Pages

Tuesday, November 6, 2012

ရခိုင်ဒေသတွင်း လူဦးရေစာရင်း စကောက်

ဇွန်လ အတွင်းက ဖြစ်ပွားသည့် ပဋိပက္ခအတွင်း မီးလောင်ကျွမ်းသွားသည့် စစ်တွေမြို့တနေရာ (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်မှ ကျေးရွာ တချို့တွင်လူဦးရေစာရင်းစတင်ကောက်ခံနေပြီ ဖြစ်ကြောင်း
သိရသည်။ရခိုင်ဒေသ လူဦးရေ စာရင်း ကောက်ခံခြင်းကို ပေါက်တောမြို့နယ် အတွင်းမှ ဆင်တပ်မော်၊ ကြိမ်
နီပြင်၊ ငှက်ချောင်း၊ စစ်ကဲပြင်၊ ငါးဝက်ချောင်း စသည့် ကျေးရွာများတွင် နိုဝင်ဘာလ ၈ ရက်နေ့မှ စမ်းသပ်
ကောက်ခံသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီကို ပြော
သည်။

နှစ်ပေါင်း ၁၅၀ ကျော် ရပ်တည်ခဲ့သည့် မန္တလေး ကျောက်ဆစ်တန်းကို ပြောင်းခိုင်းနေ


မန္တလေး ကျောက်ဆစ်တန်းတွင် ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်နေသူ တဦး (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မန္တလေးမြို့၏ အထင်ကရ အဖြစ် နှစ်ပေါင်း ၁၅၀ ကျော် ရပ်တည်လုပ်ကိုင်နေခဲ့သည့် ဘုရားကြီး ကျောက်
ဆစ်တန်းကို နိုဝင်ဘာလ ပထမပတ်အတွင်း အပြီး ပြောင်းရွှေ့ကြရတော့မည် ဖြစ်ကြောင်း သိရသည်။

နယ်စည်းမခြား ဆရာဝန်များ ရခိုင်မှာ ခြိမ်းခြောက်ခံရ


MSF အဖွဲ့သည် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ကုသမှုများကို အခမဲ့ ပေးနေသော INGO အဖွဲ့ဖြစ်သည် (ဓာတ်ပုံ – MSF)
ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို ဒေ
သခံတချို့က ခြိမ်းခြောက်သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ရွှေ့ဆိုင်းထား
ရသည်။

စင်ကာပူစတော့အိတ်ချိန်းတွင် မြန်မာကုမ္ပဏီများဖြင့် ချိတ်ဆက်ထားသော ကုမ္ပဏီများ၏ရှယ်ယာများ ဈေးမြင့်တက်

မြန်မာ့စီးပွားရေးပွင့်လင်းလာသည့်အခွင့်အလမ်းများကြောင့်စင်ကာပူစတော့အိပ်ချိန်းတွင်စာရင်းဖွင့်လှစ်ထား
သာ မြန်မာကုမ္ပဏီများ၊ မြန်မာနိုင်ငံဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများရှိနေသောကုမ္ပဏီများ၏ စတော့
များသည် စက်တင် ဘာလနှင့် အောက်တိုဘာလအတွင်း မြင့်တက်ခဲ့ကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ ဖြစ်ပေါ်

5mt
မိုးရွာသွန်းနေသည့် ရန်ကုန်မြို့တွင်း တစ်နေရာအား နိုဝင်ဘာလ 5 ရက်နေ့က တွေ့ရစဉ်

နိုဝင်ဘာပထမပတ်အတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌  မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
''အခု မိုးရွာသွန်းမှုတွေက မုန်တိုင်းကြောင့်တော့ မဟုတ်ပါဘူး။ မန္တလေး၊ မကွေး၊ ချင်းနဲ့ ရှမ်းပြည်နယ်စ တဲ့ဒေသတွေမှာတော့ ဒီနေ့(နိုဝင်ဘာ လ ၄ရက်)ကနေ မနက်ဖြန်လောက်အထိ မိုးရွာသွန်းနိုင်ပါသေးတယ်။

ယခင်မသုံးရသည့်စွန်းထင်း၊ ဟောင်းနွမ်း၊ စုပ်ပြဲသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေး အချို့အား လက်ခံရန် ဗဟိုဘဏ်ညွှန်ကြား

နိုင်ငံခြားငွေကြေးဈေးကွက် ယခုထက် ပိုမိုတိုးတက်လာစေရန်အတွက် စွန်းထင်း၊ ဟောင်းနွမ်း၊ အနည်းငယ်စုပ်ပြဲနေသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေးအချို့အား လက်ခံရန် ဗဟိုဘဏ်မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅)ရက် ညနေ (၃) နာရီခွဲ တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်း အဝေးသို့ တက်ရောက်သည်။

မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ဆုံးအခြေအနေ


မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် ပဋိပက္ခနှင့်ပက်သက်၍ မြောက်ဦးမြို့နယ်မှ ရခိုင်(၁၂) ဦးအား စစ်တွေသို့ ခေါ်ယူ စစ်ဆေးလျှက်ရှိကြောင်းနှင့် ပဋိပက္ခတွင်း ပျောက်ဆုံးနေသူများအား ယခုအချိန် ထိ ပြန်လည်မရရှိသေးကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့် ပြုရန်ကာလ မပြောနိုင်သေး ဟု ပြန်ကြားရေး ဝန်ကြီးဆို


နှစ်ပေါင်း ၆ဝ ကျော်ကြာ ထုတ်ဝေခွင့်ကို ကန့်သတ် ထားခဲ့သည့် ပြည်တွင်း ပုဂ္ဂလိက နေ့စဉ် သတင်းစာ များ ကို ပြန်လည် ထုတ်ဝေခွင့် ပေးရန် အစီစဉ် ရှိသော်လည်း မည်သည့် အချိန်တွင် ထုတ်ဝေ ခွင့် ပေး မည်ကို အချိန် အတိကျ ဆုံးဖြတ်မပေး နိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။

ဦးဉာဏ်ဝင်းက ဂျာနယ်နှစ်စောင်ကို တရားစွဲဆိုမှု လက်ခံကြားနာမည်

ပြည်ထောင်စုရွေးကောက်ပွဲက်ာမရှင်၏ရား:စွဲဆိုမှုခံထားရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွင်းရေးမှူးဦးဉာဏ်ဝင်း က ပြည်မြန်မာ ဂျာနယ် နှင့် The Messenger ဂျာနယ် တို့ကို တရား စွဲဆို ရန် လျောက်လဲချက် ကို မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံ လိုက်ကြောင်း ဦးဉာဏ်ဝင်း က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားသည်။

တောင်ကိုရီးယား နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခု ယာယီ ပိတ်ထား၍ နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် နိုင်ဖွယ် ရှိ

တောင်ကိုရီးယား နိုင်ငံသည် အရည် အသွေး မမီသော စ္စည်းအား ပြန်လည်အစားထိုးမှုများ ပြုလုပ်ရန နျူကလီးယားဓာတ်ပေါင်း ဖို
နှစ်ခုကို ပိတ်ထား ခဲ့ရကြောင်း ဝန်ကြီး တစ်ဦးက နိုဝင်ဘာလ ၅ ရက် နေ့ တွင် ပြောကြားခဲ့သည်။ယင်းကဲ့သို့ ပိတ်ရ ခြင်းကြောင့် နိုင်
ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ် မည်ဟု အသိပေး ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလအတွင်းက နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလအတွင်းက နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်
-----------------------------------------------------------------------------------------------
စစ်တွေ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်အတွင်း အောက်တိုတိုဘာလ နောက်ဆုံးပတ်တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲ ပြဿနာကြောင်း စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်ခဲ့ကြောင်းသိရသည်။ ပုံမှန်ဆိုလျှင် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ(၁)ရက်နေ့မှသာ ငါးဖမ်းစက်လှေများအနားယူပြီး သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့လောက်တွင်မှသာ ငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြကြောင်းသိရသည်။ သို့သော်လည်း ယခုနှစ် ယင်းအချိန်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူမြို့တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲပြဿနာများကြောင်း ငါးဖမ်းစက်လှေများမှာ ပင်လယ်ပြင်လုံခြုံမှုမရှိသဖြင့် ပုံမှန်ရက်ထက် သုံးလေးရက်လောက်စောပြီးလုပ်ငန်းခွင် ပိတ်သိမ်းခဲ့သောကြောင့် စစ်တွေမြို့အတွင်း ငါးများရှားပါးကာ သားငါးဈေးနှုန်းများမတန်မဆထိုးတက်သွားခဲ့ရသည်။ သီတင်းကျွတ်လွန်သော်လ
ည်း ပင်လယ်ပြင်လုံခြုံမှုအရေး စိုးရိမ်မှုရှိသောကြောင့် ငါးဖမ်းစက်လှေအချို့မှာ ယခုအချိန်ထိလုပ်ငန်းခွင်မ၀င်နိုင်ဘဲရှိနေသေးသည်။ အဆိုပါဈေးကွက်ဂယက်ကြောင့် သားငါးကိုအဓိကထားလုပ်ကိုင်နေရသည့် ထမင်းဆိုင်၊ စားသောက်ဆိုင်၊ မုန့်တီမုန့်ဟင်းခါးဆိုင်အချို့မှာ ပိတ်ထားခဲ့ရပြီး အများစုမှာ လုပ်ငန်းများနှောင့်နှေးခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်အတွင်းရှိ နာမည်ကြီးရခိုင်မုန့်တီဆိုင်ဆိုလျှင် ငါးရှားပါပြီး လိုအပ်သည့်ငါးများသဖြင့် ဆိုင်ကို(၁)ပါတ်နီးပါးခန့် ပိတ်ထားခဲ့ရပြီး ယနေ့ ၆-၁၁-၂၀၁၂ နေ့တွင်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။ ယခုအချိန်တွင် ငါးဖမ်းစက်လှေတစ်ချို့မှာ လုပ်ငန်းခွင် ၀င်နေကြပြီဖြစ်သော်လည်း သားငါးဈေးနှုန်းမှာ မကျဆင်းသေးကြောင်းသိရသည်။ အဆိုပါငါးဖမ်းစက်လှေများမှာလည်း ပင်လယ်ပြင်လုံခြုံရေးစိုးရိမ်မှုများကြောင့်လည်း တစ်စုတစ်ဝေးတည်း ထွက်ခွာပြီး တစ်စီးနှင့်တစ်စီး မျက်မြင်နိုင်လောက်သောအခြေအနေတွင်သာ ငါးဖမ်းနေရကြောင်းသိရသည်။

အေးချမ်းမွန်မှ  Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Rakhine Straight Views
 
ရခိုင်ပြည်နယ်အတွင်းအောက်တိုတိုဘာလနောက်ဆုံးပတ်တွင်ဆက်လက်ဖြစ်ပွားခဲ့သောနောက်ဆက်တွဲပြဿနာကြောင်း စစ်တွေ
မြို့တွင်သားငါးဈေးကွက်များထိခိုက်ခဲ့ကြောင်းသိရသည်။ပုံမှန်ဆိုလျှင်သီတင်းကျွတ်လပြည့်နေမတိုင်မီ(၁)ရက်နေ့မှသာငါးဖမ်းစက်
လှေများအနားယူပြီးသီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့တွင်မှသာငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြသည်။ 

ရန်ကုန်တိုင်း၌ GSM ဆက်သွယ်မှု လိုင်းများ ယာယီပျက်တောက်မည်

http://upload.wikimedia.org/wikipedia/commons/thumb/9/93/Two_Cell_Phones.png/220px-Two_Cell_Phones.png

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ GSM ,ZTE Network ဧရိယာ (၂၆) မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ်မှုလိုင်းများမှာနိုဝင်ဘာ(၁၇)ရက်နေ့တွင်ဆယ်မိနစ်ခန့် ပျက်တောက်မည်ဖြစ်သည်။ လာမည့် နိုဝင်ဘာ(၁၇)ရက်နေ့ နံနက်(၂)နာရီမှ (၂)နာရီ (၁၀)မိနစ် အထိ (၁၀) မိနစ်ခန့် ယာယီဆိုင်းငံ့ သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရသည်။

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားစွာ ကျင်းပမည်

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားစွာ ကျင်းပမည်
Tuesday, November 06, 2012

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီး၏ ၂၈ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲအား နိုဝင်ဘာ ၂၈
ရက် (၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်) နေ့ အရုဏ်တက် ချိန်တွင် အာရုံခံ တန်ဆောင်း များအတွင်းရှိ ဘုရားလေးဆူ နှင့်တကွ အထက် ပစ္စယာ ပတ္တမြား မျက်ရှင် ရုပ်ပွားတော် ၊ ရင်ပြင်တော် ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုးသင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ (တန်ဆောင်မုန်း လဆန်း ၁၄ )ရက် ညနေ ၄ နာရီမှ စတင်ကာ လှည့်လည် ပူဇော်ပွဲများ ကျင်းပပြီး စေတီတော်မြတ်ကြီး ၏ ရာဟုထောင့်ရှိ အောင်မြေ၌ မသိုးသင်္ကန်းတော် များယှဉ်ပြိုင် ရက်လုပ်ပွဲ အခမ်းအနားကို စတင် ဖွင့်လှစ် ကျင်းပမည် ဖြစ်သည်။ တစ်ဆက်တည်းပင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ရာဟုထောင့်ရှိ ပြတိုက် / ပြခန်း
ရှေ့မျက်နှာစာ နှင့် အလယ်ပစ္စဟာ ရာဟုထောင့် ပုံတော်စေတီ အနီး
တစ်ဝိုက်တွင် ကျင်းပမည် ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁ နာရီတွင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ၌ ဆုရရှိသော အသင်းများနှင့် ပါဝင်ယှဉ်ပြိင်သော အသင်းများအား ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မသိုးသင်္ကန်း ပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့်
နှစ်သိမ့်ဆုများ ပေးအပ်မည် ဖြစ်ပြီး ပထမဆု ကျပ်သုံးသိန်း ၊ ဒုတိယဆု ကျပ်နှစ်သိန်း ငါးသောင်း ၊ တတိယဆု ကျပ်နှစ်သိန်း နှင့် နှစ်သိမ့်ဆု များအား ကျပ်တစ်သိန်း ငါးသောင်း သတ်မှတ်ကာ ချီးမြှင့် ပေးအပ်သွားမည်
ဖြစ်ကြောင်းရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူထံမှ သိရှိရသည်။

The Myawady Daily
အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google

              
လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီး၏ ၂၈ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲ အား နိုဝင်ဘာ ၂၈ ရက် (၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်) နေ့ အရုဏ်တက် ချိန်တွင် အာရုံခံ တန်ဆောင်း များအတွင်းရှိ ဘုရားလေးဆူ နှင့်တကွ အထက် ပစ္စယာ ပတ္တမြား မျက်ရှင် ရုပ် ပွားေ တာ် ၊ ရင်ပြင်တော် ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုးသင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော် မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ရွေးကောက်ပွဲအား အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်

အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်ဟု သိရှိရသည်။

နိုင်ငံတကာ အာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် အာကာသယာဉ်မှူးများသည် ရွေးကောက်ပွဲတွင် အမေရိကန် နိုင်ငံသားပီပီ မဲပေးနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ဒီဂျစ်တယ် မဲစနစ်ဖြင့် ရွေးကောက်ပွဲအတွက် အဆိုပြု မဲပေးနိုင်ပြီး ယင်းမဲများသည် ဟူစတန်ရှိ ဂျွန်ဆင် အာကာသ စခန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကမ္ဘာမြေပြင်မှ အမေရိကန် ပြည်သူများ၏ မဲပေးမှုတွင် လာရောက် ပူးပေါင်းမည် ဖြစ်သည်။ ထိုမဲစနစ်သည် လုံခြုံပြီး ပေါက်ကြားမှု မရှိသလို အမေရိကန် ရွေးကောက်ပွဲ မဲရေတွက်မှု အာဏာပိုင် အဖွဲ့ထံ တိုက်ရိုက် ရောက်ရှိသွားမည်ဟု NASAက ပြောကြားသွားသည်။
အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်ဟု သိရှိရသည်။နိုင်ငံတကာအာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် အာကာ
သ ယာဉ်မှူးများသည် ရွေးကောက်ပွဲတွင် အမေရိကန် နိုင်ငံသားပီပီ မဲပေးနိုင်မည် ဖြစ်သည်။

အသက် ၃၀ ကျော် အမျိုးသားတို့၏ ကျန်းမာရေး


အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင် ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ် လာပါပြီ။  အခုအချိန်မှာ လူမှုရေး တာဝန်တွေ ပိုမို များပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။

မန်နေဂျာ အာစင်ဝင်းဂါးကို လှောင်ပြောင်သော ပရိသတ်အား ပွဲကြည့်ခွင့်ပိတ်ရန် မာတင်ကီအွန်တိုက်တွန်း

ဝင်းဂါးကို လှောင်ပြောင်သော ပရိသတ်အား ပွဲကြည့်ခွင့်ပိတ်ရန် မာတင်ကီအွန်တိုက်တွန်း

မန်နေဂျာ အာစင်ဝင်းဂါးကို အော်ဟစ် လှောင်ပြောင်နေသော ပရိသတ်များကို အာဆင်နယ် အသင်းအနေ
ဖြင့် ပွဲကြည့်ခွင့်ပင်ပိတ်ပင်သင့်ကြောင်း အသင်းကစားသမားဟောင်းကြီးမာတင်ကီအွန်က တိုက်တွန်းလိုက်
သည်။

မိုးမရွာဘဲ ရေစိုခဲ့ရသည့် လီဗာပူးလ်ပရိသတ်များ


လီဗာပူးလ် အသင်း ပရိသတ်များသည် မိုးမရွာဘဲ ရေစိုသည့် ထူးဆန်းသော အတွေ့အကြုံ တစ်ခုကို ကလပ်
အသင်း၏ အိမ်ကွင်း အန်းဖီးလ်တွင် မှတ်မှတ်ထင်ထင် ဖြတ်သန်းခဲ့ရသည်။

ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့က ရေနံမြေတစ်ခုကို သိမ်းပိုက်

syria

ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များသည် နိုင်ငံ အရှေ့ဖျားရှိ ကြီးမားသော ရေနံတွင်း
နေရာတစ်ခုကို ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။ (၃)ရက်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး
နောက် အရှေ့ပိုင်းဒေသ ဒီရာအက်ဇောရှိ ရေနံတွင်းကို သူပုန်များက လက်ရ ချုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Goal.com ၏ အောက်တိုဘာလအတွက် အကောင်း ဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံရ

ကမ္ဘာကျော် ဘောလုံးအားကစား ဝက်ဘ်ဆိုက်ဖြစ်သော Goal.com၏ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။

အီတလီ ထိပ်တန်းကလပ် အင်တာမီလန်တွင် ကစားနေသည့် ယူတို နာဂါတိုမိုကဲ့သို့ ကမ္ဘာသိ ဘောလုံးသမားများနှင့်အတူ ကြည်လင်းကို Goal.comက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ (၃-၄-၃) ကစားကွက်ဖြင့် ရွေးချယ်မှုတွင် ညာတောင်ပံ တိုက်စစ်သမားအဖြစ် ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့လက်ရွေးစင် ကစားသမား ကြည်လင်းက ပါဝင်လာခဲ့သည်။ AFF Suzukiဖလား ခြေစစ်ပွဲတွင် (၃)ဂိုး သွင်းယူကာ တောက်ပသော စွမ်းဆောင်ရည်ကောင်းများ ပြသခဲ့ကြောင်း Goal.comက ချီးကျူး ရေးသားထားသည်။
ကမ္ဘာကျော် ဘောလုံးအားကစား ဝက်ဘ်ဆိုက်ဖြစ်သော Goal.com ၏ အောက်တိုဘာလအတွက် အာရှ အကောင်းဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။

အဆိုတော် ဒီဖြိုး ထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိဟု သတင်းပျံနှံ


လူငယ်များအကြား ရေပန်းစားသော နာမည်ကြီးအဆိုတော်ထက်အောင်လှိုင် ခေါ် ဒီဖြိုးထံမှစိတ်ကြွဆေးပြား များ ဖမ်းဆီးရမိကြောင်း မူခင်း သတင်းဂျာနယ် မူခင်းသတင်းဂျာနယ် -အတွဲ (၁၆) ၊ အမှတ် (၅၀)တွင် ဖော်ပြ
ထားကြောင်း Facebook တွင် သတင်းရရှိပါသည်။ 

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်
Tuesday, November 06, 2012

ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီးသန့်ပို့ဆောင်
ပေးရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော   ကြီးမှာလာမည့် နိုဝင်ဘာ (၇)  ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များအပြင်အခြား မြို့ဆိပ်ကမ်းသို့
လည်းဆိုက်ကပ်၍   ခရီးသည်များဝင်ရောက်လေ့လာ နိုင်ရန် စီစဉ်ပေးထား
သည့်ပြင်ရေ လမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစားရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်းနှင့်သွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်
ကြောင်း၊ ခရီးစဉ်၌ခရီးသည်(၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း
(၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွား များ သင်္ဘောပေါ်တွင်
စားသောက်  နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာ
ဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်းခွင့်ပြုမည်ဖြစ်ရာ
လိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဆွစ်ဇာလန်နိုင်ငံရှိ
Thurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိရသည်။

ရွှေထူး
Hot News
 
ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီးသန့်ပို့ဆောင်  ပေးရန် အတွက် မြန်မာနိုင်ငံ ကုမ္ပဏီ တစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော ကြီးမှာလာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

စံရိပ်ငြိမ်မှတ်တိုင်းအနီးမှာ ကား(၄)စီးဖြင့် အခြားကားတစ်စီးပေါ်မှ လူများအား ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြ