Pages

Friday, January 11, 2013

မန္တလေးမြို့တွင် ရပ်ကွက်တွင်းရှိ ဒေသခံများနှင့် ကျူးကျော်နေထိုင်သူများ အဆင်မပြေ

မန္တလေးမြို့တွင် ရပ်ကွက်တွင်းရှိ ဒေသခံများနှင့် ကျူးကျော်နေထိုင်သူများ အဆင်မပြေ

မန္တလေး၊ ဇန်နဝါရီ ၁၁။

မန္တလေးမြို့အတွင်း စည်ပင်သာယာပိုင် နယ်မြေများတွင် လာရောက်နေ ထိုင်သော ကျူးကျော်များနှင့် ဒေသခံရပ်ကွက်တွင်း နေထိုင်သူများ အဆင်မပြေဖြစ်လျက် ရှိနေကြောင်း ချမ်းအေးသာဇံမြို့နယ်တွင်းနေထိုင်သူ
အချို့ထံမှ သိရသည်။

မြို့အနှံ ကျူးကျော် နေထိုင်သူအများအပြားရှိပြီး အဆိုပါ စည်ပင်ပိုင် နယ်မြေ
များအား တစ်ဆင့်ပြီး တစ်ဆင့် လက်ထိုး ရောင်းချမှုများလည်း ရှိနေကြောင်း
နှင့်မသိနားမလည်၍ ဝယ်ယူသူများအနေဖြင့် နစ်နာဆုံရှုံးများ ရှိနေကြောင်း သိရသည်။

“ကျူးကျော်တွေ ရောက်လာတာ လပိုင်းပဲလောက်ပဲရှိသေးတယ်။ အရင်က ကွင်းပြင်ကြီး စည်ပင်သာယာက နေပြီးတော့ရှင်းထားတာ။ သူတို့ကအိမ်
ဆောက်တယ်ပြီးရင် ငှားစားတယ်။ ဘယ်ကနေရောက်လာပြီး ဘယ်လိုလူ
တွေ မှန်းမသိတော့ ကျနော်တို့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေရတယ်” ဟု ချမ်းအေးသာဇံမြို့နယ် ၊ ပြည်ကြီးပျော်ဘွယ် အနောက်တွင် နေထိုင်သူ ဦးမြတ်သိန်းက ၎င်းတို့ ရပ်ကွက်အနီးရှိ စည်ပင်နယ်နိမိတ်သို့ ရောက်ရှိ
လာသော ကျူးကျော်များ နှင့်ပက်သက်၍ ပြောကြားသည်။

အဆိုပါ ပျော်ဘွယ်အနောက် တိမ်ပြာတန်းရပ်အကွက်(၂၈၇)အတွင်းရှိ စည်ပင်ပိုင်နယ်နိမိတ်တွင် လာရောက် ကျူးကျော်နေထိုင်သော ကျူးကျော်
အိမ် ဆယ်လုံး ထက်မနည်းရှိနေပြီး ပတ်ဝန်းကျင်မှ လူနေအိမ်များဖြင့် အဆင်မပြေ ဖြစ်နေကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ လာရောက်
ဖြေရှင်းပေးသော်လည်း အဆင်ပြေမှု မရှိကြောင်း အဆိုပါ ရပ်ကွက်အတွင်း
နေထိုင်သူ ဒေသခံ မမော်က ပြောကြားသည်။

“ကျူးတွေက ပိတ်နေတဲ့ ရေမြောင်းပေါ်မှာ မြေဖို့ပြီး အိမ်တွေဆောက်နေ
တယ်။ အနီးတစ်ဝိုက်က လူတွေနဲ့လည်း အဆင်မပြေဘူး။ ကျမတို့ကပြော
တော့ တိုင်ချင်ရာတိုင်ဆိုပြီး ပြန်ရန်ထောင်တယ်။ အဲဒီအကြောင်းတွေ မြို့နယ်စည်ပင်သာယာကိုတော့ စာတင်ထားပါတယ်။ သက်ဆိုင်ရာကနေ သက်သက်မှတ်မှတ်လေး ဆောင်ရွက်ပေး စေချင်ပါတယ်။” ဟု မမော်က ဆိုသည်။

အဆိုပါကိစ္စနှင့် ဆက်လျဉ်းပြီး “စည်ပင်သာယာ နယ်မြေထဲမှာကျူးကျော်တွေ
လာရောက်ပြီး တရားမ၀င် နေထိုင်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှုးကနေ
တဆင့် ကျွန်တော်တို့ကို စာတင်ရင် ကျွန်တော်တို့က စည်ပင်သာယာလုပ်ထုံး
လုပ်နည်း အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပြီး ဥပဒေအတိုင်း လုပ်ဆောင်
သွားမှာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ဦးစီးဌာနမှ အရာရှိ
တစ်ဦးက ပြောကြားသည်။

မောင်ထိန်လင်း

အေးချမ်းမွန်မှ  The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


မန္တလေးမြို့အတွင်း စည်ပင်သာယာပိုင် နယ်မြေများတွင် လာရောက်နေထိုင်သောကျူးကျော်များနှင့်ဒသ

ခံရပ်ကွက်တွင်း နေထိုင်သူများ အဆင်မပြေဖြစ်လျက် ရှိနေကြောင်း ချမ်းအေးသာဇံမြို့နယ်တွင်းနေထိုင်သူ

အချို့ထံမှ သိရသည်။

"ရင်ထဲမှာ NLD အလံစိုက် ထားတယ်ဆိုသူ ခင်ဘုဏ်း"

"ရင်ထဲမှာ NLD အလံစိုက် ထားတယ်ဆိုသူ ခင်ဘုဏ်း"

တေးသံရှင် ခင်ဘုဏ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ပြီး ခုလို ရန်ပုံငွေပွဲတွေမှာ အင်တိုက်အားတိုက် တတ်နိုင်သမျှ ပါဝင်ဖျော်ဖြေသွားမယ်လို့လည်း ဆိုပါတယ်။

”ကိုယ်တစ်ယောက်တည်း အားလုံးကို လှူဖို့ ဆိုတာမဖြစ်နိုင်ဘူး။ ခုလိုကိုယ်တတ်နိုင်တဲ့ အဆိုဘက်ကနေ တတ်နိုင်သလောက် ပါဝင်ရတာကို ဝမ်းသာတယ်”လို့ ပြောတဲ့ ခင်ဘုဏ်းက NLD ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေပေမယ့် NLD ပါတီဝင်တစ်ဦးအနေနဲ့တော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

”နေရာတိုင်းတော့ မရောက်ဖြစ်ပါဘူး။ အဖွဲ့ဝင်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်ကတည်းက ခင်ဘုဏ်းနှလုံးသားထဲမှာ NLD အလံ စိုက်ထားပါတယ်။ အဲဒီအတွက် အပြင်ပိုင်းတွေ လုပ်ဖြစ်နေဖို့ ပြောနေဖို့မလိုပါဘူး။ ခင်ဘုဏ်း ရင်ထဲမှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတာတော့ နှလုံးသားနဲ့ ခံစားတတ် သူတိုင်း သိမှာပါ”လို့ ခင်ဘုဏ်းက ပြောပြပါတယ်။

လတ်တလောမှာတော့ ခင်ဘုဏ်းက သူ့ရဲ့ လုပ်လက်စ တစ်ကိုယ်တော်အခွေ ‘သစ်ပင်’က တစ်ယောက်တည်း လုပ်နေရတာကြောင့် နည်းနည်းကြန့်ကြာနေ တယ်လို့ ဆိုပါတယ်။

