ အတန်ငယ် ထူးခြားလျှက် ရှိသည်။

Breaking News: သံတွဲသတင်း

ယနေ့ည ၁၀း၁၅ အချိန်ခန့်က သံတွဲနှင့် ဖုန်းဆက်သွယ်မေးမြန်းချက်အရ လက်ပံစု ကျေးရွာမှ အစ္စလာမ်
ဘာသာဝင်ဦးကျော်အေး ရဲ့ ကောက်ရိုးပုံနဲ တဲ ကိုရဲအောင်လံ ကျော်ကျော် နှင့်ဝင်းကိုလေးကားပစ္စည်းဆိုင်
တို့မှ ပူးပေါင်းပြီး မီးရှိုးလိုက်တယ်လို့ သိရပါတယ်။ နောက်ထပ် မီးရှိုး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေဖို့ ရဲ
အောင်လံကျော်ကျော် နှင့် စက်ပစ္စည်းဆိုင် ဝင်းကိုလေး ( RNDP PARTY ) တို့မှ ကြိုးစား နေကြောင်းသိရပါ
တယ်။

အင်ဒိုနီးရှား ငလျှင် ၃၅ ဦး သေဆုံး

Photo: အင်ဒိုနီးရှား ငလျှင် ၃၅ ဦး သေဆုံး
Saturday, 06 July 2013

ဘန်ဒါ အာချေးမှာ ပြီး ခဲ့ တဲ့ နှစ် ရက် က လှုပ် ခတ် သွား တဲ့ ငလျှင် ကြောင့်
၃၅ ဦး သေဆုံး ပြီး နောက် မှာ ဒီနေ့  ထပ်မံ လှုပ်ခတ် ခဲ့ တဲ့ ၆.၂ မဂ္ဂနီကျု အဆင့် ရှိ တဲ့ ငလျှင် ကြောင့် ၃၅ ဦး ထပ်မံ သေဆုံး ပါတယ်။

အင်္ဂါနေ့ က လှုပ် ခတ်ခဲ့ တဲ့ နေရာ ထက် တောင် ဘက် နဲနဲ ပို ကျ တဲ့
ဆူမားတြား ကျွန်း က ဆီလ တန် ကျွန်းမှာ လှုပ် သွားတာ ဖြစ်ပါတယ်။

အေးချမ်းမွန်

Saturday, 06 July 2013

ဘန်ဒါ အာချေးမှာ ပြီး ခဲ့ တဲ့ နှစ် ရက် က လှုပ် ခတ် သွား တဲ့ ငလျှင် ကြောင့် ၃၅ ဦး သေဆုံး ပြီး နောက် မှာ ဒီ
နေ့  ထပ်မံ လှုပ်ခတ် ခဲ့ တဲ့ ၆.၂ မဂ္ဂနီကျု အဆင့် ရှိ တဲ့ ငလျှင် ကြောင့် ၃၅ ဦး ထပ်မံ သေဆုံး ပါတယ်။

ဆိုင်ကယ်စီးလာသည့် အမျိုးသားမှ ရပ်ထားသည့်ယာဉ်အား တိုက်မိသေဆုံးခြင်း

Photo: ဆိုင်ကယ်စီးလာသည့် အမျိုးသားမှ ရပ်ထားသည့်ယာဉ်အား
တိုက်မိသေဆုံးခြင်း
Saturday, 06 July 2013

၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊
(၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအနီးတွင် ဧရာဝဏ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အမှတ် ၂၇ယ/------၊
လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြားအရောင်
ဆိုင်ကယ်အား မောင်းနှင်လာသည့် အမည်မသိဗမာအမျိုးသား၊ အသက်၄၀နှစ်ခန့်၊ အရပ် ၅ပေ၅လက်မခန့် ၊ အသားဖြူ၊
ခန္ဓာကိုယ် ပိန်/ပါး၊ ၀ဲလက်မောင်းနှင့်လက်ဖျံတို့တွင်
ဆေးမင်ကြောင်များပါရှိ၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)သည် ရပ်ထားသည့်နောက်တွဲပါ ၁၂ဘီးယာဉ်၏နောက်ဘက်အား
ဝင်တိုက်မိ၍ ဦးခေါင်းထိပ်နှင့်နောက်စေ့ တို့တွင်
ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ပုဒ်မ၃၀၄-ကဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။
အဆိုပါသေဆုံးသည့်အမျိုးသား၏အမည်နှင့်နေရပ်တို့အား ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ စုံးစမ်း ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ကိုသန်းနိုင်ဦး(ခ)အငယ်လေး၊ ၃၅ နှစ်၊(ဘ)ဦးမောင်မောင်တင်၊
(၁၈) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူဖြစ်သည်
ကိုစုံစမ်းသိရှိခဲ့ကြောင်းသတင်းရရှိပါသည်။

အေးချမ်းမွန်

Saturday, 06 July 2013

၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအ
နီးတွင် ဧရာဝဏ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အ
မှတ် ၂၇ယ/------၊လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြားအရောင်ဆိုင်ကယ်အား မောင်းနှင်လာသည့် အ
မည်မသိဗမာအမျိုးသား၊ အသက်၄၀နှစ်ခန့်၊

ကရင့်နယ်မြေ မငြိမ်းချမ်းသေး

Photo: ကရင့်နယ်မြေ မငြိမ်းချမ်းသေး 
 Saturday, 06 July 2013

ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မြန်မာအစိုးရနဲ့ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ကြိုးစားနေချိန်မှာပဲ နယ်မြေအတွင်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ KNLA နဲ့ BGF နယ်ခြားစောင့်တပ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကရင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် နယ်မြေတည်ငြိမ်မှုအနေအထားက စိုးရိမ်နေရဆဲပဲလို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ကရင်ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး အတွက်လည်း စိတ်ချရတဲ့ လုံခြုံရေး အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ်ထဲက ကျေးရွာမှာ ပြီးခဲ့တဲ့မေလက  မြန်မာအစိုးရ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ကြား မထင်မှတ်ဘဲ ရင်ဆိုင်တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားချိန်အတွင်း ကရင်နယ်ခြားစောင့်တပ်နဲ့ KNLA တို့ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် ကျေးရွာထဲကို လက်နက်ကြီးကျည်ကျခဲ့လို့ လက်နက်ထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ KHRG ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစောဝေလေးက ပြောပါတယ်။
 
“BGF စစ်တပ်က မေလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်မှာ သူတို့စခန်းတွေလာပြီးတော့၊ ရွာကို သူတို့လာတယ်။ လာတဲ့အခါကျတော့ အမှန်ကတော့ သူတို့တွေ့မယ် ဆိုတာ ကြိုမသိထားဘူးထင်တယ်လေ။ KNLA ကလည်း လာတယ်။ သူတို့ကလည်းလာတယ်။ ရုတ်တရက်ကြီး သူတို့တွေ့တဲ့အခါကျတော့ သူတို့အဖွဲ့ကလည်း ၄ ယောက်ပဲရှိတယ်။ KNLA က အယောက် ၂၀ နီးပါးလောက်ရှိတယ်။ ရုတ်တရက်တွေ့တဲ့အခါကျတော့ KNLA က သူတို့ကိုပစ်တယ်။ ထိခိုက်ဒဏ်ရာ ရတာတွေဘာတွေတော့ သူတို့မရှိဘူး။ သူတို့ထွက်ပြေးတာပဲ။ သူတို့ပြေးတဲ့အချိန်မှာ လက်နက်ကြီး ကျည်ဆံက ရွာထဲကျသွားတယ်။ တလုံးက အိမ်ရှေ့မှာ။ တလုံးက အိမ်နောက်မှာ။ အဲဒီလိုမျိုးကျတဲ့အခါကျတော့ ကလေးလေး တယောက်နဲ့ သူ့အမေက ဒဏ်ရာ ရသွားတယ်။”
 
အလားတူပဲ ကရင်နယ်ခြားစောင့်တပ်က ကျေးရွာတွင်း ဝင်ရောက်ပစ်ခတ်မှု လည်း ဖြစ်ပွားခဲ့တဲ့အတွက် ကရင်ပြည်နယ်တွင်း နယ်မြေတည်ငြိမ်မှုရအောင် အစိုးရနဲ့ ကရင်ခေါင်းဆောင်တွေ ကြိုးစားနေကြချိန်မှာ ဒီလိုပစ်ခတ်တိုက်ခတ် မှုမျိုး မဖြစ်အောင် ထိန်းသိမ်းသင့်တယ်လို့လည်း KHRG က တိုက်တွန်းပြောဆိုပါတယ်။
 
“အရင်တုန်းကထက်စာရင် အခြေအနေ အများကြီး တိုးတက်ပြီလေ။ KNU ရယ်၊ ပြီးတော့ BGF နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေပေါ့နော်။ သူတို့တိုက်ပွဲတွေ မဖြစ်အောင် တကယ့်ကိုကြိုးစားပြီးတော့၊ အခု သူတို့ကြိုးစားတာကို ဒီထက် အခြေအနေ ကောင်းသွားအောင် လုပ်ပေးစေချင်တာပေါ့နော်။”
 
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ နှစ်ဘက်အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ အပစ်ရပ်ပြီး တည်ငြိမ်မှုအနေအထားမှာ ရှိလာနေပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလအတွင်းမှာလည်း ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေဖြစ် ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ပြီးခဲ့တဲ့ဇွန်လလည်ပိုင်းမှာလည်း  မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး တိုးတက်တဲ့ အနေအထားမှာ ရှိပါတယ်လို့ မြန်မာငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။
 
“ကရင်နယ်ထဲမှာတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၆ ဖွဲ့လောက် ဖြစ်နေတာကိုး။ ဒါပေမဲ့ အကြီးဆုံးအဖွဲ့ဖြစ်တဲ့ KNU နဲ့တော့ တော်တော်လေးကို ကျန်တဲ့အဖွဲ့တွေနဲ့စာရင် ရှေ့ဆုံးကိုရောက်အောင် ယုံကြည်မှု ရှိတယ်လို့ ပြောလို့ရတာပေါ့နော်။ တစ်နှစ်ခွဲတာ ကာလတွင်းမှာ KNU နဲ့ တပ်မတော်နဲ့ ထိပ်တိုက်မှုဟာ မရှိသလောက် ဖြစ်သွားပါပြီ။ ဟိုးတလောတုန်းက ဖြစ်တဲ့ကိစ္စလို ဟာမျိုးကလည်း၊ ကျနော်တို့ တပ်မတော်နဲ့ဖြစ်တာမဟုတ်ဘဲ၊ DKBA အဖွဲ့နဲ့ ဖြစ်တဲ့သဘောပါပဲ။ အဲဒါလိုဟာမျိုးကလွဲရင်၊ အခက်အခဲ အနည်းငယ်ကလွဲရင် ကရင်ပြည်နယ်ထဲမှာ ပဋိပက္ခက လုံးဝ မရှိသလောက်ပဲဗျာ။”
 
ကရင်ပြည်နယ်တွင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အရေး ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း စည်းလုံးညီညွတ်မှု ရဖို့အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ အပါအ၀င် ကရင်ပြည်နယ်တွင်းမှာ မကြာသေးခင်ကမှ ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးရေးနဲပ ငြိမ်းချမ်းရေးကော်မတီဝင်တွေကလည်း ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းနိုင်ဖို့အရေး ကြိုးပမ်းနေကြချိန်လည်း ဖြစ်ပါတယ်။ 

VOA

Saturday, 06 July 2013

ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မြန်မာအစိုးရနဲ့ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ကြိုးစားနေချိန်မှာပဲ နယ်မြေအတွင်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ KNLA နဲ့ BGF နယ်ခြားစောင့်တပ်တို့ အ
ချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကရင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် နယ်မြေတည်ငြိမ်မှုအနေ
အထားက စိုးရိမ်နေရဆဲပဲလို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဘောင်းဘီ အိပ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်းလဲမည့် VODAFONE

Photo: ဘောင်းဘီ အိပ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်းလဲမည့် VODAFONE
Saturday, 06 July 2013

ဗြိတိန် Vodafone မှ ဖန်တီးတဲ့ နည်းပညာလို့ ဆိုသတဲ့။ ဂျင်းဘောင်းဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်းမယ်လို့ ဆိုပါတယ်။

ဒီအတွက် ဘက်ထရီ အတုံးကြီး ထည့်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အပူကို ယင်းအိပ်ကပ်မှာ စုစေပြီး Thermo Electric အနေနဲ့ အပူကို လျှပ်စစ်အဖြစ် ပြောင်းပေးမယ်လို့ ဆိုပါတယ်။

ဒီအတွက် ပျော့ပြောင်းတဲ့ သတ္တုကို အသုံးပြုမှာပါ။ Android User များအတွက်ပါ။ အခြား မိုဘိုင်း OS များအတွက် မရနိုင် သေးပါဘူး။ သို့ပေမယ့် ပေါက်ပေါက်ရှာရှာ အိပ်ကပ်ကို ဘာလို့ တင်ပါးမှာ လုပ်ရသလဲလို့ မေးခွန်းထုတ်ကြပါတယ်။ တင်ပါးပူအောင် ထိုင်ရသူတွေ၊ ပစ်ကနစ် ထွက်တဲ့သူတွေ၊ နိုက်ကလပ်ကဲတဲ့ သူတွေအတွက် ပိုပြီး အဆင်ပြေစေ မတဲ့လေ။

ယခုနှစ်အတွင်း Vodafone မှ ပြသမယ့် နည်းပညာသစ် ဖြစ်ကြောင်း သိရပါတယ်။

Ref: techblog

Saturday, 06 July 2013

ဗြိတိန်Vodafone မှဖန်တီးတဲ့နည်းပညာလို့ ဆိုသတဲ့။ဂျင်းဘောင်းဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီ
အဖြစ် ပြောင်းမယ်လို့ ဆိုပါတယ်။

ငါးရဲ့အဆီကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်

Photo: ငါးရဲ့အဆီကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်
Saturday, 06 July 2013

တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ ဆာမွန်ငါးနဲ့ ဆာအင်းဆိုတဲ့ ငါးသေတ္တာငါးတွေကို တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာနယ် BMJ မှာ ဖော်ပြထားကြောင်း ဇွန်လ (၂၈) ရက် သောကြာနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက် ပါဝင်ကူညီပေးကြတဲ့ လူပေါင်း (၈) သိန်းကျော်ရဲ့ နေ့စဉ်စားသုံးမှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ရှိချက်ပေါင်း (၂၆) ခုကို ခြုံငုံသုံးသပ်ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ငါးများမှရရှိတဲ့ အဆီမှာ လူရဲ့ သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်စစ် (cn-3 polyunsaturated fally acid) ဒါမှမဟုတ် n-3 PUF As လို့ခေါ်တဲ့ အဆီများ အမြောက်အများ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ n-3 PUFAS ကို ငါးများ၊ အစေ့၊ အဆံများနဲ့ ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ရတနာပုံ ဘာသာပြန်သတင်း

Saturday, 06 July 2013

တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ဆာမွန်ငါးနဲ့ဆာအင်းဆိုတဲ့ငါးသေတ္တာငါးတွေကိုတစ်ပတ်မှာတစ်ကြိမ် ဒါမှမဟုတ်
နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာ
နယ် BMJ မှာ ဖော်ပြထားကြောင်း ဇွန်လ (၂၈) ရက် သောကြာနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထား
ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းများကိုသန့်ရှင်းရေးလုပ်နည်း

Photo: မီးဖိုချောင်သုံးပစ္စည်းများကိုသန့်ရှင်းရေးလုပ်နည်း
Saturday, 06 July 2013

မီးဖိုချောင်သုံးပစ္စည်းများကို လွယ်လွယ်နဲ့ မြန်မြန် သန့်ရှင်းရေးလုပ်လို့ရမယ့် အသုံးဝင်စေနိုင်သောနည်းလေးများကို ရှယ်ပေးလိုက်ပါတယ်

1.မိုက်ခရိုဝေ့ဖ်အာဗင်
မိုက်ခရိုဝေ့ဖ်အာဗင်ထဲမှာ ကပ်နေမယ့် ဆီစက်ကလေးကို အလွယ်တကူ ဖယ်ရှားနိုင်စေဖို့ ရေဆွတ်ထားတဲ့ မီးဖိုချောင်သုံးစက္ကူအထူကို မိုက်ခရိုဝေ့ဖ် အပူချိန် High မှာထားပြီး ၃ မိနစ်ခန့်ထည့်မွှေ့ပေးပါ။ စက္ကူအေးသွားရင် အာဗင်မျက်နှာပြင်ကို သုတ်လိုက်ပါ။ ဆီစက်တွေကို အလွယ်တကူသုတ်ချလို့ရတာ တွေ့ရမှာပါ။


2. ဖျော်ရည်ဖျော်စက်
သစ်သီးဖျော်စက်သုံးပြီးတဲ့အခါမှာ ရေနဲ့ ဆပ်ပြာရည်အနည်းငယ်ကိုထည့်ကာ စက်မှာ စက္ကန့် ၂၀လောက်မွှေပေးလိုက်ပါ။ ပြီးရင်ရေနဲ့ ဆေးချလိုက်ရင်ရပါပြီ

3.ကော်ဖီစက်
ကော်ဖီထည့်တဲ့ ဖန်အိုးလေးတွေ အရောင်ညစ်လာတာအတွက်တော့ စိတ်မပျက်ပါနဲ့။ အိုးထဲကို ရေခဲ လေးပုံတစ်ပုံခန့်ထည့်၊ လီမွန်တစ်ဝက်ကို စိတ်ပြီးထည့်၊ ကျန်တဲ့ တစ်ဝက်ကို အရည်ညှစ်ကာ ဆား စားပွဲဇွန်း ၂ ဇွန်လောက်ကိုပါ ထည့်ပြီးမွှေပေးလိုက်ပါ။ ၂ မိနစ်လောက်ကြာရင်တော့ ကြည်လင်တဲ့ ဖန်အိုးလေးကို ပြန်မြင်ရပါလိမ့်မယ်။

4.Cheese ခြစ်တံ
ချိစ်ခြစ်တဲ့ အတံလေးတွေမှာပါတဲ့ ခြစ်တံလေးတွေဟာ သေးငယ်လွန်းတာကြောင့် ဆေးရခက်ပါတယ်။ ဒီအတွက်တော့ ဘရှပ်ကလေးကိုသာသုံးပြီး သန့်ရှင်ပေးလိုက်ပါ။ လွယ်လွယ်ကူကူပဲ သန့်ရှင်းရးလုပ်လို့ရတာ တွေ့ရမှာပါ

5.ကော်ဖီခွက်များ
ကော်ဖီခွက်များ ၀ါကျင်နေတယ်ဆိုရင်တော့ ရှာလကာရည်နဲ့ ဆား ဗမာဏဆတူကိုသာရောပြီး ခွက်ကိုတိုက်ပေးလိုက်ပါ။ ပြန်လည် ဖြူဖွေးလာပါလိမ့်မယ်

6.ရေခဲသေတ္တာ
ရေခဲသေတ္တာကိုသန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ဈေးမသွားခင် တစ်ရက်အလိုပါ။ တော်တော်များများက ကုန်လုပြီမို့ ရှင်လင်းရသက်သာပါလိမ့်မယ်။ အနံ့အသက်ဆိုးများကင်းစေရန် ဆိုဒါ (အမှုန့် ) တစ်ဗူးလောက်ကို ထည့်ထားပေးမယ်ဆိုရင်တော့ အများဆုံး ၆ လအထိခံပါတယ်တဲ့။

7.ဘေစင်ပိုက်များ
ဆိုဒါ နှင့် ရှာလကာရည်ကိုရောပြီး ထည့်ပေးပါ။ ၅ မိနစ်လောက်ထားပြီးမှ ရေဆေးချပေးမယ်ဆိုရင်တော့ အနံ့အသက်ကင်းပြီး သန့်သန့်ရှင်းရှင်းရှိနေပါလိမ့်။ တစ်ပတ်တစ်ခါတော့ ပြုလုပ်ပေးဖို့လိုပါတယ်

8.ဒယ်အိုးများမှ ဆီအစွန်းများအတွက်
ဆေးရခက်တဲ့ ဆီချေးများကို ဘိတ်ကင်ဆိုဒါဖြူးကာ ရေမြှပ်နဲ့တိုက်ချွတ်ပေးလိုက်ပါ။ ဆီချေးများကင်းစင်သွားတာကို တွေ့ရမှာပါ။

Saturday, 06 July 2013

မီးဖိုချောင်သုံးပစ္စည်းများကို လွယ်လွယ်နဲ့ မြန်မြန် သန့်ရှင်းရေးလုပ်လို့ရမယ့် အသုံးဝင်စေနိုင်သောနည်း
လေးများကို ရှယ်ပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်းအကျင့်အား တူရကီအမျိုးသားတစ်ဦး ထူးခြားသည့် နည်းလမ်းသုံး၍ စွန့်လွှတ်ရန်ကြိုးပမ်း

Photo: ဆေးလိပ်သောက်ခြင်းအကျင့်အား တူရကီအမျိုးသားတစ်ဦး ထူးခြားသည့် နည်းလမ်းသုံး၍ စွန့်လွှတ်ရန်ကြိုးပမ်း
Saturday, 06 July 2013

တူရကီ နိုင်ငံမှ အမျိုးသား တစ်ဦးသည် ၎င်း၏ ဆေးလိပ် သောက်သည့် အကျင့် ဆိုးကို စွန့်လွှတ် နိုင်ရန် အတွက် မည်သူမျှ မစဉ်းစားဖူးသည့် နည်းလမ်း တစ်မျိုးကို သုံး၍ ကြိုးပမ်းလျက် ရှိကြောင်း တူရကီ သတင်းစာ တစ်စောင်က ဖော်ပြထားသည်။

အဆိုပါ အမျိုးသား၏ အမည်မှာ အီဘရာဟင် ဖြစ်ပြီး အသက် ၄၂ နှစ် ရှိပြီ ဖြစ်သည်။ ၎င်းသည် တူရကီ နိုင်ငံ အနောက် ပိုင်းရှိ ကူဖောဟာ ပြည်နယ်တွင် နေထိုင်သူ ဖြစ်ကာ တစ်ရက်လျှင် စီးကရက် နှစ်ဘူးကို သောက်တတ်သူ ဖြစ်ကြောင်းနှင့် ယင်းနှုန်းထားနှင့် ဆေးလိပ် သောက်လာခဲ့သည့် သက်တမ်းမှာ ၂၆ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

အီဘရာဟင်သည် ၎င်း၏ ဆေးလိပ် အလွန် အကျွံ သောက်သည့် အကျင့်ဆိုးကို ဖြတ်ပစ် နိုင်ရန် အတွက် ခေါင်းဆောင်း သဏ္ဌာန် လှောင်အိမ် တစ်ခုကို ပြုလုပ် ကာ ၎င်း၏ ဦးခေါင်းကို ဦးခေါင်းစွပ် လှောင်အိမ် အတွင်း၌ ထည့်၍ ယင်း လှောင်အိမ်ကို သော့ခတ်သည့် နည်းဖြင့် ဆေးလိပ်ဖြတ်လျက် ရှိကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြ ထားသည်။

အဆိုပါ ဦးခေါင်းစွပ် လှောင်အိမ်၏ သော့ကို နှစ်ချောင်း ပြုလုပ် ထားပြီး တစ်ချောင်းကို ၎င်း၏ သားဖြစ်သူထံ အပ်နှံ၍ ကျန်တစ်ချောင်းကို ဇနီး ဖြစ်သူထံ အပ်ထားကြောင်း၊ ၎င်း ဦးခေါင်း စွပ်ကို နှစ်ရက်ခြား တစ်ကြိမ် ဆောင်းလေ့ ရှိကြောင်း၊ ယင်းကဲ့သို့ ပြုလုပ် ခဲ့ပြီး နောက်ပိုင်းမှ စ၍ ဆေးလိပ် မသောက် တော့ကြောင်း အီဘရာဟင်က ပြောကြားသည်။

(အင်တာနက်)
မြ၀တီ

Saturday, 06 July 2013

တူရကီ နိုင်ငံမှ အမျိုးသား တစ်ဦးသည် ၎င်း၏ ဆေးလိပ် သောက်သည့် အကျင့် ဆိုးကို စွန့်လွှတ် နိုင်ရန် အ
တွက် မည်သူမျှ မစဉ်းစားဖူးသည့် နည်းလမ်း တစ်မျိုးကို သုံး၍ ကြိုးပမ်းလျက် ရှိကြောင်း တူရကီ သတင်းစာ တစ်စောင်က ဖော်ပြထားသည်။

ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှ သားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး

Photo: ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှ သားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး
Saturday, 06 July 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသားအရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေနစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးချီးယိုသည် ရန်ကုန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာအဝေးရှိ ၎င်းပိုင်တောင်ယာတွင် လယ်ထွန်ရန် ညအိပ်သွားရောက်မည်ဖြစ်သဖြင့် ခင်ပွန်း ညအိပ်ရာတွင် လိုအပ်သော ပစ္စည်းများကို ဇနီးဖြစ်သူ ဒေါ်လုတနှင့် သားများဖြစ်ကြသော ကျော်လင်းထွန်း၊ကျော်လင်းအောင်တို့မှ လမ်းလျှောက်သွားရောက် ပို့ဆောင်ခဲ့ကြသည်။

ခင်ပွန်းသည် သည် လက်တွန်း လယ်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ဒေါ်လုတနှင့်သားများ လယ်ထဲရှိ တဲထဲ၌်ခေတ္တနားနေခဲ့သည်။ နားနေပြီးခေတ္တအကြာ သားကြီးကျော်လင်းထွန်းသည် လယ်တဲအနီး ရေကန်ဘေးတွင် ပြေးဆော့နေစဉ် ရေကန်အတွင်းပြုတ်ကျသွားသဖြင့် မိခင်ဒေါ်လုတမှ ကလေးအငယ် ကျော်လင်းအောင်အား ကျောပိုးလျှက်ဖြင့် ရေကန်သို့ဆင်းပြီး ဆယ်ယူရာတွင် ကလေး(၂)ဦး အပါအ၀င် မိခင်ဖြစ်သူပါ (၃)ဦးစလုံး ရေနစ်ပြီး နံနက်(၁၀)နာရီတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူ ဦးချီးယို မှ ဖြစ်စဉ်အား အသံကြားသလိုလိုရှိသော်လည်း လက်ထွန်နေသဖြင့် ဂရုမပြုသတိမထားမိခဲ့ကြောင်း လယ်ထွန်ပြီး လယ်တဲသို့ပြန်လာရာ ဇနီးနှင့်ကလေး(၂)ဦးကို မတွေ့ရသဖြင့် လိုက်လံရှာဖွေရာမှ ကလေး(၂)ဦးမှာ ရေပေါ်တွင်ပေါ်နေပြီး မိခင်မှာ ရေကန်အတွင်းနစ်မြုပ်နေသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဒေါ်လုတနှင့် ကလေး(၂)ဦး ရေနစ်ခဲ့သော ကန်မှာ အလျှားပေ(၁၀၀) အနံ(၇၅)ပေရှိသော ကန်ဖြစ်ပြီး သေဆုံးသူ(၃)ဦးစလုံးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ကြောင်း ရဲစခန်းအနေဖြင့်လည်း သေမှုသေခင်းဖြင့်အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

သတင်းပေးပို့သူ ။ ။ သာစည်မျိုးသန့်

Tachileik Online News

Saturday, 06 July 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်
အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသား
အရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေ
နစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့၌ ဆီးဂိမ်းစ်အမီ တည်ဆောက်ရန် စီစဉ်

Photo: စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့၌ ဆီးဂိမ်းစ်အမီ တည်ဆောက်ရန် စီစဉ်
Saturday, 06 July 2013

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့တော်
၌ ဆီးဂိမ်းစ်ပြိုင်ပွဲအမီ တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ လူကူးခုံးကျော်တံတား သုံးစင်းကို ဒလ-ပန်းဆိုးတန်းမှ ဆူးလေ
ဘက်သို့ လာသည့်နေရာအနီး တစ်စင်း၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေး
ဘုရားနှင့် ဂမုန်းပွင့် ကုန်တိုက်အနီး တစ်စင်း၊ လမ်းမတော် စဥ့်အိုးတန်းအနီး တစ်စင်း တည်ဆောက်ရန် လျာထားသည်ဟု သိရသည်။

အဆိုပါ တံတားများ တည်ဆောက်ရန်အတွက် လုပ်ငန်းစတင်ချိန်ကို မပြောနိုင်သော်လည်း ဆီးဂိမ်းစ်အမီ တည်ဆောက်မည် ဖြစ်ကြောင်း၊ ယခုအခါ မြေသားစမ်းသပ်မှုအချို့ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''ဆောက်ဖို့စီစဉ်ထားတဲ့ လူကူးခုံးကျော် တံတားတွေက လူတွေသက်သောင့် သက်သာ အတက်အဆင်း လုပ်နိုင်အောင် စက်လှေကား ပါမှာဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ လိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲလုပ်ရင်
နိုင်ငံခြားက ဧည့်သည်တွေလည်း လာတဲ့အခါ ဒါမျိုးတွေက လိုအပ်လာမှာ မို့လို့ပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်
ငွေဆောင်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဆီးဂိမ်းစ်
အမီ လူကူးခုံးကျော် တံတားများ တည်ဆောက်ခြင်းအပြင် လမ်းသားချဲ့
ထွင်မှု အချို့ကိုလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်သွားလမ်းအဖြစ် အသုံးပြုသည့် ခုံးကျော်တံတား သုံးစင်းကိုလည်း တည်ဆောက်ခဲ့ရာ လှည်းတန်းခုံးကျော် တံတားမှာ ပြီးစီး၍ အသုံးပြုနေပြီ ဖြစ်သော်လည်း ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား
မှာမူ လက်ရှိတည်ဆောက် နေဆဲပင်ဖြစ်ပြီး ရွှေဂုံတိုင်ခုံးကျော် တံတားမှာမူ တည်ဆောက်မှု အပိုင်းတွင် ကြန့်ကြာမှုများ ရှိနေပြီး ယာဉ်ကြောပိတ်ဆို့ မှုများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။

eleven media group

Saturday, 06 July 2013

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့တော် ၌ ဆီးဂိမ်းစ်ပြ&#