Pages

Friday, January 11, 2013

သြစတြေးလျသို့ဦးတည်သည့် နာရယ်လီမုန်တိုင်း အလွန်အားကောင်းလာ

သြစတြေးလျသို့ဦးတည်သည့် နာရယ်လီမုန်တိုင်း အလွန်အားကောင်းလာ

ဩစတြေးလျ နိုင်ငံသို့ ဦးတည်လာသော နာရယ်လီ မုန်တိုင်းသည် ယခုအခါ ဆိုင်ကလုန်း အဆင့်ထိ အား
ကောင်းလာနေကြောင်း သိရှိရသည်။ သို့သော်လည်း အပူပိုင်း မုန်တိုင်းအဆင့်မှ တဖြည်းဖြည်း အားကောင်း
လာသည့် အဆိုပါ ဆိုင်ကလုန်းသည် အနောက် ဩစတြေးလျ ကမ်းခြေသို့ တိုက်ရိုက် ဝင်ရောက်ဖွယ် မရှိ
ကြောင်း ရာသီဥတု လေ့လာရေး ပညာရှင်များက ဆိုသည်။
မည်သို့ပင်ဖြစ်စေမုန်တိုင်း၏အရှိန်ကြောင့် ဩစတြေးလျအနောက်ဘက်ကမ်းခြေ မြောက်ပိုင်း ဒေသများ
တွင် အင်အားပြင်းထန်သော လေစီးကြောင်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။

narelle

ထို့ကြောင့်မုန်တိုင်းသက်ရောက်နိုင်သော ဒေသများတွင်အပြာရောင်အဆင့်သတိပေးချက်ကိုထုတ်ပြန်ထား
ကြောင်းလည်း သိရသည်။ ပွိုင့်ဆမ်မွန်၊ ဝစ်ခ်ဟမ်း၊ ဒမ်ပီရာ၊ ကိုရယ်လ်ဘေး၊ အွန်စလိုနှင့် အက်စ်မော့သ်စ
သော ဒေသများတွင်ယင်းသတိပေးချက် အကျုံးဝင်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ နာရယ်လီသည် လတ်တလောတွင် တစ်နာရီ (၁၃)ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေပြီး ၎င်း၏ လည်ပတ် လေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀) ဝန်းကျင်ထိ ရှိနေသည်။

တနင်္ဂနွေနေ့တွင်တစ်နာရီကီလိုမီတာ(၁၄၀)မျှထိအားကောင်းလာနိုင်ပြီး၎င်း၏ ဆက်စပ်လေပြင်းများသည်
ကမ်းခြေကို ဝင်ရောက်လာနိုင်ကြောင်း ပညာရှင်များက ယူဆထားသည်။ အနောက်ဘက် ကမ်းခြေ ဒေသ
များတွင် မုန်တိုင်းနှင့် ဆက်နွယ်သည့် ရေလှိုင်းများ ရိုက်ခတ်နိုင်ကြောင်း ကြိုတင် သတိပေးထားသည်။

ထို့အပြင် မြေနိမ့်ပိုင်း ကမ်းခြေအချို့တွင် ရေလွှမ်းမိုးမှုများလည်း ဖြစ်ပေါ်လာနိုင်သည်။ အစိုးရကယင်းဒေသ
များရှိ ရေနံထုတ်လုပ်သော စက်ရုံအချို့ကို လုပ်ငန်းယာယီ ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

Source: HearldSun

0 comments:

Post a Comment