Pages

Monday, August 18, 2014

မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

RangonNewsDaily:: August . 18 .2014
မန္တလေးမြို့တော်တွင် ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အမှုအတွက် မသင်္ကာသူ တရားခံလေးဦးနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ခုနစ်ဦးတို့ တရားရုံး စွဲတင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ရှမ်းပြည် ဆီဆိုင်မြို့မှာ သံဃာတော် တစ်ရာကျော် အစာအဆိပ်သင့်

RangonNewsDaily:: August . 18 .2014
“မျှစ်ချဉ်နဲ့ အမဲသားဟင်း စားပြီး ၁၅ မိနစ်လောက်အကြာမှာ ခေါင်းကိုက်၊ မူးဝေ အော့အန်ကုန်တာ။ စိုးရိမ်ရတဲ့ သံဃာခြောက်ပါးကို ဆေးရုံတင်ခဲ့ရတယ်” လို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ စာသင်တိုက်မှာ အစာအဆိပ်သင့်တာကို မြို့မိမြို့ဖတစ်ဦးက ပြောဆိုတာပါ။

မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းရှိ အချို့နေရာများ ဆိုးရွားစွာ ပျက်စီးနေခြင်းကြောင့် မော်တော်ယာဉ် ရာနှင့်ချီပိတ်မိပြီး ဆင်များဖြင့် ဆွဲနေရ

 မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းအချို့ ဆိုးရွားစွာပျက်စီးနေမှုကြောင့် ပိတ်မိနေသောယာဉ်များအား ဆင်ဖြင့်ဆွဲနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
RangonNewsDaily:: August . 18 .2014
ကချင်ပြည်နယ် မြစ်ကြီးနား-မိုးကောင်း -ပါဟုတ် ဖားကန့်လမ်းပိုင်း နန့်ယားနှင့်နန့် တိန်းကျေးရွာကြား ကျောက်ထုတောင် (ဒေသ ခေါ်ရုံးတောင်) နေရာ ဖားကန့်ဘက်မှ အတက်ဘက်တွင် ဩဂုတ် ၁၆ ရက် နံနက် ၁ဝ နာရီတွင် အတက်အဆင်းကားများ ပိတ်မိနေရာ ညနေပိုင်းအထိ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထူးအိမ်သင် ဆယ်နှစ်ပြည့်ဖျော်ဖြေပွဲမှာ ဂျပ်စင်ထိပ်ကလရိပ်ပြာ သီချင်းနဲ့ အရိုးသားဆုံး ဂုဏ်ပြုပေးမယ်လို့ ဆိုတဲ့ အိမ့်ချစ်


RangonNewsDaily:: August . 18 .2014
တေးသံရှင် အိမ့်ချစ်က လတ်တလောမှာ အချစ်ရေး အမ်တီဗီ ကို ရိုက်ကူးနေပြီး ၂၃ ရက်နေ့မှာ ပြုလုပ်မဲ့ ထူးအိမ်သင် ၁၀ နှစ်ပြည့် ဂီတညပွဲမှာလဲ ဂျပ်ဆင်ထိပ်ကလရိပ်ပြာသီချင်းနဲ့ ဖျော်ဖြေမယ်လို့ပြောလာတာကြောင့် သူမနဲ့တွေ့ဆုံခိုက်မှာ ပြောဖြစ်သမျှကတော့ “ခုအမ်တီဗီက ၃ ပုဒ်လောက်ပဲပြီးသေးတယ်။ ထွက်ဖို့လဲအဝေးကြီးလိုသေးတယ်။

မြစ်ရေကြီးခြင်း သတိပေးချက်

RangonNewsDaily:: August . 18 .2014
၁၇.၈.၂၀၁၄ မြန်မာစံတော်ချိန် မွန်းလွဲ(၁၂)နာရီခွဲအချိန် တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက်(၇၆)စင်တီမီတာ(၂ ပေခွဲခန့်)တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

လှည်းကူး ရေဘေးဒုက္ခသည်များ ဝမ်းလျှောရောဂါဖြစ်ပွါး


RangonNewsDaily:: August . 18 .2014
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က ရေဘေးဒုက္ခသည်တွေဟာ ဖျားနာပြီး ၀မ်းလျှောတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ဒီနေ့ လှည်းကူးမြို့နယ်မှာ သွားရောက် ကူညီခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးရန် ၁၂ ချက်သာကျန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြင်ကွင်းတစ်ခု (ဓာတ်ပုံ −Nyo Ohn Myint Facebook)
RangonNewsDaily:: August . 18 .2014
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ဒုတိယမူကြမ်းဆွေးနွေးပွဲ နှစ်ရက်ပြီးချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြား ဆက်လက်ညှိနှိုင်းစရာ အချက် ၁၂ ချက်သာ ကျန်ရှိတော့ ကြောင်း သတင်းရရှိသည်။

လူငယ်ခြောက်ဆယ်ရာခိုင်နှုန်းအလုပ်လက်မဲ့ပြဿနာရင်ဆိုင်ရမှု သမ္မတထံစာပို့

သြဂုတ် ၁၀ရက်က ပြုလုပ်သော ရန်ကုန်လူငယ်ပွဲတော်သို့ တက်ရောက်လာသည့် လူငယ်များ (ဓာတ်ပုံ−ကျော်ဇင်သန်း)
RangonNewsDaily:: August . 18 .2014
မြန်မာနိုင်ငံရှိ အသက် (၁၆)နှစ်မှ (၃၅)နှစ်ကြားလူငယ် ခြောက်ဆယ်ရာခိုင်နှုန်းသည် အ လုပ်လက်မဲ့ဖြစ်နေကြောင်း ပြုစု ထားသည့် စစ်တမ်းကို သမ္မတထံ ပေးပို့ထားသည်ဟု မြန်မာနိုင်ငံလူ ငယ်များအစည်းအရုံးမှသတင်းရ ရှိသည်။

ကိုယ့်ချစ်သူကောင်လေးတွေအတွက် မိန်းကလေးတွေ လုပ်ပေးနိုင်မယ့် ရိုမန်တစ်ဖြစ်စေတဲ့ အရာများ


RangonNewsDaily:: August . 18 .2014
စိတ်ပင်ပန်းနေတဲ့ ကိုယ်ချစ်သူ ကောင်လေးကို၊ စိတ်ဓာတ်ကျနေတဲ့ ကိုယ့်ချစ်သူကောင်လေးအတွက် ကိုယ့်ဘက်က သူစိတ်ချမ်းသာသွားအောင် လုပ်ပေးနိုင်တဲ့ အရာလေးတွေရှိပါတယ်။ ရိုမန်တစ်လည်း ဖြစ်သလို သူ့အတွက်လည်း အမှတ်ရနေစေမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးကို ကန်ဒေါ်လာသန်း ၁၈ဝ ရလိုမှုဖြင့် တရားစွဲမည်


(ဓါတ်ပုံ - ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမြတ်နုခိုင် )
RangonNewsDaily:: August . 17 .2014
မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအား အမေရိကန်နှင့် အိန္ဒိယ နည်းပညာကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းလုပ် ကိုင်သည့် ဆက်သွယ်ရေးကုမ္ပဏီ I.I(W.S)မှ ကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အဆိုပါ I.I(W.S)မှ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာမြတ်နုခိုင်က ပြောသည်။

ခေါင်းလောင်းတစ်လုံး တွေ့ထားပြီ

RangonNewsDaily:: August . 17 .2014
“ဓမ္မစေတီ ခေါင်းလောင်းလား၊ ဘာခေါင်းလောင်းလဲတော့ မသိဘူး၊ ခေါင်းလောင်းတစ်လုံး လို့တော့ သိရတယ်” လို့ ခေါင်းလောင်းဆယ်ယူရေး အရန်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးနိုင်မင်းအောင်က ရေငုပ်သမားတွေ ခေါင်းလောင်းတစ်လုံး တွေ့ထားတဲ့ အကြောင်းကို ပြောပြတာပါ။

ထူးဆန်းလွန်းတဲ့ မိန်းမတွေ


RangonNewsDaily:: August . 17 .2014
မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...။တစ်ခါတစ်ရံ မယုံနိုင်ဖွယ်ရာ အပြုအမူလေးတွေ သူတို့ဆီမှာတွေ့ရတတ်
တယ်လေ ...

တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ကိစ္စဆွေးနွေးမှု အပြီးမသတ်နိုင်သေး


RangonNewsDaily:: August . 17 .2014
ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် သြဂုတ်လ ၁၅ ရက်နေ့က ၁၇ ရက်နေ့ထိ ကျင်းပခဲ့သော အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နှင့်တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု အပြီးမသတ်နိုင်သေးကြောင်း ဆွေးနွေး မှုအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများ က ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာပြည်ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲ


RangonNewsDaily:: August . 17 .2014
ရန်ကုန်မြို့တော် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ သြဂုတ်လ ၁၇ ရက်နေ့က မြန်မာပြည်ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲ ကျင်းပခဲ့ပြီး မြန်မာပြည် အလွတ်တန်းချန်ပီယံ စောငမန်း(ရွေဖူး) နဲ့ ပထမတန်း လက်ဝှေ့ကျော် တူးတူး(နဂါးမာန်) တို့ ထိုးသတ်ခဲ့ကြပါတယ်။