Pages

Monday, August 18, 2014

ရှမ်းပြည် ဆီဆိုင်မြို့မှာ သံဃာတော် တစ်ရာကျော် အစာအဆိပ်သင့်

RangonNewsDaily:: August . 18 .2014
“မျှစ်ချဉ်နဲ့ အမဲသားဟင်း စားပြီး ၁၅ မိနစ်လောက်အကြာမှာ ခေါင်းကိုက်၊ မူးဝေ အော့အန်ကုန်တာ။ စိုးရိမ်ရတဲ့ သံဃာခြောက်ပါးကို ဆေးရုံတင်ခဲ့ရတယ်” လို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ စာသင်တိုက်မှာ အစာအဆိပ်သင့်တာကို မြို့မိမြို့ဖတစ်ဦးက ပြောဆိုတာပါ။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်၊ မြကန်သာရပ်ကွက်ရှိ သံဃာအပါး ၄၀၀ ကျော် သီတင်းသုံးနေတဲ့ ဇဝနာရာမ စာသင်တိုက်မှာ သြဂုတ်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

မျှစ်ချဉ်ဟင်းနှင့် အမဲသားဟင်း တို့ကို နေ့ဆွမ်းအဖြစ် စားသုံးခဲ့တဲ့ သံဃာတော်တွေထဲက သံဃာအပါး ၁၁၃ ပါးဟာ မူးဝေအော့အန်ကာ အစာအဆိပ်သင့်ခဲ့တာလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
::
“မူးဝေအောအန်တဲ့ ဝေဒနာခံစားရတာ နာရီဝက်ကြာမှ ပျောက်သွားတယ်။ ခုတော့ အားလုံး ဆေးရုံက ဆင်းပြီ” လို့ ဦးပီတာက ရှင်းပြပါတယ်။

အစာအဆိပ်သင့်ခဲ့တဲ့ သံဃာတော်တွေကို မြို့နယ်ကျန်းမာရေးအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ လူမှုကူညီရေး အသင်းတွေက ပူးပေါင်းပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။
::
“မျှစ်တို့ မှိုတို့က အခန့်မသင့်ရင် အစာအဆိပ်သင့်တတ်တယ်။ တချို့လူတွေဆို ပင်လယ်စာနဲ့ မတည့်ဘူး။ စားပြီးတာနဲ့ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်တဲ့ လူနာတွေ အများကြီးရှိခဲ့တယ်။ 

အစာအဆိပ်သင့်မှုက ကိုယ်ခန္ဓာအားနည်းတဲ့ အချိန်မျိုးဆို လူ့အသက်ကိုပါ စိုးရိမ်ရတယ်” လို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒေသဆိုင်ရာ ပိုလီယို ပပျောက်ရေးနှင့် ကူးစက်ရောဂါဆိုင်ရာ ဆရာဝန် ဒေါက်တာ ထူးမြတ်ဆွေက ပြောပါတယ်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time