”အမျိုးသားက ပြန်သွားပြီဆိုတော့ တစ်ယောက်တည်း လုပ်ရတာ။ ရှိုးဆို လိုက်၊ အသံသွင်းတဲ့ အပိုင်းလုပ်လိုက် ဆိုတော့လေ။ အမျိုးသားက ဟိုကို မပြန်ခင်ကတော့ အများ ကြီး အတီးပိုင်းတွေ လုပ်ပေးသွားပါတယ်။ ခုက ဟိုမှာ ဆိုတော့ သူလည်း ဘာမှမလုပ်ပေးနိုင်ဘူး။ လောလောဆယ်တော့ လိုက်မသွားဖြစ်လောက် သေးဘူး။ ခင်ဘုဏ်း ဗီဇာရတဲ့အချိန်တော့ သူလည်း ပြန်လာပြီး ဟိုကိုနှစ်ယောက်စလုံး သွားဖြစ်မယ်။ အမြဲလိုတော့ သူနဲ့ အခါပေါင်း များစွာ စကားပြောဖြစ်တယ်။ သူအနားမှာ မရှိပေမယ့် ရှိနေသလိုပါပဲ။ တစ်ယောက်တည်း ဆိုတော့ နည်းနည်း ပင်ပန်းတာပေါ့။ ၂ဝ၁၃ထဲမှာတော့ ခင်ဘုဏ်း အနုပညာကိုပိုပြီး ဆန်းသစ်အောင် လုပ်မယ်။ ကိုယ့်ရဲ့ ရှင်သန်မှု အတွက် ဖန်တီးမှုလေး တစ်ခုခုလုပ်နေမှ ရှင်သန်နိုင် မှာဖြစ်တဲ့ အတွက် အခွေတွေ ပရိသတ်ရှေ့ကို ရောက်မလာသေးရင်လည်း ဖန်တီးမှုတွေကတော့ အမြဲလိုလုပ်နေ မှာပါ” လို့ ခင်ဘုဏ်းက ပြောပြ ခဲ့ပါတယ်။

ရဲရဲ

တေးသံရှင် ခင်ဘုဏ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲမှာ ပါ
ဝင်ခဲ့ပြီး ခုလို ရန်ပုံငွေပွဲတွေမှာ အင်တိုက်အားတိုက် တတ်နိုင်သမျှ ပါဝင်ဖျော်ဖြေသွားမယ်လို့လည်း ဆိုပါ
တယ်။

ကချင်စစ်ပွဲရပ်စဲဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ

ကချင်စစ်ပွဲရပ်စဲဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မြန်မာအစိုးရ ထိုးစစ်တွေ အမြန်ဆုံးရပ်စဲဖို့နဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးရေးအတွက် ကချင်၊ ကရင်၊ ရှမ်း၊ လားဟူ၊ ဗမာလူမျိုးများ ပူးပေါင်းပြီး လူအင်အား ၈ဝခန့်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့မနက်က စုဝေးဆန္ဒပြခဲ့ကြပါတယ်၊

ဒီဆန္ဒပြပွဲကို ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်သားများ (Kachin Community in Thailand) KCT၊ ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့(ONSOB)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)တို့နဲ့ အတူ Rangsit,  Bangkok Assumption နဲ့  Phayap တက္ကသိုလ်တို့က ကျောင်းသားကျောင်းသူတွေ  ပူးပေါင်းပြုလုပ်ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကချင်အမျိုးသား (La Lu Nan) လာနုနန် က လွန်ခဲ့တဲ့ ၂ဝ၁၁ခုနှစ် ဇွန်လကနေစပြီးတော့ ကျနော်တို့ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ကချင်ပြည်သူတွေ နေထိုင်တဲ့နေရာတွေမှာ စပြီးထိုးစစ်ဆင်ခဲ့တာ ၂နှစ်ပြည့်လာပါပြီ၊ ထိုးစစ်ဆင်မှု ရပ်တန့်မသွားဘဲ ပိုပိုဆိုးလာတာတင်မက လေယာဉ်နဲ့တိုက်ခိုက်မှုတွေလုပ်လာပါတယ်၊ ဒါတင်မက အမျိုးသမီးများနဲ့ ကလေးများကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ လုပ်နေပါတယ်၊ ဒီအရာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကနေ့ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမများနဲ့အတူ ကျနော်တို့ ကချင်လူထုများက သမ္မတဦးသိန်းစိန်နှင့် စစ်ဦးစီးချုပ် မင်းအောင်လှိုင်တို့ သိရှိစေရန် လာရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ် လို့ ပြောပါတယ်။

