Pages

Saturday, July 6, 2013

ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်သည့် တောင်ဒဂုံ ၉၆၉ ဂိုဏ်းသား များအား မေးမြန်း စုံစမ်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ရသည့် အစ္စလာမ် ဘာသာဝင် ၃ ဦးအား အင်းစိန်ထောင်တွင် ချုပ်နှောင်ထား

ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်သည့် တောင်ဒဂုံ ၉၆၉ ဂိုဏ်းသား များအား မေးမြန်း စုံစမ်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ရသည့် အစ္စလာမ် ဘာသာဝင် ၃ ဦးအား အင်းစိန်ထောင်တွင် ချုပ်နှောင်ထား

ယနေ့ည တွင် တောင်ဒဂုံ ၅၆ မဒရဆာ (ဘာသာရေး စာသင်ကျောင်း) အားဖျက်ဆီးမည်ပာု သတင်းထွက်

ပိာန်းအောင် (ဇူလိုင် ၅ ၊ ၂၀၁၃)

တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင်များ စုပေါင်းဝတ်ပြုဆောင်တစ်ခုကို ၉၆၉ ဂိုဏ်းဝင်အချို့က ခိုးကြောင်ခိုးဝှက်ဖြင့် ဓာတ်ပုံ လာရောက် ရိုက်ကူးခြင်းကို မေးမြန်းစုံစမ်းခဲ့သည့် ဦးသောင်းစိန်နှင့် သား ၂ ဦးအား အာဏာပိုင်များက ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ချက်ခြင်းရုံးတင်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြောသည်။

ဂျုမိုအပာ် (သောကြာနေ့ နေ့လည် ၀တ်ပြုမှု) အပြီး ဘယ်ကမှန်းမသိတဲ့ လူတစ်စုက ၀တ်ပြုဆောင်ကို လာပြီး ဓာတ်ပုံရိုက်တယ်။ ဒါကို မြင်လို့ ဦးသောင်းစိန်က မြင်လို့ ဘယ်ကလဲလို့ သွားမေးတော့ မဖြေဘူး။ အဲဒီက စပြီး ပြသနာဖြစ်ကြတာ။ အခုတော့ ခိုးကြောင်ခိုးဝှက် ဓါတ်ပုံလာရိုက်တဲ့ သူတွေကတော့ စံပြဆေးရုံမှာ တင်ထားရတယ်" ပာု အခင်းဖြစ်ပွားရာ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ကပြောသည်။

၉၆၉ ဂိုဏ်းဝင် အချို့က အစ္စလာမ်ဘာသာဝင်များ အတွက် ယာယီဝတ်ပြုဆောင် အဖြစ် တစ်နှစ်တွင် ၄ လ သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုပေးထားသည့် နေရာသို့ ခိုးကြောင်ခိုးဝှက် လာရောက် ဓာတ်ပုံရိုက်ကူးရာမှ အထက်ပါ ပြသနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုအချိန်တွင် တောင်ဒဂုံ ၅၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်အား ယနေ့ညပိုင်းတွင် ဖြိုဖျက်မည်ပာူသော သတင်းများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။ ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ဇေယျာမြတ်ခိုင်က "အခု တောင်ဒဂုံ ၅၆ ရပ်ကွက်မှာ မွတ်နဲ့ ဗမာတွေ ချကုန်ကြပြီတဲ့။ အခုည ၇ နာရီခွဲမှာ ၅၆ မှာရှိတဲ့ ဗလီကို ဖြိုကျမယ်တဲ့" ပာု သူ၏ ဖဘစာမျက်နှာတွင်ရေးသားထားသည်။

အဓိက စိုးရိမ်တာက ယာယီဝတ်ပြုဆောင် လုပ်ထားတာက လူနေအိမ်ပဲလေ။ အခု အိမ်ပိုင်ရှင်နဲ့သား နှစ်ယောက်ကို ဖမ်းသွားတော့ အထဲမှာ အမျိုးသမီး ၄ ယောက် ကျန်နေတယ်။ အဲဒီ့အမျိုးသမီးတွေ အတွက်စိုးရိမ်တာ။ လုံခြုံရေးက အဲဒီနေရာမှာမရှိဘူး" ပာု အထက်ပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ည ၇း၄၅ မိနစ် အချိန်တွင် မြန်မာမွတ်စ်လင်မ် မီဒီယာသို့ပြောသည်။

ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်ကူးနေသည့် ၉၆၉ ဂိုဏ်းဝင်များအား မေးမြန်းတားဆီးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသည့် ဦးသောင်းစိန်၏ ဇနီးသည်မှာ အိမ်အတွင်းတွင် သွေးတိုးရောဂါ အပြင်းအထန် ခံစားနေရသော်လည်း အာဏာပိုင်များက အိမ်အပြင်ထွက်ခွင့် မပေးသဖြင့် ဒေသခံ အချို့က အဆိုပါ အမျိုးသမီးကြီး၏ ကျန်းမာရေးကို စိုးရိမ် နေကြကြောင်းလည်း သိရသည်။

ဖမ်းဆီးခံထားရသည့် အစ္စလာမ် ဘာသာဝင် ၃ ဦးမှာ ဦးသောင်းစိန်၊ ကိုကိုလေး နှင့် အောင်ကိုကိုလတ် တို့ဖြစ်ကြောင်း သိရသည်။


969 ဂိုဏ်းခေါင်းဆောင် ၀ီရသူအား ထောက်ခံကာ တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်နေသည့် တောင်ဒဂုံ သားများ

 Myanmar Muslim Media's
969 ဂိုဏ်းခေါင်းဆောင် ၀ီရသူအား ထောက်ခံကာ တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်နေသည့် တောင်ဒဂုံ သားများ
(ဇူလိုင် ၅ ၊ ၂၀၁၃)

တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင်များ စုပေါင်းဝတ်ပြုဆောင်တစ်ခုကို ၉၆၉ ဂိုဏ်းဝင်
အချို့က ခိုးကြောင်ခိုးဝှက်ဖြင့် ဓာတ်ပုံ လာရောက် ရိုက်ကူးခြင်းကို မေးမြန်းစုံစမ်းခဲ့သည့် ဦးသောင်းစိန်နှင့် သား၂ ဦးအားအာဏာပိုင်များကပုဒ်မ၃၂၆ ဖြင့်အမှုဖွင့်ကာ ချက်ခြင်းရုံးတင်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်
လိုက်ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြောသည်။ ဂျုမိုအပာ် (သောကြာနေ့ နေ့လည် ၀တ်ပြုမှု) အပြီး ဘယ်ကမှန်းမသိတဲ့ လူတစ်စုက ၀တ်ပြုဆောင်ကို လာပြီး ဓာတ်ပုံရိုက်တယ်။ ဒါကို မြင်လို့ ဦးသောင်းစိန်က မြင်လို့ ဘယ်ကလဲလို့ သွားမေးတော့ မဖြေဘူး။ အဲဒီက စပြီး
 ပြသနာဖြစ်ကြတာ။ အခုတော့ ခိုးကြောင်ခိုးဝှက် ဓါတ်ပုံလာရိုက်တဲ့ သူတွေကတော့ စံပြဆေးရုံမှာ တင်ထား
ရတယ်" ပာု အခင်းဖြစ်ပွားရာ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ကပြောသည်။

၉၆၉ ဂိုဏ်းဝင် အချို့က အစ္စလာမ်ဘာသာဝင်များ အတွက် ယာယီဝတ်ပြုဆောင် အဖြစ် တစ်နှစ်တွင် ၄ လ သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုပေးထားသည့် နေရာသို့ ခိုးကြောင်ခိုးဝှက် လာရောက် ဓာတ်ပုံရိုက်ကူးရာမှ အထက်ပါ ပြသနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုအချိန်တွင် တောင်ဒဂုံ ၅၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်အား ယနေ့ညပိုင်းတွင် ဖြိုဖျက်မည်ပာူသော သတင်းများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။ ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ဇေယျာမြတ်ခိုင်က "အခု
 တောင်ဒဂုံ ၅၆ ရပ်ကွက်မှာ မွတ်နဲ့ ဗမာတွေ ချကုန်ကြပြီတဲ့။ အခုည ၇ နာရီခွဲမှာ ၅၆ မှာရှိတဲ့ ဗလီကို ဖြိုကျ
မယ်တဲ့" ပာု သူ၏ ဖဘစာမျက်နှာတွင်ရေးသားထားသည်။

အဓိက စိုးရိမ်တာက ယာယီဝတ်ပြုဆောင် လုပ်ထားတာက လူနေအိမ်ပဲလေ။ အခု အိမ်ပိုင်ရှင်နဲ့သား
နှစ်
ယောက်ကို ဖမ်းသွားတော့ အထဲမှာ အမျိုးသမီး ၄ ယောက် ကျန်နေတယ်။အဲဒီ့အမျိုးသမီးတွေအတွကစိုးရိမ်
တာ။ လုံခြုံရေးက အဲဒီနေရာမှာမရှိဘူး" ပာု အထက်ပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ည ၇း၄၅ မိနစ် အချိန်တွင် မြန်မာမွတ်စ်လင်မ် မီဒီယာသို့ပြောသည်။

ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်ကူးနေသည့် ၉၆၉ ဂိုဏ်းဝင်များအား မေးမြန်းတားဆီးရာမှ ခိုက်ရန်ဖြစ်ပွား
ခဲ့
သဖြင့် အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသည့် ဦးသောင်းစိန်၏ ဇနီးသည်မှာ အိမ်အတွင်းတွင် သွေးတိုး
ရောဂါ အပြင်းအထန် ခံစားနေရသော်လည်း အာဏာပိုင်များက အိမ်အပြင်ထွက်ခွင့် မပေးသဖြင့် ဒေသခံ အချို့က အဆိုပါ အမျိုးသမီးကြီး၏ ကျန်းမာရေးကို စိုးရိမ် နေကြကြောင်းလည်း သိရသည်။

ဖမ်းဆီးခံထားရသည့်အစ္စလာမ်ဘာသာဝင်၃ ဦးမှာ ဦးသောင်းစိန်၊ ကိုကိုလေး နှင့် အောင်ကိုကိုလတ် တို့ဖြစ်
ကြောင်း သိရသည်။

Myanmar Muslim Media's , RangonNewsDaily
kolatt(PBDN): 5.7.2013

0 comments:

Post a Comment