![]() |
ခုတင်ပြသောအကြောင်းအရာပါ အချက်များသည်ကျွန်တော်ရေးသားထားသောအချက်အလက်များ မဟုတ်
ပါ။ကျွန်တော်၏မိတ်ဆွေ တယောက်မှ
အများသိစေလိုသောဆန္ဒဖြင့် အင်တာနက်ပေါ်တွင် ဖေါ်ပြပေးပါဟု
မေးမြန်းလာသည့်အတွက်ကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌါနချုပ်
ရှိ အမတယောက်လို ခင်မင်လေး
စားရသော ဒေါ်နီနီမိုး ထံ အကူညီလှမ်းတောင်းပြီး
အမထံမှတဆင့် မေးလ်ထဲမှ ပေးပို့လာသော ကျွန်တော်
တို့ ကြက်ခြေနီ
အကိုဆရာတယောက်လို ခင်မင်လေးစားရသော တက္ကသိုလ် ဇော်ထူးဦး ရေးသားထားသော
စာအုပ်မှတဆင့် ပြန်လည်ကူးယူ ရေးသားတင်ပြခြင်း သာဖြစ်ပါသည်။
ဓါတ်ပုံအားလည်းဘိုကလေးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်းဒုတိယတပ်ရင်းမှူးဦးသက်နိုင်ထံမှ ပေးပို့
တောင်းယူပြီး ဖေါ်ပြပေးခြင်းသာဖြစ်ပါသည်၊အမှားအယွင်းတစုံတရာ
ရှိပါက ကျွန်တော်၏ စေတနာ အမှား
သာလျှင်ဖြစ်ပါကြောင်းဝန်ခံ ကတိပြုအပ်ပါသည်။
၁၉၇၇ ခုနှစ်က ရူမေးနီးယားနိုင်ငံ ဘူခါရက်မြို့တွင်ကျင်းပသော(၂၃)ကြိမ်မြောက်အပြည် ပြည်ဆိုင်ရာကြက်
ခြေနီ
ညီလာခံတွင်ဟင်နရီဟင်နရီဒူးနန့်ဆုတံဆိပ်ကိုချီးမြှင့်ရာ မြန်မာနိုင်ငံမှ စိုင်းအောင်လိုင်မြင့် မှရရှိခဲ့၏။ ထိုအချိန်အထိ ကမ္ဘာပေါ်တွင်ဟင်နရီဒူးနန့်ဆုတံဆိ ပ်
ရရှိ ထားသူ (၁၈) ဦးသာရှိခဲ့ရာ စိုင်းအောင်လိုင်မြင့် အသက် ၂၁နှစ်မှာ
အငယ်ဆုံးဖြစ်၏၊ ၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံကြက်ခြေနီအသင်းမှ Miss
ဆာဂျီကိုဟာရှီမို
တို အမျိုးသမီးကြီးက အာရှ တိုက်အတွက်ပထမဆုံးဆုတံဆိပ်ချီးမြှင့်ခြင်း ခံရပြီးစိုင်းအောင်လိုင်မြင့်မှာဒုတိ
ယေ မြာက်ဆုရှင်ဖြစ်သည်။
စိုင်းအောင်လိုင်မြင့်ကို အဘ ဦးတင်မောင် အမိ ဒေါ်မယ်ခ တို့မှ ၁၉၅၉ ခုနှစ်
မတ်လ ၁၅ရက် နေ့တွင် မြစ်
ကြီးနားမြို့နယ် ခေါင်ဖူးကျေးရွာတွင်မွေးဖွားခဲ့ ၏။ငယ်နာမည်မောင် တင်လိုင်ဖြစ်ပြီးဗုဒ္ဓဘာသာရှမ်းလူမျိုးဖြစ်
သည်။
၁၉၇၆
ခုနှစ်ဇန်န၀ါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီ။ ထိုနေ့က စိုင်းအောင်လိုင်မြင့်သည်
မြစ်ကြီးနားတစ်ဘက်
ကမ်းရှိခတ်ချိုကျေးရွာသို့ရောက်ရှိစဉ်
"oုန်း" ဆိုသောအသံတစ်ခု မြည်းဟီးထွက်ပေါ်သံကို ကြားလိုက်ရ၏။
အသံထွက်ပေါ်လာသည်နှင့် ရွာထဲရှိကလေး လူကြီးတို့သည်မြစ်ဆိပ်သို့အပြေး အလွှားသွားနေသည်ကိုတွေ့ရ
၏။ စိုင်းအောင်လိုင်မြင့်သည်ကြက်ြေ ခနီတစ်ဦးပီပီ အခင်းဖြစ်ပွားရာနေရာသို့အပြေးသွားခဲ့သည်။ ခတ်ချို
ဆိပ်ကမ်းအရောက်တွင် ဖောင်ပေါ်မှကားတစ်စီး အရှိန်လွန်ပြီးရေထဲထိုးကျ သွားကြောင်းနှငိ့ စစ်သားတစ်
ဦးကားထဲပါသွားကြောင်း
ပြောဆိုနေသံကိုကြားရ၏။ ချက်ချင်းပင် စိုင်းအောင်လိုင်မြင့်
သည်ဖောင်ပေါ်သို့
ပြေးတက်သွား၏။
ဖေါင်ပေါ်ရောက်ချိန်
တွင်ရေစီးသန်မူကြောင့်မည်သူမျှ ရေထဲသို့မဆင်းရဲဘဲရှိနေကြ၏။
အော်ဟစ်ပြောဆို
နေသည်ပြီး ဘာမှမလုပ်ဘဲကြည့်နေကြသည်။
ရေနစ်မြှပ်သောမော်တော်ကားမှာ အမှတ် ၆၅၁ တပ်မဟာအ
လုပ်ရုံ(လျှပ်စစ်တပ်)
မြစ်ကြီးနားမြို့မှဖြစ်ပြီး ယာဉ်စက်ပြင်အဖွဲ့
စီးနင်းလိုက်ပါလာသောတပ်မတော်ယဉ် ဖြစ်
သည်။
ကားနဲ့အတူပါသွားသောရဲဘော်ခင်မောင်အေးမှာကားရှေခန်း ယာဉ်မောင်းနံဘေးမှလိုက်ပါ လာသူဖြစ်သည်
။ မော်တော်ကားသည်
ရေထဲသို့ပက်လက်တိမ်းမှောက်ပြီး ဖောင်ပေါ်မှကြည့်လျှင်ရေ၏ကြည်
လင်မူကြောင့်
ဘီးနှစ်လုံး၏အရိပ်ကိုမူန်းဝါးဝါးတွေ့နေရ၏ ။
အသက်ကယ်မည့်သူတစ်ယောက်မှ ပေါ်မလာဘဲကြည့်နေကြသည်။ စိုင်းအောင်လိုင်မြင့်မှာငှက်ဖျားဖြစ်ပြီး
တစ်ပတ်ခန့်ဖျားနေခဲ့
နလ့ထစဖြစ်၏။ ရေထဲဆင်းရန်လုံးဝမဖြစ်နိုင် အအေးမမိအောင်
အထူးဂရုစိုက်နေရ
ချိန်ဖြစ် သည်။ သို့သော်ကြက်ခြေနီတပ်ဖွဲ့ဝင်တစ် ဦးဖြစ်သည်နှင့်အညီဒုကရောက်နေသူအားကူညီ ကယ်တင်
ရန်တာဝန်ရှိသည့်အတွက် ချက်ချင်းပင်
အပေါ်အကီင်္ျကိုချွတ်လိုက်၏။ အတွင်း တွင်ကြက်ခြေနီတံဆိပ်ပါစွပ်
ကျယ်ေ ကြာင့်ရပ်ကြည့်ကြေသူများကကြက်ြေ ခနီတစ်ဦိးဖြစ်
မှန်းသိလိုက်ရသည်။ ပြီးနောက် စိုင်းရေထဲခုန်
ဆင်းလိုက်သည်။
နစ်မြုပ်နေသောကားနေရာသို့ပေ ၂၀ ခန့် ရေကူးကာသွားခဲ့ရ၏။ ပထမကားရှေ့ခန်း
တံခါးကိုဖွင့်ရန်ကြိုးစား
၏။ မရသည့်အတွက် ပွင့်နေသောမှန်ပေါက်မှကားရှေ့ခန်းတွင်ပိတ် မိနေသော ရဲဘော် ခင်မောင်အေးအားခ
က်ခက်ခဲခဲဆွဲထုတ်ရ၏။ရေအနက်မှာ၁၈ ပေခန့် ရှိသဖြင့်စိုင်းကိုယ်တိုင်ပင်ရေ မွန်းလာ၏။
ရဲဘော်ခင်မောင်အေးကိုကျောကုန်းေ ပ်ါတင်ပြီးလက်တစ်ဘက်ကသိုင်းဖက်ကာကျန်လက်တစ်ဖက်က ကား
ဘောင်ကိုကိုင်ပြီးသယ်ကာလူနာနှင့်အတူ ရေပေါ်သို့အမြန်ဆုံးတက်ခဲ့သည်။ ရေပေါ်ရောက်သည်နှင့်
ဖောင်
ပေါ်ရှိလူများအားကြိုးတစ်ချောင်းကိုပစ်ပေးခိုင်းပြီး ပစ်ပေးသောကြိုးကိုကိုင်မိသည်နှင့် ဖောင်ပေါ်ရှိလူများက သူတို့နှစ်ဦးအားဖောင်ပေါ်သို့ ဆွဲတင်လိုက်ကြ၏။
စိုင်းမှာရေးကူးရန်ပင်အင်းအားမရှိတော့သကဲ့သို့ရဲဘော်ခင်မောင် အေးသည်လည်းလုံဝသတိမေ့နေကာ အ
သက်ပင်မရူတော့သည့်အခြေအနေတွင်ရှိနေ သည်။ ဖောင်ပေါ်ရောက်သည်နှင့် စိုင်းသည်ရဲဘော်ခင်မောင်
အေး၏အသက်ရူလမ်း ကြောင်းတွင်ပိတ်ဆို့နေသောရေနှင့် အန်ဖက်များကိုနိုက်ထုတ်ပြီး အသက်ရူအားကူ နည်း Mouth to Mouth ဖြင့်ပြုစုပေးသည်။
ရဲဘော်ခင်မောင်အေးအသက်ပြန်ရှူလာ ပြီးအနည်းငယ်သက်သာလာသောအ ခါအနီးရှိရဲဘော်များထံမှအ
ဝတ်အစားများကိုတောင်းပြီးနွေထွေးမူရှိ အောင်ကိုယ်ကိုပတ်ကာ ထားလိုက်သည်။ လူနာအား ၀ိုင်းမော်ဆေး
ရုံသို့အပ်နှံပြီး အဖြစ်အပျက်နှင့် ပြုစုပေးခဲ့ပုံကိုရှင်းလင်းပြော ပြခဲ့သည်။ စိုင်းသည်မိမိတာဝန်ပြီးဆုံးသောအ ခါ
ရှေ့တန်းရုံးမှကားဖြင့်ခတ်ချိုကျေးရွာသို့ပြန် လိုက်ခဲ့၏။ မြစ်ကြီးနားသို့ပြန်ရောက်သောအခါ အအေးမိပြီး ငှက်
ဖျားပြန်ထကာ အိပ်ယာထဲလဲနေခဲ့ရ၏။
ဇန်န၀ါရီလ ၂ ရက် နေ့ ဖျားလျက်နှင့် ကြက်ခြေနီ တပ်ခွဲမူးထံသွားရောက်ကာသတင်းပို့ ခဲ့၏။ အိပ်ရာတွင် ၃
ရက်ထပ်မံလဲနေခဲ့ရသည်။စိုင်း၏စွမ်းဆောင်ချက်အားကချင်ြ ပည်နယ်ကြက်ခြေနီ၏အစီရင်ခံတင်ပြချက်များ
မှာ ဟင်နရီဒူးနန့်ဆုတံဆိပ်ရွေးချယ်ေ ရးဆိုင်ရာစည်းမျဉ်းသတ်မှတ်ချက်များနှင့်ကိုက်ညီ ကြောင်းတွေ့ရှိရ
သဖြင့်မြန်မာနို င်ငံကြက်ခြေနီအသင်းအဖွဲ့သို့တင် ပြ အတည်ပြုချက် ရယူကာ အပြည်ပြည်ဆိုင်ရာကြက်ခြေ
နီကော်မ တီသို့ပေးပို့ခဲ့သည်။
မိမိအသက်ကို စွန့်လွှတ်လုပ်ဆောင်ခဲ့သော တပ်ကြပ်ကြီးစိုင်း၏လုပ်ဆောင်မူမှာ သူရဲကောင်းစွမ်းရည်များ
ပင်ဖြစ်၏ ။ယင်းသို့ပြောင်မြောက်သောစွမ်းရ ည်ပြည့်ဝသည့် လုပ်ဆောင်မူများကိုတပ်ကြပ်ကြီးစိုင်းသည်
ကြက်ခြေနိအလံအောက်တွင်လုပ်ဆောင် နေခြင်းဖြစ်ကြောင်းဝိုင်းဝန်းကြ ည့်နေသောပရိသတ်ထုကိုပြသနိုင်
ခဲ့၏။ြ ကက်ခြေနီလူပ် ရှားမူကိုအကောင်းဆုံးလုပ်ရပ်အဖြ စ်အများပြည်သူများသိရှိရန်ပြသခဲ့သော သူ၏သက် စွန့်ကြိုးပမ်းလုပ်ဆောင်မူအတွက် ဟင်နရီဒူးနန့်ဆုတံဆိပ်ကို ထိုက်ထိုက်တန်တန် ဂုဏ် ပြုချီးမြုင့်လိုက်ခြင်း
ဖြစ်ကြောင်းဖော်ပြထားသည်။
စိုင်းသည် (MRCS) မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာန ချုပ်တွင်
လက်ထောက်ပြန်ကြားရေးမှူး အဖြစ် တာ
ဝန်ထမ်းဆောင်ခဲ့၏။ ၁၉၈၄
ခုနှစ်အောက်တိုဘာလတွင် ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်ပွားခဲ့
သည့်အ
တွက်နိုဝင်ဘာလတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ဒီဇင်ဘာလတွင် ၂၇ ရက်မှ
၁၉၈၅ မတ်လ ၂ ရက်ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကောင်
ကြက်ခြေနီဆေးရုံ တွင်တက်ရောက်ကုသမူခံယူခဲ့သည်။
မတ်လ ၂ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရိုခဲ့၏ မတ်လ ၂၅ ရက်နံနက် ၁ နာရီ ၅၁မိနစ်တွင်
ကွယ်လွန်ခဲ့သည်။သူမကွယ်လွန်မီ လက်မှတ်ရေးထိုးလူဒါန်းခဲ့သည့်အ တိုင်းခန္ဓာကိုယ်ကိုမတ်လ ၂၆ ရက်နေ့
တွင် ဆေး တက္ကသိုလ် (၁) ရန်ကုန်သို့ ပေးပို့လူဒါန်းလိုက်သည်။
ကိုညီညီ
Rangonnewsdaily
RND: :10.5.2013
RND: :10.5.2013




0 comments:
Post a Comment