သူတို့ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ကချင်လူထု၊ စစ်ပြေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ KIA ကို စစ်လေယာဉ်များနဲ့ တိုက်ခိုက်နေမှုရပ်စဲရေး၊ ကချင်စစ်ပြေး ဒုက္ခသည်တွေကို နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေက  အကူအညီပေးရေး၊ အစိုးရစစ်တပ်တွေ ရုပ်သိမ်းပြီး နိုင်ငံရေး စကားပြောဆိုမှု စတင်ရေးတို့ကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာက အကူအညီနဲ့ ဆေးဝါးတွေမရတဲ့အတွက်  စစ်ပြေးဒုက္ခသည်တွေထဲမှာ ကလေးသူငယ်တွေနဲ့ အသက်ကြီးသူတွေဟာ ဒုက္ခရောက်နေပြီး အစားအသောက်အတွက်လည်း ခက်ခဲနေပါတယ်လို့ လာနုနန်က ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတဦးကတော့ RFA ကို အခုလိုပြောပါတယ်။

“ကျမတို့ကချင်ပြည်မှာ စစ်တွေဖြစ်နေတာ အဲဒါဒုက္ခသည်ပေါင်းလည်း ၁သိန်းနီးပါး ရှိသွားပြီ၊ ကမ္ဘာကိုပြောချင်တာက ကျမတို့မြန်မာအစိုးရရဲ့ ပြောင်းလဲပါပြီဆိုတဲ့ မူဝါဒဟာ လက်ရှိအခြေအနေမှာ လုံးဝမပြောင်းလဲပါဘူး ဆိုတာကို message ပေးချင်ပါတယ်”

ဆန္ဒပြတောင်းဆိုပွဲကို ထိုင်းရဲတွေက လုံခြုံရေးယူပေးထားခဲ့ပြီး  ဦးဆောင်သူတွေက သူတို့ရဲ့ထုတ်ပြန်ကြေညာချက်ကို ထိုင်းရဲအရာရှိတွေကနေတဆင့် မြန်မာသံရုံးကို ပေးအပ်ခဲ့ပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မြန်မာအစိုးရ ထိုးစစ်တွေ အမြန်ဆုံးရပ်စဲဖို့နဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးရေးအတွက် ကချင်၊ ကရင်၊ ရှမ်း၊ လားဟူ၊ ဗမာလူမျိုးများ ပူးပေါင်းပြီး လူအင်အား ၈ဝခန့်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့မနက်က စုဝေးဆန္ဒပြခဲ့ကြပါတယ်၊

မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ် CRI အသံလွှင့်ဌာနတို့ ပူးပေါင်းစီစဉ်သည့် မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲနက်ဖြန်ကျင်းပမည်

မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံ CRI အသံလွှင့်ဌာနတို့ ပူးပေါင်း စီစဉ် သည့် မြန်မာ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်န၀ါရီ ၁၂ရက်တွင်နေပြည်တော်တပ်ကုန်း၊ မြန်မာ့အသံနှင့် မြန်မာ့ ရုပ်မြင်သံကြား
Auditorium ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူ့ဘဏ္ဍာဖြင့် ၀ယ်ယူထားသော ဆေးရုံသုံးဆေးဝါး များ ဆေးရုံအုပ်ကိုယ်တိုင် လိမ်ထုတ်ပြီး ပြင်ပသို့ ရောင်းစားခဲ့သည့် အမှုမှန် စာရင်းစစ်ချုပ်ဖေါ်ထုတ်လိုက်ပြီ


ပြည်သူ့ဘဏ္ဍာဖြင့် ၀ယ်ယူထားသော ဆေးရုံသုံးဆေးဝါး များ ဆေးရုံအုပ်ကိုယ်တိုင် လိမ်ထုတ်ပြီး ပြင်ပသို့ ရောင်းစားခဲ့သည့် အမှုမှန် စာရင်းစစ်ချုပ်ဖေါ်ထုတ်နိုင်ခဲ့

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်မှ မန္တလေးမြို့ ဗဟိုဆေးသိုလှောင်ရေးဌာနအား ၂၀၁၀-၂၀၁၁ခုနှစ် ဘတ်ဂျက်ရသုံးစာရင်းများအား စာရင်းစစ်အဖွဲ့မှ စစ်ဆေးစဉ် ဆေးများ လိမ်လည်ထုတ်ပြီး ကိုယ်ကျိုးသုံးနေမှုကို ဖေါ်ထုတ်သိရှိရပါသည်။

မန္တလေးမြို့၊ ဗဟိုဆေးသိုလှောင်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဒေါက်တာဒေါ်ခင်သန်းချိုမှ စစ်ကိုင်းပြည်သူ့ဆေးရုံ အတွက်ဟု ခေါင်းစဉ်တပ်လျှက် ခင်ပွန်းဖြစ်သူ စစ်ကိုင်းတိုင်းပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဦးအောင်ကျော်မြင့်အား 
EPHEDRINE 41Boxs ထုတ်ပေးခဲ့ပြီး ပြင်ပဆေးခန်း များနှင့် ဆေးဆိုင်များသို့ ရောင်းချခဲ့သည်ကို စစ်ရင်းစစ်အဖွဲ့မှ အမှုမှန်ဖေါ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်မှ မန္တလေးမြို့ ဗဟိုဆေးသိုလှောင်ရေးဌာနအား ၂၀၁၀-၂၀၁၁ခုနှစ် ဘတ်ဂျက်ရသုံးစာရင်းများအား စာရင်းစစ်အဖွဲ့မှ စစ်ဆေးစဉ် ဆေးများ လိမ်လည်ထုတ်ပြီး ကိုယ်ကျိုး သုံးနေ မှု ကို ဖေါ်ထုတ်သိရှိရပါသည်။

ဂရင်းနစ်စံချိန်တင် ဥာဏ်ကြီးရှင် Michael Kearney

ဂရင်းနစ်စံချိန်တင် ဥာဏ်ကြီးရှင်

Michael Kearney လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ မနုဿဗေဒ ပညာရပ်နဲ့ ဘွဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံးနဲ့ ဘွဲ့ရှိသူအဖြစ် စံချိန်ခဲ့ပါတယ်။

အသက် ၁၄ နှစ်ရောက်တော့လည်း ဓာတုဇီဝ ဘာသာရပ်နဲ့ မာစတာဒီဂရီ ရရှိခဲ့ပါတယ်။ အဲ့တုန်းကလည်း ဂင်းနစ်စံချိန်တင်ခဲ့ပြန်ပါသေး တယ်။

၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဖွားပြီး အသက် ၄ လပိုင်းလောက်နဲ့ စကား တစ်လုံးစ နှစ်လုံးစ ပီပီပြင်ပြင် စပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာ နေထိုင်တဲ့ အမေရိကန်ကပြား လူငယ် ဖြစ်ပါတယ်။ ၆ လသားအရွယ်ရောက်တော့ တော်တော်ပြောတတ် သွားပါပြီ။ အသက် ၄ နှစ်သား ရောက်တော့ Johns Hopkins ရဲ့  သင်္ချာဥာဏ်စမ်းပုစ္ဆာများကို အမှတ်ပြည့်ရအောင် ဖြေနိုင်ပြီး San Marin High School မှာ ကျောင်းစတတ်ပါတယ်။ အသက် ၆ နှစ်သားမှာပဲ အထက်တန်း ကျောင်းပညာ ပြီးဆုံးပါတယ်။ အဲ့တုန်းက ၁၉၉၀ ခုနှစ် ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်ကပဲ Santa Rosa Junior College ကို ဆက်တက်ပြီး အသက် ၈ နှစ်သားမှာ Associate of Science မေဂျာနဲ့ အောင်မြင်ပါတယ်။ ဆက်ပြီးတော့ University of South Alabama မှာ မနုဿဗေဒ ဘာသာအထူးပြု တက်ရောက်ပြီး အသက် ၁၀ နှစ်သားနဲ့ ဘွဲ့တစ်ခု ရရှိခဲ့ပါတယ်။ အဲ့မှာပဲ ဂင်းနစ်စံချိန်တင်မှုက စင်တင် ပါတော့တယ်။

