မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံ CRI အသံလွှင့်ဌာနတို့ ပူးပေါင်း စီစဉ် သည့် မြန်မာ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်န၀ါရီ ၁၂ရက်တွင်နေပြည်တော်တပ်ကုန်း၊ မြန်မာ့အသံနှင့် မြန်မာ့ ရုပ်မြင်သံကြား
Auditoriu m ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
Auditoriu
အဆိုပါပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကဗျာများကို သတင်းစာများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ ပေးပို့ယှဉ်ပြိုင်ကြ
သူများအနက် ပြိုင်ပွဲကျင်းပရေးကော်မတီက စိစစ်ရွေးချယ်ခဲ့သည့် ပဏာမရွေးချယ် ခံကဗျာရှင်၂၆ ၏
အမည် စာရင်းကို သတင်းစာများတွင်ထုတ်ပြန်ကြေညာခဲ ပြီး၊ ကဗျာရွတ်ဆိုပြိုင်ပွဲသို့တက်ရောက်ရန် အကြောင်း ကြားစာများကိုလည်း တစ်ဦးချင်းစီသို့ပေးပို့ထားပြီး၊ တက်ရောက်ကြမည့်သူများအနေဖြင့် ဇန်န၀ါရီ ၁၀ ရက်နေ့နောက်ဆုံးထား၍ ပြန်လည်အကြောင်းကြားပါရန် အသိပေးပြီးဖြစ်ကြောင်းသိရသည်။
ယင်းပြိုင်ပွဲတွင် ပထမဆု ၁ဆု၊ ဒုတိယဆု ၃ ဆု၊ တတိယဆု ၅ ဆုနှင့် အထူးဆု ၅ ဆု၊ စုစုပေါင်း ဆု ၁၄ ဆုကိုချီးမြှင့်မည်ဖြစ်ပြီး၊ လက်ရာကောင်းကဗျာစာမူရှင်ဆု ၁၀၀ အပြင်၊ ပြိုင်ပွဲဝင်အားလုံးကိုလည်း အမှတ် တရလက်ဆောင်များပေးပို့ရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။
Popular Myanmar News
l

0 comments:
Post a Comment