Pages

Thursday, July 30, 2015

မူးမြစ်ရေများ လာကာ ရွှေဘို ခရိုင် နှင့် စစ်ကိုင်းခရိုင် သွားသည့်လမ်းပေါ်ရေလွှမ်း


RangonNewsDaily:: July . 30 .2015
သဖန်းဆိပ်ဆည် ရေလွှတ်သည့်အတွက် မူးမြစ်ရေများ လာကာ ရွှေဘို ခရိုင် နှင့် စစ်ကိုင်းခရိုင် သွားသည့်လမ်းပေါ်ရေလွှမ်းမိုး မှုကြောင့် ရွှေဘိုခရိုင် အတွင်း ကျေးရွာ ၁၇ ရွာ နှင့် ရေဘေး ဒုက္ခသည် ၈ထောင်ကျော်ရှိပြီး၊ ငှက်ပျော ခြံများ၊ သင်္ဘောခြံများ၊ သံပုရာခြံဧကတော်တော်များ ပျက်စီး သွားသည် ဟု သိရသည်။

ချင်းပြည်နယ်တွင် သမိုင်းတစ်လျှောက် အဆိုးရွား ဆုံးရေကြီး ပြီး မြေပြိုမှုဖြစ်ပေါ်


RangonNewsDaily:: July . 30 .2015
ယခုနှစ် မိုးရာသီအစောပိုင်းအတွင်း ချင်းပြည်နယ်၌ မိုးအသည်းသန်ရွာ သွန်းမှုကြောင့် သမိုင်းတစ်လျှောက် အဆိုးရွား ဆုံးမြေပြို မှုဖြစ်ပေါ်နေ ပြီး နေအိမ်များပျက်စီးနေသည့်အပြင် ကားလိုင်းများလည်းပိတ်ထား ရကြောင်း ဇူလိုင် (၂၉) ရက်နေ့တွင်သတင်းရရှိသည်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် ကျွဲတဲရွာမှာ လေဆင်နှာမောင်းတိုက်ခတ်


RangonNewsDaily:: July . 30 .2015
(၂၉-၇-၂၀၁၅)ကပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် ကျွဲတဲရွာမှာ လေဆင်နှာမောင်းတိုက်ခတ်သွားခဲ့ရာ လူနေအိမ်ခြေများ၊ စာသင်ကျောင်းများ ပျက်စီးခဲ့ရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ချိန်ဟာ .......ရေကြီးလို့ စာသင်ကျောင်း ပိတ်ထားလို့သာ လူအသေအပျောက်လျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။..

ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီ မြန်မာပြည်သို့ရောက်ရှိ


RangonNewsDaily:: July . 30 .2015
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူး ကိုယ်စားလှယ် ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်ကို ရောက်လာပြီး နိုင်ငံတော် သမ္မတ ပြည်ထောင်စုလွှတ်တော် နာယက တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။