အသက် ၁၄ နှစ်သားရောက်တော့ Middle Tennessee State University မှာ ဓာတု ဇီဝ ဘာသာရပ်နဲ့ မာစတာဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီမှာလည်း ဂင်းနစ် စံချိန်ထပ်တင်နိုင်ခဲ့ပါသေးတယ်။ သူ စာတန်းပြုစုထားတဲ့ ၁၁၈ မျက်နှာစာ thesis ဟာလည်း တော်ရုံလူ မရေးနိုင်တဲ့ ဟာကို ရေးသားပြုစုခဲ့ခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ နောက်တော့ အမေရိကန်နိုင်ငံ ရုပ်သံတီဗီတွေမှာ နာမည်ကြီး လူငယ် တစ်ဦး ဖြစ်လာပြီး ဥာဏ်စမ်းပဟေဌိပွဲပေါင်းမြောက်များစွာမှာ ပါဝင်လာပါတယ်။ ပွဲတိုင်းမှာလည်း အမေရိကန်ဒေါ်လာ သိန်းချီတဲ့ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ပြီး ယနေ့အထိပဲ မိုက်ကယ်ဟာ လူငယ် ဥာဏ်ကြီးရှင်အဖြစ် ထင်ရှားကြောင်း သိရပါတယ်။


Ref: wiki

ရိုးရာလေး ပညာရေး



NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

Michael Kearney လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ မနုဿဗေဒ ပညာရပ်နဲ့ ဘွဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံးနဲ့ ဘွဲ့ရှိသူအဖြစ် စံချိန်ခဲ့ပါတယ်။အသက်၁၄ နှစ်ရောက်တော့လည်းဓာတုဇီဝဘာ
သာရပ်နဲ့ မာစတာ ဒီဂရီ ရရှိခဲ့ပါတယ်။ အဲ့တုန်းကလည်း ဂင်းနစ်စံချိန်တင် ခဲ့ပြန် ပါသေး တယ်။

အမေရိကန်တွင် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေး ပျံ့နှံ့လျက်ရှိ

အမေရိကန်တွင် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေး ပျံ့နှံ့လျက်ရှိ

အမေရိကန် နိုင်ငံတွင် ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်
နေရကြောင်းသိရှိရသည်။ ဘော်စတွန်မြို့နှင့်အနီးတဝိုက်တွင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ
တစ်ရပ် ကြေညာထားရကြောင်းလည်း သတင်းများက ဆိုသည်။

သြစတြေးလျသို့ဦးတည်သည့် နာရယ်လီမုန်တိုင်း အလွန်အားကောင်းလာ

သြစတြေးလျသို့ဦးတည်သည့် နာရယ်လီမုန်တိုင်း အလွန်အားကောင်းလာ

ဩစတြေးလျ နိုင်ငံသို့ ဦးတည်လာသော နာရယ်လီ မုန်တိုင်းသည် ယခုအခါ ဆိုင်ကလုန်း အဆင့်ထိ အား
ကောင်းလာနေကြောင်း သိရှိရသည်။ သို့သော်လည်း အပူပိုင်း မုန်တိုင်းအဆင့်မှ တဖြည်းဖြည်း အားကောင်း
လာသည့် အဆိုပါ ဆိုင်ကလုန်းသည် အနောက် ဩစတြေးလျ ကမ်းခြေသို့ တိုက်ရိုက် ဝင်ရောက်ဖွယ် မရှိ
ကြောင်း ရာသီဥတု လေ့လာရေး ပညာရှင်များက ဆိုသည်။

သီရိလင်္ကာအမျိုးသမီး ဆော်ဒီတွင် သေဒဏ်ပေးခံရပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာ


သီရိလင်္ကာအမျိုးသမီးတစ်ဦးကို ဆော်ဒီအာရေဗျဥပဒေအရ ခေါင်းဖြတ်သတ်ခဲ့သည့်နောက် နှစ်နိုင်ငံကြား
ဆက်ဆံရေး တင်းမာလာခဲ့သည်။ သီရိလင်္ကာမှ ငယ်ရွယ်သော အမျိုးသမီး တစ်ဦးသည် အရှေ့အလယ်ပိုင်း
ဒေသရှိ ကြွယ်ဝချမ်းသာသောဘုရင့်နိုင်ငံတော်သို့ (၂၀၀၅)ခုနှစ်က ရောက်ရှိခဲ့သည်။သူမသည်ကလေးထိန်း
အလုပ်ကို ဝင်ရောက် လုပ်ကိုင်ခဲ့ရာမှ ကံဆိုးခဲ့ပြီးနောက် ကလေးဖြစ်သူ သေဆုံးသွားခဲ့သည်။

ခြင်္သေ့နှင့်တူအောင် ပြုပြင်ထားသည့်ခွေးကြောင့် ရဲတပ်ဖွဲ့အလုပ်များ


အမွေးများကို ခြင်္သေ့နှင့်တူအောင် ပြုပြင်ကာ ရိတ်ထားသည့် ခွေးတစ်ကောင်ကြောင့် ဗာဂျီနီးယား ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့ကြောင်းသိရှိရသည်။အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်
ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်
ကြားခဲ့သည်။

ကမ္ဘာနှင့်အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၇ ဘီလျံမျှရှိနေ

Add caption

နက္ခတ်ဗေဒ ပညာရှင်များက စကြာဝဠာထဲတွင် ကမ္ဘာဂြိုဟ်နှင့် အရွယ်အစား တူညီသော ဂြိုဟ်ပေါင်း (၁၇)
ဘီလျံမျှ ရှိနေကြောင်း ပြောကြားလိုက်သည်။ ပျမ်းမျှအားဖြင့် နေအဖွဲ့အစည်း (၆)ခုရှိတိုင်း (၁)ခုတွင် အနည်း
ဆုံး ကမ္ဘာနှင့် ရွယ်တူ ဂြိုဟ်တစ်လုံး လှည့်ပတ်နေလေ့ ရှိရာ နဂါးငွေ့တန်းကြီး တစ်ခုလုံးစာတွင် ယင်းအရွယ်
အစား ဂြိုဟ်ပေါင်း (၁၇)ဘီလျံမျှ ရှိနေမည်ဟု Kepler နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့် လေ့လာဆန်းစစ်မှု
များ ပြုလုပ်နေသော သုတေသီများက ရှင်းလင်း ပြောဆိုခဲ့သည်။

The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားသောအမှု သတ္တုတွင်းဝန်ကြီးဌာနက ပိတ်သိမ်းပေးလိုက်ပြီ

ရန်ကုန်၊ ဇန်န၀ါရီ-၁၁

The Voice Weekly သတင်းဂျာနယ်အား သတ္တုတွင်းဝန်ကြီးဌာနမှ အသရေဖျက်မှုဖြင့် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားခြင်းကို ယနေ့(ဇန်န၀ါရီ ၁၁ ရက်)တွင် အမှုကိုပိတ်သိမ်းပေးလိုက်ကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေက ပြောသည်။ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သွားရောက်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ယာယီမှ တာဝန်ရှိသူများကလည်း ၀င်ရောက်ညှိနှိုင်းပေးခဲ့ခြင်းကြောင့် အမှုကိုရုတ်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်မင်းဆွေကပြောသည်။

“ဟောင်ကောင်လေကြောင်းလိုင်း စတင်ပြေးဆွဲ”

“ဟောင်ကောင်လေကြောင်းလိုင်း စတင်ပြေးဆွဲ”

ရန်ကုန်၊ ဇန်န၀ါရီ ၁၁

Hong Kong Dragon Air လေကြောင်းလိုင်း စတင်ပျံသန်းသည့် အထိမ်း အမှတ်အဖြစ် ဇန်န၀ါရီမှ မတ် (၃၁)ရက်နေ့အထိ ရန်ကုန်-ဟောင်ကောင်-ရန်ကုန် ခရီးစဉ်အား ကန်ဒေါ်လာ ၃၈၈ ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းလိုင်းသည် ရန်ကုန်လေဆိပ်နှင့် ဇန်န၀ါရီ ၉ရက်နေ့မှ စတင်ပျံသန်းပြေးဆွဲနေပြီ ဖြစ်သည်။ ယင်းလေကြောင်းလိုင်းသည် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၂၁မြို့ အပါအ၀င် ဒေသတွင်း ခရီးစဉ်ပေါင်း ၄၃ ခုကို လေယာဉ်ပေါင်း ၃၆ စီးဖြင့် ပြေးခွင့်ပျံသန်းနေပြီး နိုင်ငံပေါင်း ၁၆၀ ကျော်နှင့် တိုက်ရိုက်ပျံသန်းလျက်ရှိကြောင်း သိရသည်။

