Pages

Friday, May 10, 2013

Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပြီ

Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပါပြီ။

၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ(၁၄)ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။ 

သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန့်မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစားရပါ့မယ်။ 

JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့် 
(၁) လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်(၄)မိုင် (ကုန်းမိုင် တစ်နာရီ လျင် ၅ မိုင်ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊ 
(၂) ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်ဖက်နီးလာတာရယ် နောက်ပြီး 
(၃) မုန်တိုင်းဗဟိုချက်အကွာအဝေးတွေကို အိန္ဒိယနိုင်ငံမြို့များမှ မတိုင်းဘဲ ဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်းမြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ် 
ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်။

ဘ၀င်မကျတာတစ်ခုကတော့ မုန်တိုင်းဝင်မယ့်အချိန်ကို 14 May 19:00 UTC (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)ဖြစ်နေတာ တစ်ခုပါဘဲ။ ဘာပြုလို့လည်း ဆိုတော့ ကျွန်တော့်အတွေ့အကြုံအရ မြန်မာပြည်ကို မုန်တိုင်းက ဘယ်တော့မှ ညသန်းကာင်မှာ မဖြတ်ခဲ့ဘူးလို့ပါဘဲ။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)
Ref: Dr Tun Lwin

၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်
ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေ
ကို မေလ(၁၄)ရက်19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်
လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။
သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်
တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်
လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန့်မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစား
ရပါ့မယ်။

JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့်
(၁) လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်(၄)မိုင် (ကုန်းမိုင် တစ်နာရီ လျင် ၅ မိုင်

ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊
(၂) ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်

ဖက်နီးလာတာရယ် နောက်ပြီး
(၃) မုန်တိုင်းဗဟိုချက်အကွာအဝေးတွေကို အိန္ဒိယနိုင်ငံမြို့များမှမတိုင်းဘဲဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်း


မြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ် ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအ
လာများနေပါတယ်။

ဘ၀င်မကျတာတစ်ခုကတော့ မုန်တိုင်းဝင်မယ့်အချိန်ကို 14 May 19:00 UTC (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက်၁း၃၀ နာရီ)ဖြစ်နေတာ တစ်ခုပါဘဲ။ ဘာပြုလို့လည်း ဆိုတော့ ကျွန်တော့်အတွေ့အကြုံအရ မြန်

မာပြည်ကို မုန်တိုင်းက ဘယ်တော့မှ ညသန်းကာင်မှာ မဖြတ်ခဲ့ဘူးလို့ပါဘဲ။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)

Rangonnewsdaily
RND:  :10.5.2013

0 comments:

Post a Comment