Pages

Monday, August 18, 2014

မြစ်ရေကြီးခြင်း သတိပေးချက်

RangonNewsDaily:: August . 18 .2014
၁၇.၈.၂၀၁၄ မြန်မာစံတော်ချိန် မွန်းလွဲ(၁၂)နာရီခွဲအချိန် တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက်(၇၆)စင်တီမီတာ(၂ ပေခွဲခန့်)တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ(၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁၆)စင်တီမီတာ (ပေဝက်ခန့်)တွင် ရောက်ရှိနေပါသည်။

အဆိုပါ မြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။ 

MOI , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment