Pages

Friday, May 10, 2013

နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ထောင်ကြွေးကျန် ပုဒ်မကို ပယ်ဖျက်ဖို့ တောင်းဆို

ထောင်ကြွေးကျန် ပုဒ်မကို ပယ်ဖျက်ဖို့ တောင်းဆို

နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁)နဲ့ ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ အဲဒီလိုပြစ်မှုကြွေးကျန်တွေထားရှိတဲ့ပုဒ်မကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းအတွင်းက တောင်သူလယ်သမားနဲ့ ရေလုပ်သားအဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ကြပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အထည်ချောင်ကျေးရွာမှာ မနေ့ကပြုလုပ်တဲ့ တောင်သူလယ်သမား အစည်းအဝေးကနေ အခုလိုသဘောထားကြေညာချက် ထုတ်ပြန်တာဖြစ်ကြောင်း တောင်သူလယ်သမားနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂအဖွဲ့ဝင် ကိုမောင်ငြိမ်းက RFA ကို အခုလိုပြောပါတယ်။

"ထုတ်ပြန်ချက်က ဧရာဝတီတိုင်း တောင်သူလယ်သမား၊ ရေလုပ်သားအားလုံးရဲ့သဘောထားနဲ့ ဗိုလ်ကြီး နေမျိုးဇင်ကို မတရားဖမ်းဆီးထားတဲ့ကိစ္စရယ်၊ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့လူတွေကို မတရားဖမ်းဆီးတဲ့ကိစ္စရယ်၊ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ တောင်သူလယ်သမားတွေထံမှ မတရားသိမ်းထားတဲ့ လယ်ယာမြေတွေကို တောင်သူတွေလက်ထဲပြန်ရောက်ဖို့ကိစ္စရယ် အဲဒါကိုကျနော်တို့စုပေါင်းပြီး အစည်းအဝေးလုပ်ပြီးတော့ သဘောထားကြေညာချက်ကို ထုတ်ပြန်တာပါခင်ဗျာ၊ ဒီထက်မှမရဘူးဆိုလို့ရှိရင် ဧရာဝတီတိုင်းမှာရှိတဲ့ ပြည်သူလူထုတရပ်လုံး လက်မှတ်ထိုးပြီးတော့ သမ္မတထံကို ဦးနေမျိုးဇင်အပါအဝင် ပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ အသနားခံစာတင်မှာခင်ဗျ၊ ကျနော်တို့ ပြည်သူလူထုအင်အားတွေနဲ့ ဆန္ဒဖော်ထုတ်မှုတွေ ဒေသအနှံ့အပြားမှာ ဆုတောင်းပွဲတွေလုပ်ပါမယ်"

တောင်သူလယ်သမားတွေ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်ထဲမှာ မအူပင်မြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဦးနေမျိုးဇင် နည်းတူ ပုဒ်မ၄၀၁ နဲ့ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြစ်မှုကြွေးကျန်တွေကို  ရုတ်သိမ်းပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။

တောင်သူလယ်သမားနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂအဖွဲ့ဟာ ဧရာဝတီတိုင်း ၁၄ မြို့နယ်က တောင်သူလယ်သမားနဲ့ ရေလုပ်သားတွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁ သောင်းကျော် ရှိတယ်လို့သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁)နဲ့
ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ အဲဒီလိုပြစ်မှုကြွေးကျန်တွေထားရှိတဲ့ပုဒ်မကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတို
င်းအတွင်းက တောင်သူလယ်သမားနဲ့ ရေလုပ်သားအဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်တောင်းဆို
လိုက်ကြပါတယ်။

Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပြီ

Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပါပြီ။

၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ(၁၄)ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။ 

သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန့်မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစားရပါ့မယ်။ 

JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့် 
(၁) လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်(၄)မိုင် (ကုန်းမိုင် တစ်နာရီ လျင် ၅ မိုင်ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊ 
(၂) ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်ဖက်နီးလာတာရယ် နောက်ပြီး 
(၃) မုန်တိုင်းဗဟိုချက်အကွာအဝေးတွေကို အိန္ဒိယနိုင်ငံမြို့များမှ မတိုင်းဘဲ ဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်းမြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ် 
ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်။

ဘ၀င်မကျတာတစ်ခုကတော့ မုန်တိုင်းဝင်မယ့်အချိန်ကို 14 May 19:00 UTC (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)ဖြစ်နေတာ တစ်ခုပါဘဲ။ ဘာပြုလို့လည်း ဆိုတော့ ကျွန်တော့်အတွေ့အကြုံအရ မြန်မာပြည်ကို မုန်တိုင်းက ဘယ်တော့မှ ညသန်းကာင်မှာ မဖြတ်ခဲ့ဘူးလို့ပါဘဲ။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)
Ref: Dr Tun Lwin

၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်
ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေ
ကို မေလ(၁၄)ရက်19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်
လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။

၇၇ နှစ်မြောက် ဗကသ နှစ်ပတ်လည်နေ့ ရန်ကုန်မြို့မှာ ကျင်းပ

၇၇ နှစ်မြောက် ဗကသ နှစ်ပတ်လည်နေ့ ရန်ကုန်မြို့မှာ ကျင်းပ

၇၇ နှစ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသရဲ့ ၇၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပ စိတ်တိုင်းကျခန်းမမှာ ဒီနေ့ကျင်းပခဲ့ပြီး ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဗကသနှစ်ပတ်လည် အခါသမယမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုဖို့ အရေးကြီးကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဘယ်လိုပုဒ်မမျိုးဆိုတာကို ကျနော်တို့အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားနေပါတယ်၊ အဲဒါဟာ နောက်နောင်လာလတ္တံသော နိုင်ငံရေးအကျဉ်းသားများအတွက်ပါပဲ၊ ပိုပြီးတော့အရေးကြီးပါတယ်၊ ကျနော်တို့ အချိန်မရွေး နိုင်ငံရေးအကျဉ်သား ထပ်ဖြစ်နိုင်ပါသေးတယ်၊ ထပ်ဖြစ်မယ့်လူတွေလည်း ရှိပါသေးတယ်၊ ကျနော်တို့ဟာ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ခံရဖို့လိုပါတယ်၊ အခုကျနော်တို့သွားနေတာဟာ လွှတ်ရေးသက်သက်မဟုတ်ပါဘူး၊ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ပြီးရင် သူတို့ကိုထောင်ထဲမှာ ဘယ်လိုအဆင့်အတန်းမျိုးနဲ့ ထားရမယ်၊ ဆက်ဆံရမယ်ဆိုတာတွေကို တိတိကျကျဖြစ်ဖို့လိုပါတယ်၊ ဒီ့ထက်ကျယ်ပြန့်တဲ့ကိစ္စက လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အမှန်တရားကို မဖော်ထုတ်ပဲနဲ့ လုပ်လို့မရဘူးဆိုတာ ရှင်းရှင်းပဲကျနော်ပြောပါတယ်”

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသကို ၁၉၃၆ ခုနှစ်မေလ ပထမပတ်အတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

၇၇ နှစ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗကသရဲ့၇၇ နှစ်မြောက် နှစ်ပတ်လည်
အခမ်းအနားကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပ စိတ်တိုင်းကျခန်းမမှာ ဒီနေ့ကျင်းပခဲ့ပြီး ခေတ်အဆက်ဆက် 
ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာပြည်တွင် မုန်တိုင်းသတင်းကြေငြာချက် ထွက်ပေါ်

မြန်မာပြည်တွင် မုန်တိုင်းသတိပေးချက် ထွက်ပေါ်
-------------------------------------------------------------ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိသွားပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေရှိသောကြောင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။

”သဘာဝဘေးအန္တရာယ်နဲ့ ဆိုင်တဲ့ ကော်မတီကိုလည်း အကြောင်းကြားစာ ပို့ထားတယ်။ သက်ဆိုင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေဆီကိုလည်း အကြောင်းကြားထားတယ်”ဟု  ဦးကျော်မိုးဦးက ပြောသည်။

ယခုအချိန်အထိ မုန်တိုင်းလမ်းကြောင်းကို ခန့်မှန်းလျက်ရှိရာ မုန်တိုင်းငယ်အဆင့်သို့ ကူးပြောင်းကာစ အချိန်ဖြစ်သောကြောင့် ခန့်မှန်းရန် ခက်ခဲနေကြောင်း၊ လက်ရှိ မုန်တိုင်းငယ် အ၀ါရောင်အဆင့်ကိုမူ အတည်ပြုနိုင်ကြောင်း မိုး/ဇလ က ဆိုသည်။

”နိုင်ငံတကာက ထုတ်တဲ့ Result တွေ အားလုံးကိုလည်း စောင့်ကြည့်နေတယ်။ အခုပြည်တွင်းကို မလာနိုင်သေးဘူးလို့ ပြောပေမယ့် နောက်နှစ်ရက်လောက်မှာ လမ်းကြောင်းက ပြောင်းဝင်လာနိုင်တယ်။ နိုင်င်ငံတွေကတော့ မော်ဒယ်အမျိုးမျိုးထုတ်ပြီး အဆင့်တွေ သတ်မှတ်နေကြတာပဲ”ဟု ဦးကျော်မိုးဦးက ပြောသည်။

အမေရိကန် လေတပ်နှင့် ရေတပ်ပူးတွဲထားသည့် တိုင်ဖုန်းလေ့လာစောင်ကြည့်ရေး စင်တာ၏ အဆိုအရ မေလ ၁၄ ရက် ဂရင်းနစ် စံတော်ချိန် ညနေ ၇ နာရီ (မြန်မာ စံတော်ချိန် မေ ၁၅ ရက် မနက် ၁ နာရီခွဲ) တွင် မုန်တိုင်း မြန်မာကမ်းရိုးတန်းသို့ ၀င်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်း သတိပေးချက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၃ မိုင် တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် ပင်လယ်ရေမျက်နှာပြင်သည် မုန်တိုင်းကြောင့် ၆ ပေ ကနေ ၈ ပေ အထိ မြင့်တက်လာနိုင်ပြီး အိမ်အမိုး၊ တံခါး နှင့်ပြတင်းပေါက်များ ထိခိုက်ပျက်စီးနိုင်ကြောင်း၊ သစ်ပင်များ လဲပြိုခြင်း၊ ကြံ့ခိုင်မှု မရှိသော အိမ်များ ထိခိုက်ပျက်စီးနိုင်ခြင်း၊ မိုးကြီးပြီး ကမ်းရိုးတန်းနှင့် မြေနိမ့်ပိုင်းဒေသများတွင် မုန်တိုင်း ဗဟို မရောက်မီ ၂ နာရီမှ ၄နာရီ အတွင်း ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကျောက်ချမထားသည့် လှေသဘောင်္ငယ်များ ကြိုးပြတ်ထွက်သွားနိုင်ကြောင်းနှင့် ကုန်းတွင်းပိုင်းဒေသများတွင် မိုးကြီးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလည်း ”အရင်က အိန္ဒိယ အရှေ့မြောက်ကနေ အခု အိန္ဒိယ-ဘင်္ဂလားဒေရှ် အစပ်ဘက်ကနေ ၀င်လာမယ့် သဘောရှိတယ်။ နှစ်ရက်အတွင်းမှာလည်း လမ်းကြောင်းပြောင်းနိုင်တော့ အတိအကျတော့ မပြောနိုင်ဘူး”ဟု ဆိုသည်။

လတ်တလော တွက်ချက်မှုများအရ မုန်တိုင်းလမ်းကြောင်းမှာ ရခိုင်ပြည်နယ်သို့ ဦးတည်နေသည့်အတွက် ယမန်နှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် အိုးအိမ်မဲ့နေသော ဒုက္ခသည်များ လုံလောက်သော အမိုးအကာရရှိရေး အရေးကြီးသည်။ ပြီးခဲ့သော ဧပြီလ အတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အဆိုပါ ဒေသတွင်း အိုးအိမ်မဲ့ ဒုက္ခသည် ၆ သိန်းမှာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။

ref : irrawaddy သတင်းဌာန
photo;internet

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိ
သွားပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေရှိသောကြောင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဋ္ဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြော
သည်။

ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း

(တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း သေဆုံးခဲ့သည့် စုံတွဲ)
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြီးအတွင်း ရှင်းလင်းရေး လုပ်ငန်းများ
ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်အောက်မှ အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

This is the remarkable moment when Bangladeshi rescuers pulled a survivor out the wreckage of the building that collapsed 17 days ago.

You can also take a look at the video here http://www.bbc.co.uk/news/world-asia-22477414

Workers said they heard a woman screaming from the debris. The BBC's correspondent at the scene says her miraculous escape has given some hope to rescuers that more people may still be found alive.

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပြိုကျသွားသည့် အဆောက်အအုံကြီး အောက်၌ (၁၇)ရက်ကြာ ပိတ်မိနေသည့် အ
မျိုးသမီး တစ်ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်လက ဒါကာမြို့
တော်တွင် ဖြစ်ပွားသည့် (၈)ထပ် အဆောက်အအုံ ပြိုကျမှုအတွင်း လူပေါင်း (၁၀၀၀)ကျော် သေဆုံးခဲ့သော်
လည်း အဆိုပါ အမျိုးသမီးမှာမူ ကံကောင်း ထောက်မစွာဖြင့် အပျက်အစီးများ အောက်တွင် မသေမပျောက် ဆက်လက် ရှင်သန်နေခဲ့သည်။

အပူပိုင်းမုန်တိုင်း ဝမ်း (One) ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေ

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ဝမ်း (One) ၏ ရွေ့လျားရာလမ်းကြောင်း ခန့်မှန်းချက်အား Weather Underground မိုးလေဝသဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ ၎င်းဝက်ဘ်ဆိုက်က ခန့်မှန်းဖော်ပြချက်အရ အပူပိုင်းမုန်တိုင်းဝမ်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း တွေ့ရသည်။

အင်္ဂါနေ့ ည သန်းခေါင်ကျော် (19:00 GMT on 14 May)။ ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) နံနက် ၁ နာရီ ခွဲ အချိန်။ 20.0 N, 92.8 E (စစ်တွေမြို့ အနီး) တစ်နာရီ မိုင် ၁၀၀ ကျော် နှုန်း ခန့် (around 166 km/h or 103 mph)။

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ဝမ်း (One) ၏ ရွေ့လျားရာလမ်းကြောင်း ခန့်မှန်းချက်အား Weather Underground မိုးလေဝသဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ ၎င်းဝက်ဘ်ဆိုက်က ခန့်မှန်းဖော်ပြချက်အရ အပူပိုင်းမုန်တိုင်းဝမ်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း တွေ့ရ
သည်။

အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ

မင်းကွန်းယဉ်ကျေးမှုဒေသတွင် သာသနာ့ဝန်ထမ်းများ ကြည်ညိုဖွယ်သွားလာနေထိုင်ရန် သတိပေးတားမြစ်ထား

Minute to Win It မှာ Level-10 ခုလုံးအောင်မြင်သူထွက်ပေါ်လာပြီ

Photo: Minute to Win It မှာ Level-10 ခုလုံးကို ပြီးဆုံးအောင် ကစားသွားနိုင်တဲ့
လူရွှင်တော် 5 Star အဖွဲ့က ပထမဆုံး ဆုငွေ ကျပ် (၁၀)သိန်း ရှိသွားပြီ။
Friday, May 10, 2013

Popular News Journal
(Photo Credit-MRTV-4)

“မြန်မာနိုင်ငံမှ ဟင်နရီဒူးနန့် ဆုတံဆိပ်ရှင် ကြက်ခြေနီစေတနာ့လုပ်အားရှင် စိုင်းအောင်လှိုင်မြင့်”

Photo


ခုတင်ပြသောအကြောင်းအရာပါ အချက်များသည်ကျွန်တော်ရေးသားထားသောအချက်အလက်များ မဟုတ်
ပါ။ကျွန်တော်၏မိတ်ဆွေ တယောက်မှ အများသိစေလိုသောဆန္ဒဖြင့် အင်တာနက်ပေါ်တွင် ဖေါ်ပြပေးပါဟု
မေးမြန်းလာသည့်အတွက်ကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌါနချုပ် ရှိ အမတယောက်လို ခင်မင်လေး
စားရသော ဒေါ်နီနီမိုး ထံ အကူညီလှမ်းတောင်းပြီး အမထံမှတဆင့် မေးလ်ထဲမှ ပေးပို့လာသော ကျွန်တော်
တို့ ကြက်ခြေနီ အကိုဆရာတယောက်လို ခင်မင်လေးစားရသော တက္ကသိုလ် ဇော်ထူးဦး ရေးသားထားသော စာအုပ်မှတဆင့် ပြန်လည်ကူးယူ ရေးသားတင်ပြခြင်း သာဖြစ်ပါသည်။ 

အရင်တုန်းက ကြောက်တဲ့စိတ်ကြောင့် သိပ်အဆင်မပြေတာ များတယ် ဆိုတဲ့ မေကဗျာ

အရင်တုန်းက ကြောက်တဲ့စိတ်ကြောင့် သိပ်အဆင်မပြေတာ များတယ်
ဆိုတဲ့ မေကဗျာ
Friday, May 10, 2013

အရင်တုန်းက ကြောက်တဲ့စိတ်ကြောင့် သိပ်အဆင်မပြေတာ များတယ်ဆိုတဲ့
မေကဗျာလတ်တလော အနုပညာ လှုပ်ရှားမှုက ကိုဖြိုးငွေစိုးနဲ့ "ကျွန်တော် နဲ့နတ်အလွဲများ"ဆိုတဲ့ ကားကို ရိုက်ထား ပါတယ်။ အဲဒီကား မတိုင်ခင်
ဇေရဲထက် နဲ့ ရိုက်ထားတာ တွေရှိတယ်။ ပြီးတော့ သီချင်းလေးတွေ ဆိုဖြစ်နေတယ်။ သီချင်းတွေ ဆိုတဲ့အခါ အခုနောက်ပိုင်းတော့ ဆိုတာ များလာတော့ ကြောက်စိတ်တော့ သိပ်မရှိတော့ပါဘူး။

အရင်တုန်းက တော့ ကြောက်တဲ့ စိတ်ကြောင့် သိပ်ပြီးတော့ အဆင်မပြေ
တာတွေများတယ်။ အခု နောက်ပိုင်းတော့ ဆိုတဲ့ပွဲတွေများတဲ့ အခါကျတော့
ကြောက်တဲ့ စိတ်သိပ်မရှိတော့ အဆင်ပြေပါတယ်။ သီချင်းဆိုရတာ ပျော်
ပါတယ်။ ဒရာမာ တွေဆို သဘာဝပုံစံတွေပဲ လုပ်တယ်ဆိုတာက နော်။ ကိုယ့်ဇာတ်ရုပ်က သဘာဝကျမယ့်ဇာတ်ရုပ်ဆိုရင်တော့ အဝတ်အစားတွေ၊ ဆံပင်တွေ၊ မိတ် ကပ်တွေကအစ ဘာမှမလိမ်းဘဲ၊ ဘာမှသိပ်မပြင်ဆင်ဘဲနဲ့
ရိုက်တာ များပါတယ်။ ကိုယ်က ဒရာမာ ဝါသနာပါလို့ လားမသိဘူး။ Heavy ဒရာမာကြီးတွေ ဆိုရင်လည်း ကိုယ့်အတွက်တော့ သိပ်အခက်အခဲ တော့
မရှိဘူး။ ဘေးမှာလည်း သင် ပေးမယ့်လူတွေ ရှိတယ်လေ။ နောက် ကိုယ်ကလည်း Heavy ကြီးတွေ ကြိုက်တဲ့လူဆိုတော့လေ။ အဲဒီလို ရိုက်ရတာ ကိုယ့်အတွက်ပိုကြိုက်တယ်။ ပိုလည်းကောင်းတယ် လို့ ဒရာမာဇာတ်ကားတွေအကြောင်း ဖြေပေးခဲ့ပါတယ်။

8 Days

Friday, May 10, 2013

အရင်တုန်းက ကြောက်တဲ့စိတ်ကြောင့် သိပ်အဆင်မပြေတာ များတယ်ဆိုတဲ့မေကဗျာလတ်တလော အနု
ပညာ လှုပ်ရှားမှုက ကိုဖြိုးငွေစိုးနဲ့ "ကျွန်တော် နဲ့နတ်အလွဲများ"ဆိုတဲ့ ကားကို ရိုက်ထား ပါတယ်။ အဲဒီကား မတိုင်ခင်ဇေရဲထက် နဲ့ ရိုက်ထားတာ တွေရှိတယ်။ ပြီးတော့ သီချင်းလေးတွေ ဆိုဖြစ်နေတယ်။ သီချင်းတွေ ဆိုတဲ့အခါ အခုနောက်ပိုင်းတော့ ဆိုတာ များလာတော့ ကြောက်စိတ်တော့ သိပ်မရှိတော့ပါဘူး။

ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး တတ်ရန် ဖိတ်စာမရသော်လည်း လွှတ်တော်ကိုယ်စားလှယ်များ သတင်းပေးပို့ရမည်

နေပြည်တော် ၊မေ ၁၀

ယခုလ ၂၀ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး သို့တက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည် ဖြစ်စေ၊မရရှိသည် ဖြစ်စေ နေပြည်တော်ကောင်စီနယ်မြေမှ ရုံးအမှတ်( ၂၀ )၊လွှတ်တော်ရုံးသို့ မေလ ၁၈ ရက်ထက်မစော၊၁၉ ရက် ထက်နောက်မကြဘဲ သတင်းပေးပို့ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှ ကြေညာထားသည်။

ကုန်ဈေးနှုနƟ