Pages

Wednesday, December 25, 2013

ပိရိသတ်ဝေဖန်ခံနေရသော မြန်မာဘောလုံးနည်းပြ တောင်ကို၇ီးယားနိုင်ငံသား ပတ်ဆောင်ဟွာ ဒီဇင်ဘာ ၂၆ ရက်နေ့ ပြန်မည်

ပိရိသတ်ဝေဖန်ခံနေရသော မြန်မာဘောလုံးနည်းပြ တောင်ကို၇ီးယားနိုင်ငံသား ပတ်ဆောင်ဟွာ ဒီဇင်ဘာ ၂၆ ရက်နေ့ ပြန်မည်


kolatt(PBDN): December . 25 .2013

အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းကို အုပ်စုအဆင့်
မှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့သူ နည်းပြချုပ်ဟောင်း ပတ်ဆောင်ဟွာသည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့
ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောကြားသည်။
::
မြန်မာအသင်း အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ် အပြီးတွင် ကိုရီးယားလူမျိုး ပတ်
ဆောင်ဟွာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ် ရာထူးမှ ချက်ချင်း ထုတ်ပယ်ခဲ့သော်
လည်း ၎င်းက မြန်မာနိုင်ငံ၌ ရက်အနည်းငယ် ဆက်လက်နေထိုင်ခွင့် တောင်းခံခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“သူ့အိမ်မှာ သိမ်းဆည်းစရာတွေ ရှိနေသေးလို့ ဥက္ကဋ္ဌကို ခွင့်ပန်ထားတာပါ။ အစ်ကိုတို့နဲ့တော့ မဆိုင်
တော့ဘူး” ဟု ၎င်းကဆိုသည်။
::
မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ခွာရသည့်အပေါ် အံ့အားသင့်ဖွယ် အကြောင်းပြချက်များ ပေးခဲ့
သူ ပတ်ဆောင်ဟွာကို မြန်မာပရိသတ် အများစုက စိတ်ဆိုး ဒေါသထွက်ခဲ့ကြပြီး ပတ်ဆောင်ဟွာ
မြန်မာနိုင်ငံ၌ ဆက်လက် နေထိုင်စဉ်အတွင်း ပြဿနာ တစ်စုံတစ်ခု ဖြစ်ပွားပါက တာဝန်ယူမည် မဟုတ်
ကြောင်း ဦးဇော်ဇော်က ပြောကြားထားသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်း နည်းပြ အဆက်ဆက်တွင် လစာအမြင့်ဆုံး နည်းပြတစ်ဦးအဖြစ်
မှတ်တမ်းဝင်ခဲ့သူ ပတ်ဆောင်ဟွာကို ကိုရီးယားကုမ္ပဏီ Daewoo Posco ကုမ္ပဏီက လစာ ပေးချေ
နေခြင်း ဖြစ်ပြီး နေထိုင်ရေးနှင့် အခြားအထွေထွေ ကုန်ကျစရိတ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက တာဝန်ယူ ပေးခဲ့ခြင်း ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။

The Voice ::--

RangonNewsDaily:: December . 25 .2013
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းကိုအုပ်စုအဆင့်မှ လွတ်
မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့သူ နည်းပြချုပ်ဟောင်း ပတ်ဆောင်ဟွာသည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်
ခံ ဦးစိုးမိုးက ပြောကြားသည်။

တောင်ငူမြို့ မြို့လယ်အရောင်းဆိုင်များ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျပ်သိန်းပေါင်း ထောင်ချီဆုံးရှုံး

တောင်ငူမြို့ မြို့လယ်အရောင်းဆိုင်များ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျပ်သိန်းပေါင်း ထောင်ချီဆုံးရှုံး


kolatt(PBDN): December . 25 .2013

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၁ နာရီခန့်က မြို့လယ်ရှိ နာမည်ကြီး အရောင်းဆိုင်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
::
“မီးလောင်တော့ ကျွန်တော်က ရန်ကုန်ရောက်နေတာ။ ဖုန်းဆက်မှ သိရတာ။ ကျွန်တော့်ဆိုင်က Huawei ပစ္စည်းတွေချည်းပဲ ကျပ်သိန်း ၁၀၀၀ ကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်။ အခြား Accessory တွေလည်း တော်တော်များများ မီးလောင်တဲ့အထဲ ပါသွားတယ်” ဟု တောင်ငူမြို့လယ်ရှိ “၀င်းကမ္ဘာ” မိုဘိုင်းပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ကိုရန်နောင်က ဆိုသည်။

“မီးလောင်တော့ ၀င်းကမ္ဘာနဲ့ ၀င်းသီရိ ဆိုင်နှစ်ခုကြားထဲက 
မီးလုံးကြီးတွေတက်လာတာ တွေ့ရတယ်။ 
::
အဲဒီအချိန်ကျတော့မှ ကျွန်တော်က သံချောင်းစခေါက်တာ။ ပြီးတော့မှ ကျွန်တော်တို့ဘဏ်က အကြီးအကဲဆီကို ဖုန်းလှမ်းဆက်တာ။ မီးကတော့မနက် ၃ နာရီခွဲ ၄ နာရီလောက်မှ ငြိမ်းသွားတယ်” ဟု မီးလောင်ဆိုင်ခန်းများ၏ မျက်နှာချင်းဆိုင်မှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ညစောင့်လုပ်သား ကိုကိုဇင်က ပြောကြားသည်။

မီးလောင်ကျွမ်းမှုသည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့ရာ တောင်ငူခရိုင်အတွင်းရှိ မီးသတ်ကား ၁၁ စီး၊ မီးသတ်အင်အား ၉၀ ၀န်းကျင်ခန့်ဖြင့် နံနက် ၄ နာရီ ၀န်းကျင်ခန့်တွင် မီးညွန့်ကျ ငြှိမ်းသတ်နိုင်ခဲ့ပြီး “၀င်းသီရိ” လက်ဖက်အကြော်စုံ၊ 
::
“၀င်းကမ္ဘာ” ဖုန်းဆိုင်၊ “စိုးရတနာ” ရွှေဆိုင်နှင့် အထည်ဆိုင်လုပ်ငန်းအိမ်တို့၏ အိမ်နှင့်ဆိုင်များ၊ ပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရာ ကျပ်သိန်းပေါင်း ထောင်ဂဏန်းနှင့်အထက် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် “၀င်းသီရိ” အကြော်စုံဆိုင်ပိုင်ရှင် ဦးသန်းထူးအား တောင်ငူမြို့နယ်၊ အမှတ် (၁) ရဲစခန်းမှ (ပ) ၆၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားပြီး မီးစတင်လောင်ကျွမ်းမှုမှာ ဦးသန်းထူးပိုင် “၀င်းသီရိ” ပဲကြော်လုပ်ငန်း၏ (အာရ်စီ) နှစ်ထပ်အဆောက်အအုံ ၀ိုင်ယာကြိုးများ အပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အမှုဖွင့်ချက်အရ သိရသည်။
::
ထိုကဲ့သို့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မည်သည့်အိမ်က စတင်လောင်ကျွမ်းကြောင်း အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေပြီး အမှုဖွင့်ခံထားရသူ ဦးသန်းထူးက ၎င်းအိမ်မှ စတင်လောင်ကျွမ်းခြင်း မဟုတ်ကြောင်း၊ ၀ိုင်ယာကြိုးများ ရှော့ဖြစ်သည်မှာလည်း မဟုတ်မှန်ကြောင်း၊ 

အဆိုပါအိမ်နှင့်ဆိုင်မှာ လူနေခြင်းမရှိဘဲ နေ့စဉ်မနက် ၈ နာရီ ဆိုင်ဖွင့်ကာ ည ၈ နာရီတွင် ဆိုင်ပိတ်ပြီး၊ မီးနှင့်ပတ်သက်သော မိန်းခလုတ်များ ချထားကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် ည ၁ နာရီ ၃၇ မိနစ်တွင် ၎င်းပိုင်အိမ်သို့ ရောက်ရှိခဲ့ရာ ၎င်းအိမ်မှာ မီးလောင်ကျွမ်းမှု မရှိသေးကြောင်း ငြင်းဆိုလျက်ရှိသည်။
::
တောင်ငူမြို့လယ်ရှိ နာမည်ကြီး အရောင်းဆိုင်များ မီးလောင်ကျွမ်းနေမှုကို ဒီဇင်ဘာ ၂၄ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

Eleven Media ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 25 .2013
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်ဒီဇင်ဘာ၂၄ ရက်၊နံနက် ၁ နာရီခန့်က မြို့လယ်ရှိ နာမည်ကြီး အရောင်း
ဆိုင်များမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း 
သိရသည်။

ဦးလေးတော်စပ်သူအား သေဒဏ်အမိန့် ထုတ်ပြန်ချိန်တွင် ကင်ဂျုံအွန် အရက် မူးလွန်နေခဲ့ဟုဆို

Photo: ဦးလေးတော်စပ်သူအား သေဒဏ်အမိန့် ထုတ်ပြန်ချိန်တွင် ကင်ဂျုံအွန် အရက် မူးလွန်နေခဲ့ဟုဆို
Wednesday, December 25, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်း၏ ဦးလေးတော်စပ်သူ ဂျန်ဆောင်သက်ခ်နှင့် ၎င်း၏လက်ထောက်နှစ်ဦးကို သေဒဏ်ချမှတ်ရန် အမိန့်ထုတ်ပြန် ချိန်တွင် အရက်မူးလွန်နေ ခဲ့ကြောင်း ဂျပန်သတင်း ဌာနတစ်ခု၏ ထုတ်ဖော် ပြောကြား ချက်များအရ သိရသည်။ 

အဆိုပါ လက်ထောက်နှစ်ဦးသည် ကင်ဂျုံအွန်၏ ဦးလေးတော်စပ်သူ ဂျန်ဆောင်သက်ခ်နှင့် ပတ်သက်မှုရှိနေ သည်ဟု သတင်းရရှိခဲ့ပြီး ၎င်းတို့သည် စီးပွားရေးလုပ် ငန်းများကို စစ်တပ်သို့ လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့သည့် အပြင် မြောက်ကိုရီးယား အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်ဟူသော စွဲချက်ဖြင့် ၎င်းတို့အား သေဒဏ်ချမှတ်ရန် ခေါင်းဆောင်ကင်က အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

၎င်းတို့နှစ်ဦးသည် သေဒဏ်ချ မှတ်ခံရမည့် ဂျန်၏လက်ထောက် ရှစ်ဦးအနက် နှစ်ဦးဖြစ်သည်ဟု ယူဆရကြောင်း အဆိုပါ ဂျပန် သတင်းဌာနက ဆက်လက်ဖော်ပြခဲ့သည်။ 

မြ၀တီ

RangonNewsDaily:: December . 25 .2013
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်း၏ ဦးလေးတော်စပ်သူ ဂျန်ဆောင်သက်ခ်နှင့် ၎င်း၏
လက်ထောက်နှစ်ဦးကို သေဒဏ်ချမှတ်ရန်အမိန့်ထုတ်ပြန်ချိန်တွင်အရက်မူးလွန်နေ ခဲ့ကြောင်း ဂျပန်သတင်း
ဌာနတစ်ခု၏ ထုတ်ဖော် ပြောကြား ချက်များအရ သိရသည်။

မြန်မာဝန်ထမ်း နှစ်သောင်းကျော် ကိုကာကိုလာ ခန့်ထားမည်ဟုဆို

Photo: မြန်မာဝန်ထမ်း နှစ်သောင်းကျော် ကိုကာကိုလာ ခန့်ထားမည်ဟုဆို
Wednesday, December 25, 2013

ပြည်တွင်းတွင် စက်ရုံနှစ်ခု တည်ထောင်၍ အချိုရည် ထုတ်လုပ်နေသော ကိုကာကိုလာက ပြည်တွင်းရှိ လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် ၂၂,၀၀၀ အထိ ခန့်ထားမည် ဖြစ်ကြောင်း CocaCola Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rehan Khan က ပြောကြားသည်။
“အခုလောလောဆယ် ကိုကာကိုလာက တိုက်ရိုက် ခန့်ထားတာ ဝန်ထမ်း ၁၁,၀၀၀ ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။

ယခင်က ကုန်ကြမ်းပစ္စည်း အချို့ကို ပြည်ပမှ တင်သွင်းနေရသော်လည်း နောက်ပိုင်းတွင် အချို့ကို ကိုယ်တိုင် ထုတ်လုပ်မည်ဖြစ်ကာ အချို့ကို ပြည်တွင်း ကုန်ကြမ်း ထုတ်လုပ်သူများထံမှသာ ရယူသွားမည် ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ကိုကာကိုလာ မြန်မာမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ပြည်ပကုမ္ပဏီတွေ များများဝင်လာရင် အလုပ်အကိုင် အခွင့်အလမ်း များလာဦးမှာပဲ။ ဒီတိုင်းပြည်မှာက လူဦးရေ ၃၆ သန်းလောက်က အလုပ်လုပ်နိုင်တယ် ဆိုပေမဲ့ Skilled Labor (ကျွမ်းကျင် လုပ်သား) နည်းတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ Skilled Labor တွေ ထပ်လိုတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံရန် စီစဉ်ထားပြီး လက်ရှိတွင် ပြည်တွင်းရှိ ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ လှိုင်သာယာနှင့် မှော်ဘီတို့တွင် အချိုရည် စက်ရုံများ တည်ထောင်ထားပြီး Coca Cola နှင့် Sprite အချိုရည်များကို ထုတ်လုပ် ဖြန့်ဖြူးနေသည်။

The Voice Weekly

RangonNewsDaily:: December . 25 .2013
ပြည်တွင်းတွင်စက်ရုံနှစ်ခုတည်ထောင်၍အချိုရည် ထုတ်လုပ်နေသော ကိုကာကိုလာက ပြည်တွင်းရှိ လုပ်ငန်း
များတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် ၂၂,၀၀၀ အထိ ခန့်ထားမည် ဖြစ်ကြောင်း Coca
Cola Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rehan Khan က ပြောကြားသည်။“အခုလောလောဆယ် ကိုကာ
ကိုလာက တိုက်ရိုက် ခန့်ထားတာ ဝန်ထမ်း ၁၁,၀၀၀ ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။

FIFA ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ရောက်ရှိ

Photo

RangonNewsDaily:: December . 25 .2013
ဘောလုံး လောကတွင် ဂုဏ်ရှိန် ထည်ဝါမှု အမြင့်မားဆုံး ဖြစ်သည့် FIFA ကမ္ဘာ့ဖလား ကြီးသည်ဒီဇင်ဘာ 25 ရက် နေ့ လယ်၁နာရီက အိန္ဒိယနိုင်ငံကိုးလ် ကတ္တားမြို့ မှမြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်
သိုကိုကာကိုလာမှ ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။

ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့မှ ဒီဂျေများ မြန်မာဒီဂျေများနှင့်အတူ မျှော်စင်ကျွန်း တွင် ဖျော်ဖြေပွဲ ပြုလုပ်မည်

RangonNewsDaily:: December . 25 .2013
ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ဒီဂျေများနင့်အတူ မြန်မာနိုင်ငံမှ နာမည်ကျော် ဒီဂျေများ၏ မြူးကြွသော ဂီတသံ

စဉ်များကြားတွင် စီးမျော ကခုန်နိုင်မည့် Shut Up And Dance ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီမှ ၁၀ နာရီအထိ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်းပွဲ
ကို စီစဉ်သည့် တေးသံရှင် ရန်ရန်ချန်းက The Voice သို့ ပြောကြားသည်။

အရေးပေါ် လူနာတင်ယာဉ် အခမဲ့ခေါ်ယူနိုင်

RangonNewsDaily:: December . 25 .2013
အရေးပေါ်လူနာအသက်ကယ်တင်ရေး အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း အရေးပေါ် ဖုန်းနံပါတ် ၁၈၃ဝ

သို့ ဆက်သွယ်၍ အခမဲ့ ခေါ်ယူနိုင်ကြောင်း အရေးပေါ်လူနာအသက်ကယ်တင်ကုသပို့ဆောင်ရေး ဖောင်ဒေး
ရှင်းမှ လက်ထောက်မန်နေဂျာ ဒေါက်တာထက်အောင်က ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးများ ဖွင့်မည်

RangonNewsDaily:: December . 25 .2013
ပြည်ပတွင်အလုပ်သွားရောက်လုပ်ကိုင်မှု၊ ဆေးသွားကုမှု နေ့စဉ် မြင့်တက်နေသော မြန်မာနိုင်ငံတွင် နေပြည်
တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ နေရာတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး
များ ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့
ရုံးမှ ရဲမှူးမြင့်အောင်က ပြောကြားသည်။ “ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ ဘယ်နေ့ စလုပ်မယ် ဆိုတာတော့ မသိ
သေးပါဘူး။ တရားဝင် ကြေညာ ပေးပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းမှစ၍ တစ်ပြည်လုံးအတိုင်းအတာ အအေးပေါ့မည်

RangonNewsDaily:: December . 25 .2013
လွန်ခဲ့သည့်ရက်ပိုင်းက အအေးပိုမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုရက်မှစ၍ မြန်မာတစ်ပြည်လုံး အတိုင်း

အတာနှင့်အအေးပေါ့မည်ဟုမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက် တာသန်းနိုင်
က ဒီဇင်ဘာ ၂၃ ရက်က မဇ္ဈိမကို ပြောကြားလိုက်သည်။ ဒီဇင်ဘာ တတိယအပတ် ခန့်မှန်းချက်အရ ညအပူ
ချိန်အခြေအနေမှာ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဒီဇင်ဘာလ
၏ ပျမ်းမျှအပူချိန်တို့အောက် အနည်းငယ်လျော့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ဒီဇင်ဘာလ ပျမ်းမျှ
အပူချိန်ခန့်သာ ရှိမည်ဖြစ်သည်။

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ

Photo: အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ
Tuesday, December 24, 2013

ရက်သတ္တပတ်တစ်ခုစာ အိပ်ရေးပျက်လျှင်ပင် စိတ်ဖိစီးမှု၊ ခုခံအား၊ရောင်ရမ်းမှုဖြစ်စဉ်များကို ထိန်းချုပ်သော မျိုးဗီဇများ၏ လုပ်ငန်းများ ချွတ်ယွင်းကုန်သည်။

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများမှာ
- နေ့ညဇီဝစက်ဝန်း မမောက်ကမဖြစ်ခြင်းကြောင့် သွေးဖြူဥလုပ်ငန်းများ ချွတ်ယွင်းပြီးခုခံအားလျော့ကျသည်။
- အိပ်ရေးပျက်လျှင်ဦးနှောက်၏ ကြိုတင်မှန်းဆတတ်သော လုပ်ငန်းများကို အဆပေါင်းများစွာ ဖြစ်ပေါ်စေသောကြောင့် စိုးရိမ်စိတ်လွန်ကဲတတ်သည်။
- အိပ်ရေးပျက်ခြင်းကြောင့်စိတ်တည်ငြိမ်စေရန် ထိန်းချုပ်ပေးသော ဓာတုပစ္စည်းများ ကျဆင်းပြီး စိတ်ဓာတ်ကျတတ်သည်။
- အလွန်အကျွံအိပ်ရေးပျက်ပါက စဉ်းစားနိုင်စွမ်း၊ သတင်းအချက်မှတ်သားနိုင်စွမ်း ကျဆင်းပြီး မှတ်ဉာဏ် ထိခိုက်တတ်သည်။
- တစ်နေ့လျှင် ငါးနာရီမှ ခြောက် နာရီထက်လျော့နည်းစွာ အိပ်သူများသည် သွေးတိုးရောဂါ ခံစားရနိုင်ချေ များပြားသည်။
- အိပ်ပျော်သည့်အခါ သွေးပေါင်ချိန် တဖြည်းဖြည်းကျသည်။ အိပ်ရေးပျက်ခြင်းကြောင့် ညအချိန် သွေးပေါင်ပြန် မကျတော့သည့်အခါ ရေရှည်တွင် နှလုံးရောဂါရစေသည်။
- အိပ်ရေးမ၀လျှင် ဖိစီးမှုဟော်မုန်းများထွက်လာပြီး အင်ဆူလင်ယဉ်ပါးမှု (insulin resistance) မြင့်တက်စေသောကြောင့် ဆီးချိုသွေးချို တက်လာစေသည်။
- ဆာလောင်မှုဖြစ်စေသည့် ဟော်မုန်း (ghrelin) နှင့်တင်းတိမ်မှုဖြစ်စေသည့် ဟော်မုန်း (leptin)တို့၏ ပမာဏသည် အိပ်ရေးဝနေသည့်အချိန်၌ မျှတလျက်ရှိသည်။ အိပ်ရေးမ၀သည့်အခါ ဆာလောင်စေသည့် ဟော်မုန်းများ မြင့်တက်လာပြီး တင်းတိမ်စေသည့် ဟော်မုန်းများ ကျဆင်းသောကြောင့် သာမန်ထက်လွန်ကဲစွာ ပိုစားသောက်ဖြစ်စေသည်။
- ညဘက်၌ အလင်းရောင်ကို သာမန်ထက် ကြာရှည်စွာထိတွေ့ရပါက melationin ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသည်။ ထိုအခါ အီစရိုဂျင် အမျိုးသမီးဟော်မုန်း ထုတ်လုပ်မှုလွန်ကဲလာပြီး ရင်းသားကင်ဆာဖြစ်ပွား နိုင်ချေမြင့်တက်စေသည်။

သီဟ
Ref: Health Central
Health Updates Journal

RangonNewsDaily:: December . 25 .2013
ရက်သတ္တပတ်တစ်ခုစာ အိပ်ရေးပျက်လျှင်ပင် စိတ်ဖိစီးမှု၊ ခုခံအား၊ရောင်ရမ်းမှုဖြစ်စဉ်များကို ထိန်းချုပ်သော မျိုးဗီဇများ၏ လုပ်ငန်းများ ချွတ်ယွင်းကုန်သည်။

" ကုမ္ပဏီကြီးအချို့ဝန်ထမ်းတို့၏ လူမှုကွန်ရက်များ အား စောင့်ကြည့်စစ်ဆေးမှုပြုလာ"

Photo: " ကုမ္ပဏီကြီးအချို့ဝန်ထမ်းတို့၏ လူမှုကွန်ရက်များ အား စောင့်ကြည့်စစ်ဆေးမှုပြုလာ"
Tuesday, December 24, 2013

နိုင်ငံတကာနှင့်ဆက်စပ်သည့်ကုမ္ပဏီကြီးအချို့တွင် ဝန်ထမ်းခန့်အပ်ရွေး ချယ်ရာ၌ ဝန်ထမ်းများ၏ လူမှုကွန်ရက် ဖြစ်သည့်ဖေ့စ်ဘွတ်၊ တွစ်တာအကောင့် များအားစောင့်ကြည့်စစ်ဆေး အကဲ ဖြတ်ခြင်းများပါ ပြုလုပ်လာကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးကြည့်ရှုမှုကို လူ့ စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု (HR Management) အဖြစ် ပြုလုပ်လာခြင်း ဖြစ်ပြီး အလုပ်ခန့်အပ်မှုတွင်လည်း အဓိကကျလာသည်ဟုနိုင်ငံတကာနှင့် ဆက်စပ်လုပ်ကိုင်နေသူတို့ထံမှ သိရသည်။

အီးယူနှင့်လုပ်ငန်းတွဲဖက် လုပ် ကိုင်နေပြီး လူမှုကွန်ရက်အကောင့်များ ကြည့်ရှုစစ်ဆေးခံခဲ့ရသူ ပုဂ္ဂိုလ်တစ်ဦး က''ကျွန်တော်ရေးသားတာတွေက ဘာ တွေလဲ။ စိတ်နေစိတ်ထားက ဘယ်လို လဲဆိုတာလေ့လာတယ်။ အလုပ်လုပ်ဖို့ အတွက် သူတို့က အကဲဖြတ်လာတယ်။ အဲဒါလေးအပေါ်မှာ မြန်မာပြည်က ဖေ့စ်ဘွတ်အသုံးပြုသူတွေအနေနဲ့ သတိ ထားစေချင်တယ်''ဟု သတိပေးစကား ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမှုများ ပြည်တွင်း၌ လုပ်ကိုင်ခြင်းအများအပြားမရှိသေး သော်လည်း လူမှုကွန်ရက်အသုံးပြုမှုအ ပေါ် ယခုမှစ၍စတင်သတိထားသင့်ပြီ ဟူ၍လည်း အထက်ပါပုဂ္ဂိုလ်က အသိ ပေးသည်။ ထို့အပြင် နိုင်ငံတကာသတင်းဌာန ကြီးများတွင်လည်း လူမှုကွန်ရက်အ ကောင့်များ စစ်ဆေးခြင်းမပြုသော်လည်း ၎င်းတို့၏ဝန်ထမ်းများ အသုံးပြုမည့် ကိုယ်ပိုင်နှင့် လုပ်ငန်းအမည်ပါဝင်နေ သည့်လူမှုကွန်ရက်ဟူ၍ နှစ်မျိုးခွဲခြား ထားစေပြီး လုပ်ငန်းအမည်ဖြင့် ဖွင့်ထား မည့် လူမှုကွန်ရက်ဖြင့် မှတ်ချက်ပြုရေး သားခြင်းများ မပြုလုပ်စေရန် စောင့် ကြည့်မှုများ၊ လူမှုကွန်ရက်အသုံးပြုရာ တွင် လိုက်နာရမည့် လမ်းညွှန်ချက် များပါ ချမှတ်ထားကြောင်း ဝါရင့်သ တင်းစာပညာရှင် ဦးရဲနိုင်မိုးက ပြော ကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ဖေ့စ်ဘွတ် အသုံးပြုသူ တစ်သန်းကျော်ရှိနေပြီး အမျိုးသား ဦးရေ ၆ သိန်း ကျော်နှင့် အမျိုးသမီးဦးရေ ၄ သိန်း ကျော်ရှိ ထားကြောင်း ယခုနှစ်သြဂုတ်လတွင် ဖေ့စ်ဘွတ် Ads Manager က ထုတ် ပြန်ကြေညာထားသည်။

