Pages

Saturday, July 6, 2013

ငွေဖြည့်ကတ်မှာ ၁၀၀၀၀ ကဒ်ဖြည့်တာ ၁၀၀၀ ပဲ ဖုန်းထဲဝင်တဲ့ပြသနာ ရဲ့ရင်းမြစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁.၇.၂၀၁၃ မှ စတင်၍ နိုင်ငံခြားခေါ်ဆိုခများအား မြန်မာကျပ်ငွေဖြင့်
ပြောင်းလဲကောက်ခံရန် အသိပေးခဲ့ပီးဖြစ်ပါသည်။ ယခုအခါ ဈေးကွက်အတွင်းတွင် ကျပ်ငွေ ၁၀,၀၀၀ ဖြည့်
သွင်းလျှင် ကျပ် ၁,၀၀၀ သာ ဖြည့်သွင်းသည်ဟူသော ပြဿနာဖြစ်ပွားနေသည်ဟု သိရှိရပါသည်။
သို့ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ဆက်သွယ်မေးမြန်းရာယခင်Call Forwarding Service အသုံးပြု
နေသည့် သုံးစွဲနေသူများသည် ယခင်က လစဉ် 10 FEC ပေးဆောင်နေရသည်မှ ယခုအခါ ပြောင်းလဲလိုက်
သည့်စနစ်ကြောင့် ၄င်း Service အတွက်10 FECအစားကျပ် ၉,၀၀၀ ပြောင်းလဲကောက်ခံလိုက်သောကြောင့်
ဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ၄င်း Service အသုံးပြုနေသူများ အနေဖြင့် ဆက်လက်သုံးစွဲရန် ဆန္ဒမရှိပါက မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၏ ရွှေဂုံတိုင်ရုံးနှင့် ပန်းဆိုးတန်းရုံးတို့တွင် သွားရောက်ပိတ်နိုင်ကြောင်း သိရှိရပါသည်။

အသေးစိတ်သိရှိလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Custom Care နံပါတ်မှာ ၀၁ ၅၅၅၄၇၆ သို့ ဆက်
သွယ်မေးမြန်းနိုင်ပါသည်။

Elite Tech Group of Companies
RangonNewsDaily
kolatt(PBDN): 6.7.2013

0 comments:

Post a Comment