Pages

Friday, January 11, 2013

ရှနိုက်ဒါအတွက် ဂါလာတာဆာရေး ကမ်းလှမ်းမှုကို အင်တာ လက်ခံလိုက်ပြီဖြစ်

ရှနိုက်ဒါအတွက် ဂါလာတာဆာရေး ကမ်းလှမ်းမှုကို အင်တာ လက်ခံလိုက်ပြီဖြစ်

အင်တာမီလန် အသင်းသည် ၎င်းတို့၏ ကွင်းလယ် ကစားသမား ဝက်စ်လေ ရှနိုက်ဒါအတွက်ဂါလာတာဆာ
ရေးထံမှ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်သည်။ အီတလီ ကလပ်သည် နယ်သာလန် လက်ရွေးစင် ကွင်း
လယ်လူအတွက် ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်း ဈေးပေးလာသည့်တူရကီထိပ်သီးကလပ်အား ခေါင်းညိတ်
ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ရှနိုက်ဒါသည် (၂၀၁၁)ခုနှစ်၊ နွေရာသီက ယူရို သန်း(၄၀)မျှထိ ပေါက်
ဈေးရှိခဲ့သည်။
အင်တာအသင်း ဥက္ကဋ္ဌ မက်ဆီမို မိုရက်တီက ယခုအခါ ဂါလာတာဆာရေး၏ ချဉ်းကပ်မှုကို မိမိတို့ လက်ခံ
လိုက်ပြီဟု အတည်ပြုသွားသည်။ ရှနိုက်ဒါသည် အင်တာတွင် တစ်ပတ်လုပ်ခ ယူရို နှစ်သိန်းခွဲမျှ ရရှိနေပြီး ယင်းလုပ်ခကို လျှော့ချကာ သက်တမ်းတိုး စာချုပ်ရန် အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ထားသည်။ ထို့
ကြောင့် အင်တာကလည်း ရှနိုက်ဒါကို စက်တင်ဘာလ ကတည်းက ကစားခွင့် ပိတ်ပင်ထားလိုက်သည်။

မိုရက်တီက အီစတန်ဘူလ် အခြေစိုက် အသင်း၏ ကမ်းလှမ်းမှုကို အတည်ပြုခဲ့ပြီး "ဂါလာတာဆာရေးဆီက ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့ပါတယ်။ကျွန်တော်တို့ ဒီအတွက် ကျေနပ်ပါတယ်။ခုတော့ကိစ္စအားလုံးက ကစား
သမားနဲ့ပဲ ဆိုင်ပါတော့တယ်"ဟု ပြောကြားခဲ့သည်။ ဂါလာတာဆာရေးသည် ရှနိုက်ဒါ၏ လုပ်ခလစာ ကိစ္စ
အတွက်မူ ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်သည်။ ရှနိုက်ဒါကို ခေါ်ယူရန် တော့တင်ဟမ် ဟော့စပါးနှင့် လီဗာပူးလ် အသင်းများကလည်း စိတ်ဝင်စားခဲ့သေးသော်လည်း ၎င်း၏ လုပ်ခကြောင့် ရှေ့ဆက်တိုးမှု မရှိခဲ့
ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Source: Goal

0 comments:

Post a Comment