Pages

Friday, January 11, 2013

Facebook Product Architect နှင့် ပထမဆုံး ဒီဇိုင်နာဖြစ်သူ အလုပ်မှနုတ်ထွက်

Facebook Product Architect နှင့် ပထမဆုံး ဒီဇိုင်နာဖြစ်သူ အလုပ်မှနုတ်ထွက်
Facebook ၏ Product Architect အေရွန် ဆစ်တစ်ဂ်
aaron sittig
Add caption
Facebook ၏ Product Architect ဖြစ်သူ အေရွန် ဆစ်တစ်ဂ်သည် အလုပ်မှ နုတ်ထွက်သွားကြောင်း ကုမ္ပဏီ
က အတည်ပြုပြောကြားသည်။ ဆစ်တစ်ဂ်သည် Facebook တွင် အစောဆုံး အလုပ်လုပ်ကိုင်သော ဝန်ထမ်း
တစ်ဦးလည်းဖြစ်ပြီး Facebook ၏ ပထမဆုံး ဒီဇိုင်နာလည်း ဖြစ်သည်။
ဆစ်တစ်ဂ်အား ယခင် Facebookဥက္ကဋ္ဌဟောင်းရှိန်းပတ်ကားက၂၀၀၅ ခုနှစ်တွင်ကုမ္ပဏီသို့ ခေါ်ယူခဲ့ခြင်းဖြစ်
သည်။ ၎င်းသည် ၂၀၁၀ခုနှစ်ဇွန်လက Facebook ဒီဇိုင်းဌာန အကြီးအကဲအဖြစ်မှ နုတ်ထွက်သွားခဲ့ပြီး ၂၀၁၁
ခုနှစ် ဖေဖေါ်ဝါရီလတွင်Facebook သို့ ပြန်လည်ရောက်ရှိလာကာ Product Architect ရာထူးဖြင့် အလုပ်လုပ်
ခဲ့သည်။ ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် Facebook မှ နုတ်ထွက်သွားခြင်းဖြစ်သည်။

aaron sittig

Facebook တွင် ဆစ်တစ်ဂ်၏ အဓိကကျ အရေးပါသော အောင်မြင်မှုမှာ Like button ပုံစံထုတ်ခြင်းနှင့် ဓာတ်ပုံများတွင် tag ပြုလုပ်နိုင်ခြင်းတို့ဖြစ်သည်။ ကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအဝိုင်း၏ အဆိုအရ ဆစ်တစ်ဂ်သည် ယမန်နှစ်အတွင်း Facebook ၏ Mobile ကဏ္ဍနှင့်ပတ်သက်၍ အဓိကကျသည့်အပိုင်းမှ ပါဝင်ခဲ့ကြောင်း သိရသည်။

ဆစ်တစ်ဂ်သည် Facebook ပူးတွဲတည်ထောင်သူ မာ့ခ်ဇက်ကာဘတ်ဂ်နှင့် ရင်းနှီးသူတစ်ဦးလည်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဆစ်တစ်ဂ်၏ မင်္ဂလာပွဲကို ဇက်ကာဘတ်ဂ်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း The Wall Street Journal က ပြောကြားသည်။

Planet Myanmar Network:

0 comments:

Post a Comment