သုတလင်း (photo - AFP)
Popular Myanmar News Journal

RangonNewsDaily:: December . 25 .2013
နိုင်ငံတကာနှင့်ဆက်စပ်သည့်ကုမ္ပဏီကြီးအချို့တွင် ဝန်ထမ်းခန့်အပ်ရွေး ချယ်ရာ၌ ဝန်ထမ်းများ၏ လူမှုကွန်
ရက် ဖြစ်သည့်ဖေ့စ်ဘွတ်၊ တွစ်တာအကောင့် များအားစောင့်ကြည့်စစ်ဆေး အကဲ ဖြတ်ခြင်းများပါ ပြုလုပ်
လာကြောင်း သိရသည်။

HAPPY MARRY X'mas 2013


RangonNewsDaily:: December . 25 .2013
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်သော X'mas  ခရစ်ယာန်ဘာသာရေးပွဲတော်နေ့တွင် ပြည်
တွင်း ပြည်ပ မှ ခရစ်ယာန်ဘာသာဝင် အပေါင်း ငြိမ်းချမ်း သာယာမှုအပေါင်းရယူပိုင်ဆိုင်နိုင်ပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း

RangonNewsDaily:: December . 25 .2013
ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး၊ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်

လေးအများစုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ်တပ်ဆင်ကာ သီချင်း နား
ထောင်၊အင်တာနက်သုံးစွဲလာသည့် ဟန်းဖုန်းရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူ
ငယ်လေးများ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်း
ပို့ သလိုဖြစ် သွား တတ်သည်။

SEA Games တွင် ပေးသည့် ခေါက်ဆွဲခြောက် ၅ ရာခိုင်နှုန်း ရက်လွန်

RangonNewsDaily:: December . 25 .2013
SEA Games ပြိုင်ပွဲအတွက် ရသာချို ကုမ္ပဏီက ထောက်ပံ့ပေးအပ်သည့် ခေါက်ဆွဲခြောက် များတွင် ၅ ရာခိုင်နှုန်းခန့်မှာ ရက်လွန်သည့် ခေါက်ဆွဲခြောက်များ ဖြစ်သည်ကို တွေ့ရှိရကြောင်း အားကစား ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးဌေးအောင်က ပြောကြားသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် လုပ်အားပေး လူငယ်များအတွက် လှူဒါန်းပေးခဲ့သည့် ခေါက်ဆွဲထုပ်များမှာ ရက်လွန်ခြင်း မရှိကြောင်း ရသာချိုကုမ္ပဏီက ငြင်းဆိုထားမှုနှင့် ပတ်သက်၍ အားကစား ဝန်ကြီးဌာနသို့ မေးမြန်းရာ ၄င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ဘုရင့်နောင်ရှိ စကားဝါမြေ တည်းခိုခန်းတွင် ကျောက်ငရုတ်ကျည်ပွေ့ဖြင့် ထုနှက်လုယက်

RangonNewsDaily:: December . 25 .2013
မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိစကားဝါမြေတည်းခိုခန်း၏ လေးလွှာ

မြောက် အခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၂ နာရီခန့်က လာရောက်တည်းခိုသူ အမျိုးသမီးနှစ်ဦး
ကို အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ကျောက်ငရုတ် ကျည်ပွေ့ဖြင့် ထုနှက်ကာ ငွေများ လုယူသွားခဲ့
ကြောင်း ဘုရင့်နောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ခရစ္စမတ်နေ့ကို မိဘမဲ့ကလေးတွေနဲ့ ဖြတ်သန်းမယ့် အွန်ဆိုင်း

Photo: ခရစ္စမတ်နေ့ကို မိဘမဲ့ကလေးတွေနဲ့ ဖြတ်သန်းမယ့် အွန်ဆိုင်း 
Tuesday, December 24, 2013

ခရစ္စမတ်နေ့မှာတော့ မိဘမဲ့ ကလေးတွေနဲ့ အတူ ဖြတ်သန်းချင်တယ်လို့ အွန် ဆိုင်းက ပြောပြပါတယ်။ ဒီလို ကလေးတွေနဲ့ရှိချင်တာကလည်း အမှတ်တရလေးဖြစ်ချင် တယ် လို့ ပြောပြတာကြောင့် “ကျန် တဲ့ သူတွေက ကိုယ့်မိသားစုနဲ့ ကျင်းပလို့ရတယ်။မိဘမဲ့ကလေး တွေ၊ နယ်ဘက်က စစ်ရှောင် ကလေးတွေဆိုရင် ခရစ္စမတ်က ဘာမှန်း မသိဘူး။ 

လာလုပ် ပေးတဲ့သူရှိမှခရစ္စမတ်ပွဲခံစားချက်ရှိမှာ။အမှတ်တရလေးလည်းဖြစ် အောင် သူတို့နဲ့လည်း ခရစ္စမတ်ကို ဖြတ်သန်းချင်တယ်။ ခရစ္စမတ်မှာ အားလုံးေ ပျာ်ရွှင်ကြပါစေ” လို့ ပြောပြပါတယ်။ ခရစ္စမတ်နေ့ရောက် တော့မှာဖြစ်တဲ့အတွက် အခုချိန်မျာလက်ဆောင်ပေးမယ့်သူငယ်ချင်း တွေအတွက် စဉ်းစားနေတယ်လို့ ပြောပြတဲ့ အွန်ဆိုင်းက ခရစ္စမတ် အမှတ်တရလက်ဆောင်တွေနဲ့ပတ်သက်ပြီးပြောပြတာက “အွန် ဆိုင်း ခရစ္စမတ်ကို ကလေးတွေနဲ့အတူရှိမယ်။ မိဘမဲ့ကလေး တွေနဲ့ဖြစ်ရင်ဖြစ် မယ်။အဖွဲ့အစည်းတစ်ခုခုနဲ့ပေါ့။ 

အနုပညာ အလုပ်တွေမလုပ်ခင်ကတော့ဘုရားကျောင်းမှာ ဖြတ်သန်း တယ်။အခုနောက်ပိုင်းကတော့အဆင်ပြေတဲ့ နေရာလေးတွေ သွားဖြစ်တယ်။ ခရစ္စမတ်ကအမှတ်တရတွေအများ ကြီးပဲ အွန်ဆိုင်းတို့ခရစ်ယာန်တွေက တခြားအချိန် တွေမှာ လက်ဆောင်ဆိုတာ သိပ်မဟုတ်ပေမယ့် ခရစ္စမတ်ရောက် ရင်တော့ ခရစ္စမတ်လက်ဆောင် လေးတွေကို ပိုတန်ဖိုးထားပြီးပေးဖြစ်တယ်။ 

ကိုယ်က ပေးမယ့်သူတွေကိုList အလေးတွေ လုပ်ထားတယ်။ လက်ဆောင်အများဆုံးရ တဲ့အချိန်ပေါ့။ ခရစ္စမတ်ကတ် လေးတွေ မှာ သေသေချာချာဆုတောင်းစာ လေးတွေ ရေးတာကို သိပ်ကြိုက်တော့အဲဒါလေးတွေကို ခုချိန် ထိ သိမ်းထားဖြစ်တယ်။ တန်ဖိုး ရှိတာ မဟုတ်ပေမယ့် တန်ဖိုးထားပြီးချစ်ခြင်းမေတ္တာနဲ့ပေး တဲ့လက်ဆောင် လေ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: December . 25 .2013
ခရစ္စမတ်နေ့မှာတော့ မိဘမဲ့ ကလေးတွေနဲ့ အတူ ဖြတ်သန်းချင်တယ်လို့ အွန် ဆိုင်းက ပြောပြပါတယ်။ ဒီလို ကလေးတွေနဲ့ရှိချင်တာကလည်း အမှတ်တရလေးဖြစ်ချင် တယ် လု)