ယင်းလေကြောင်းလိုင်းသည် ရန်ကုန်နှင့်ဟောင်ကောင် တိုက်ရိုက်ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပြေးဆွဲသွား မည် ဖြစ်သည်။

WY

Hong Kong Dragon Air လေကြောင်းလိုင်း စတင်ပျံသန်းသည့် အထိမ်း အမှတ်အဖြစ် ဇန်န၀ါရီမှ မတ် (၃၁)
ရက်နေ့အထိ ရန်ကုန်-ဟောင်ကောင်-ရန်ကုန်ခရီးစဉ်အားကန်ဒေါ်လာ ၃၈၈ ဈေးနှုန်းဖြင့် ရောင်းချပေးသွား
မည် ဖြစ်ကြောင်း သိရသည်။

ယနေ့မနက်ပိုင်းက မထသ ၂၀၄ မီနီဘတ်စ်တစ်စီး ရန်ကုန်မြို့ ဗဟန်းမြိုနယ် ရွှေတိဂုံဘုရားအမြောက်ဘက်မုဒ် M3 စားသောက်ဆိုင်အနီးတွင်တိမ်းမှောက်မှုဖြစ်ပွား

မထသ ၂၀၄ မီနီဘတ်စ်ရွှေတိဂုံဘုရားအနီးတွင်တိမ်းမှောက်

January 11, 2013Home, သတင်း 

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့ က ရန်ကုန်မြို့ ဗဟန်းမြိုနယ် ရွှေတိဂုံဘုရားအမြောက်ဘက်မုဒ် M3 စားသောက်ဆိုင်အနီးတွင်

မသထ ၂၀၄ မီနီဘတ်စ်ယာဉ်တစ်စီးမှဘရိတ်ပေါက်ကာ တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါကားမှောက်မှုကြောင့်လူသေဆုံးမှုမရှိပဲထိခိုက်ဒဏ်ရာရရှိမှုသာရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများကိုလည်း

ရန်ကုန်မြို့ ပြည့်သူဆေးရုံကြီးသို့ ပိုဆောင်ကာဆေးကုသပေးနေကြောင်းသိရှိရသည်။ယာဉ်မောင်းသူထွက်ပြေးတိမ်းရှောင်ခြင်းမရှိပဲ…ခရီးသည်များမှာပွန်းပဲ့ဒဏ်ရာမျှသာရရှိကြောင်း..

Hot News သို့ကိုယ်တိုင်ပြောကြားခဲ့သည်။

အေးချမ်းမွန်မှ   Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့ က ရန်ကုန်မြို့ ဗဟန်းမြိုနယ် ရွှေတိဂုံဘုရားအမြောက်ဘက်မုဒ် M3 စား
သာက်ဆိုင်အနီးတွင်မသထ ၂၀၄ မီနီဘတ်စ်ယာဉ်တစ်စီးမှဘရိတ်ပေါက်ကာ တိမ်းမှောက်မှုတစ်ခုဖြစ်ပွား
ခဲ့ကြောင်းသိရသည်။

ဂျပန်တွင် ရထားရှေ့  သေကြောင်းကြံပါက ကျန်ရှိသူမှ ဒဏ်ငွေ ယန်း ၁ သန်းဆောင်ရမည်

ဂျပန်တွင် ရထားရှေ့  သေကြောင်းကြံပါက ကျန်ရှိသူမှ ဒဏ်ငွေ ယန်း ၁ သန်းဆောင်ရမည်

ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ 

ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။ 
--
Ref: japantoday
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_11.html

--

ဂျပန်နို