Pages

Friday, January 11, 2013

"ရင်ထဲမှာ NLD အလံစိုက် ထားတယ်ဆိုသူ ခင်ဘုဏ်း"

"ရင်ထဲမှာ NLD အလံစိုက် ထားတယ်ဆိုသူ ခင်ဘုဏ်း"

တေးသံရှင် ခင်ဘုဏ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ပြီး ခုလို ရန်ပုံငွေပွဲတွေမှာ အင်တိုက်အားတိုက် တတ်နိုင်သမျှ ပါဝင်ဖျော်ဖြေသွားမယ်လို့လည်း ဆိုပါတယ်။

”ကိုယ်တစ်ယောက်တည်း အားလုံးကို လှူဖို့ ဆိုတာမဖြစ်နိုင်ဘူး။ ခုလိုကိုယ်တတ်နိုင်တဲ့ အဆိုဘက်ကနေ တတ်နိုင်သလောက် ပါဝင်ရတာကို ဝမ်းသာတယ်”လို့ ပြောတဲ့ ခင်ဘုဏ်းက NLD ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေပေမယ့် NLD ပါတီဝင်တစ်ဦးအနေနဲ့တော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

”နေရာတိုင်းတော့ မရောက်ဖြစ်ပါဘူး။ အဖွဲ့ဝင်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်ကတည်းက ခင်ဘုဏ်းနှလုံးသားထဲမှာ NLD အလံ စိုက်ထားပါတယ်။ အဲဒီအတွက် အပြင်ပိုင်းတွေ လုပ်ဖြစ်နေဖို့ ပြောနေဖို့မလိုပါဘူး။ ခင်ဘုဏ်း ရင်ထဲမှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတာတော့ နှလုံးသားနဲ့ ခံစားတတ် သူတိုင်း သိမှာပါ”လို့ ခင်ဘုဏ်းက ပြောပြပါတယ်။

လတ်တလောမှာတော့ ခင်ဘုဏ်းက သူ့ရဲ့ လုပ်လက်စ တစ်ကိုယ်တော်အခွေ ‘သစ်ပင်’က တစ်ယောက်တည်း လုပ်နေရတာကြောင့် နည်းနည်းကြန့်ကြာနေ တယ်လို့ ဆိုပါတယ်။

”အမျိုးသားက ပြန်သွားပြီဆိုတော့ တစ်ယောက်တည်း လုပ်ရတာ။ ရှိုးဆို လိုက်၊ အသံသွင်းတဲ့ အပိုင်းလုပ်လိုက် ဆိုတော့လေ။ အမျိုးသားက ဟိုကို မပြန်ခင်ကတော့ အများ ကြီး အတီးပိုင်းတွေ လုပ်ပေးသွားပါတယ်။ ခုက ဟိုမှာ ဆိုတော့ သူလည်း ဘာမှမလုပ်ပေးနိုင်ဘူး။ လောလောဆယ်တော့ လိုက်မသွားဖြစ်လောက် သေးဘူး။ ခင်ဘုဏ်း ဗီဇာရတဲ့အချိန်တော့ သူလည်း ပြန်လာပြီး ဟိုကိုနှစ်ယောက်စလုံး သွားဖြစ်မယ်။ အမြဲလိုတော့ သူနဲ့ အခါပေါင်း များစွာ စကားပြောဖြစ်တယ်။ သူအနားမှာ မရှိပေမယ့် ရှိနေသလိုပါပဲ။ တစ်ယောက်တည်း ဆိုတော့ နည်းနည်း ပင်ပန်းတာပေါ့။ ၂ဝ၁၃ထဲမှာတော့ ခင်ဘုဏ်း အနုပညာကိုပိုပြီး ဆန်းသစ်အောင် လုပ်မယ်။ ကိုယ့်ရဲ့ ရှင်သန်မှု အတွက် ဖန်တီးမှုလေး တစ်ခုခုလုပ်နေမှ ရှင်သန်နိုင် မှာဖြစ်တဲ့ အတွက် အခွေတွေ ပရိသတ်ရှေ့ကို ရောက်မလာသေးရင်လည်း ဖန်တီးမှုတွေကတော့ အမြဲလိုလုပ်နေ မှာပါ” လို့ ခင်ဘုဏ်းက ပြောပြ ခဲ့ပါတယ်။

ရဲရဲ

တေးသံရှင် ခင်ဘုဏ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲမှာ ပါ
ဝင်ခဲ့ပြီး ခုလို ရန်ပုံငွေပွဲတွေမှာ အင်တိုက်အားတိုက် တတ်နိုင်သမျှ ပါဝင်ဖျော်ဖြေသွားမယ်လို့လည်း ဆိုပါ
တယ်။”ကိုယ်တစ်ယောက်တည်း အားလုံးကို လှူဖို့ ဆိုတာမဖြစ်နိုင်ဘူး။ ခုလိုကိုယ်တတ်နိုင်တဲ့ အဆိုဘက်ကနေ 
တတ်နိုင်သလောက် ပါဝင်ရတာကို ဝမ်းသာတယ်”လို့ ပြောတဲ့ ခင်ဘုဏ်းက NLD ရဲ့ လှုပ်ရှားမှုတွေမှာ 
ပါဝင်နေပေမယ့် NLD ပါတီဝင်တစ်ဦးအနေနဲ့တော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။


”နေရာတိုင်းတော့ မရောက်ဖြစ်ပါဘူး။အဖွဲ့ဝင်လည်းမဟုတ်ပါဘူး။ဒါပေမဲ့အရင်ကတည်းကခင်ဘုဏ်းနှလုံး
သားထဲမှာ NLD အလံ စိုက်ထားပါတယ်။ အဲဒီအတွက်အပြင်ပိုင်းတွေလုပ်ဖြစ်နေဖို့ ပြောနေဖို့မလိုပါဘူး။ 
ခင်ဘုဏ်း ရင်ထဲမှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတာတော့ နှလုံးသားနဲ့ ခံစားတတ် သူတိုင်း သိမှာပါ”လို့ 
ခင်ဘုဏ်းက ပြောပြပါတယ်။

လတ်တလောမှာတော့ ခင်ဘုဏ်းက သူ့ရဲ့ လုပ်လက်စ တစ်ကိုယ်တော်အခွေ ‘သစ်ပင်’က တစ်ယောက်
တည်း လုပ်နေရတာကြောင့် နည်းနည်းကြန့်ကြာနေ တယ်လို့ ဆိုပါတယ်။


”အမျိုးသားက ပြန်သွားပြီဆိုတော့ တစ်ယောက်တည်း လုပ်ရတာ။ ရှိုးဆို လိုက်၊ အသံသွင်းတဲ့ အပိုင်းလုပ်
လိုက် ဆိုတော့လေ။ အမျိုးသားက ဟိုကို မပြန်ခင်ကတော့ အများ ကြီး အတီးပိုင်းတွေ လုပ်ပေးသွားပါ
တယ်။ ခုက ဟိုမှာ ဆိုတော့ သူလည်း ဘာမှမလုပ်ပေးနိုင်ဘူး။ လောလောဆယ်တော့ လိုက်မသွားဖြစ်
လာက် သေးဘူး။ ခင်ဘုဏ်း ဗီဇာရတဲ့အချိန်တော့ သူလည်း ပြန်လာပြီး ဟိုကိုနှစ်ယောက်စလုံး သွားဖြစ်
။ အမြဲလိုတော့ သူနဲ့ အခါပေါင်း များစွာ စကားပြောဖြစ်တယ်။ 
 
သူအနားမှာ မရှိပေမယ့် ရှိနေသလိုပါပဲ။တစ်ယောက်တည်းဆိုတော့ နည်းနည်း ပင်ပန်းတာပေါ့။၂ဝ၁၃
ထဲမှာတော့ ခင်ဘုဏ်း အနုပညာကိုပိုပြီး ဆန်းသစ်အောင် လုပ်မယ်။ ကိုယ့်ရဲ့ ရှင်သန်မှု အတွက် ဖန်တီး
မှုလေး တစ်ခုခုလုပ်နေမှ ရှင်သန်နိုင် မှာဖြစ်တဲ့ အတွက် အခွေတွေ ပရိသတ်ရှေ့ကို ရောက်မလာသေးရင်
လည်း ဖန်တီးမှုတွေကတော့ အမြဲလိုလုပ်နေ မှာပါ” လို့ ခင်ဘုဏ်းက ပြောပြ ခဲ့ပါတယ်။


ရဲရဲ
ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment