Pages

Friday, January 11, 2013

အမေရိကန်တွင် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေး ပျံ့နှံ့လျက်ရှိ

အမေရိကန်တွင် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေး ပျံ့နှံ့လျက်ရှိ

အမေရိကန် နိုင်ငံတွင် ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်
နေရကြောင်းသိရှိရသည်။ ဘော်စတွန်မြို့နှင့်အနီးတဝိုက်တွင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ
တစ်ရပ် ကြေညာထားရကြောင်းလည်း သတင်းများက ဆိုသည်။
ယင်းတုပ်ကွေးသည် လူပေါင်း တစ်ဒါဇင်ထက် မနည်းကို သေဆုံးစေခဲ့ပြီး အဖျားဝေဒနာ ခံစားနေရသူလည်း ရာပေါင်းများစွာ ရှိနေခဲ့သည်။ ဖလော်ရီဒါမှ မိန်းထိ အရေးပေါ် ကုသမှုများ စီစဉ်ပေးထားပြီး တုပ်ကွေး လက
္ခဏာ ပြသနေသူလူမမာများကိုလက်ခံပေးနေရသည်။ ဘော်စတွန်တွင် ပြီးခဲ့သည့်နှစ်ဇန်နဝါရီက တုပ်ကွေး
 ဝေဒနာသည် (၇၀)မျှသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ တုပ်ကွေးဖြစ်ပွားမှု (၇၀၀)ကျော်နေခဲ့ပြီး မက်ဆာ
ချူးဆက်တွင် အသေအပျောက် (၁၈)ဦးမျှ ရှိနေပြီဟု သိရသည်။
flu in us

"နှစ်ပတ်အတွင်းမှာတင် အရေအတွက်က နှစ်ဆလောက် တိုးလာတယ်"ဟု ဘော်စတွန် ပြည်သူ့ ကျန်းမာ
ရေး ကော်မရှင်မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ဘာဘရာ ဖာရာက ပြောကြားခဲ့သည်။ သူမက "နောက်
ထပ် ဖြစ်နိုင်ခြေတွေလည်း မြင်နေရတုန်းပဲ။ ဘော်စတွန်မှာ တုပ်ကွေး ပျံ့နှံမှုကိုကျွန်မတို့အလေးထား စောင့်
ကြည့်နေရတယ်"ဟု ဆက်လက် ပြောဆိုသွားသည်။အမေရိကန်ရှိအချို့သော ဒေသများတွင် (၂၀၀၉)ခုနှစ်
က H1N1 ဗိုင်းရပ်စ်နှင့် ဆက်နွယ်သော တုပ်ကွေး ကူးစက်မှု ပမာဏာကိုပင် ကျော်လွန်သွားပြီဟု ယူဆရ
သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်မူ ဒီဇင်ဘာလကထက် ယခုလအတွင်း တုပ်ကွေး ဖြစ်ပွားမှု နှစ်ဆ များပြား
နကြောင်း သိရှိရသည်။ ပင်ဆယ်လ်ဗေးနီးယားနှင့် ဖလော်ရီဒါတို့တွင်လည်း တုပ်ကွေးလက္ခဏာ ပြသနေ
သော လူနာများကို ဆေးရုံများတွင် လက်ခံကုသပေးလျှက် ရှိသည်။

တက္ကဆက်စ်တွင်မူ မကြာသေးမီက (၆)နှစ်အရွယ် ကလေးမလေးတစ်ဦး တုပ်ကွေးဖြင့် ကွယ်လွန်ခဲ့ရှာသည်။ ယခုနှစ် တုပ်ကွေးပျံ့နှံ့မှုကြောင့် အချို့သော ဆေးရုံ ဆေးခန်းများတွင် တုပ်ကွေးကုသရာ၌ အသုံးပြုသော Tamiflu ဆေးဝါးပင် ပြတ်လပ်မှုများ ပေါ်ပေါက်လာကြောင်း သတင်းများက ဖော်ပြသွားသည်။


Planet Myanmar Network:

0 comments:

Post a Comment