Pages

Wednesday, December 25, 2013

ပိရိသတ်ဝေဖန်ခံနေရသော မြန်မာဘောလုံးနည်းပြ တောင်ကို၇ီးယားနိုင်ငံသား ပတ်ဆောင်ဟွာ ဒီဇင်ဘာ ၂၆ ရက်နေ့ ပြန်မည်

ပိရိသတ်ဝေဖန်ခံနေရသော မြန်မာဘောလုံးနည်းပြ တောင်ကို၇ီးယားနိုင်ငံသား ပတ်ဆောင်ဟွာ ဒီဇင်ဘာ ၂၆ ရက်နေ့ ပြန်မည်


kolatt(PBDN): December . 25 .2013

အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းကို အုပ်စုအဆင့်
မှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့သူ နည်းပြချုပ်ဟောင်း ပတ်ဆောင်ဟွာသည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့
ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောကြားသည်။
::
မြန်မာအသင်း အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ် အပြီးတွင် ကိုရီးယားလူမျိုး ပတ်
ဆောင်ဟွာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ် ရာထူးမှ ချက်ချင်း ထုတ်ပယ်ခဲ့သော်
လည်း ၎င်းက မြန်မာနိုင်ငံ၌ ရက်အနည်းငယ် ဆက်လက်နေထိုင်ခွင့် တောင်းခံခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“သူ့အိမ်မှာ သိမ်းဆည်းစရာတွေ ရှိနေသေးလို့ ဥက္ကဋ္ဌကို ခွင့်ပန်ထားတာပါ။ အစ်ကိုတို့နဲ့တော့ မဆိုင်
တော့ဘူး” ဟု ၎င်းကဆိုသည်။
::
မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ခွာရသည့်အပေါ် အံ့အားသင့်ဖွယ် အကြောင်းပြချက်များ ပေးခဲ့
သူ ပတ်ဆောင်ဟွာကို မြန်မာပရိသတ် အများစုက စိတ်ဆိုး ဒေါသထွက်ခဲ့ကြပြီး ပတ်ဆောင်ဟွာ
မြန်မာနိုင်ငံ၌ ဆက်လက် နေထိုင်စဉ်အတွင်း ပြဿနာ တစ်စုံတစ်ခု ဖြစ်ပွားပါက တာဝန်ယူမည် မဟုတ်
ကြောင်း ဦးဇော်ဇော်က ပြောကြားထားသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်း နည်းပြ အဆက်ဆက်တွင် လစာအမြင့်ဆုံး နည်းပြတစ်ဦးအဖြစ်
မှတ်တမ်းဝင်ခဲ့သူ ပတ်ဆောင်ဟွာကို ကိုရီးယားကုမ္ပဏီ Daewoo Posco ကုမ္ပဏီက လစာ ပေးချေ
နေခြင်း ဖြစ်ပြီး နေထိုင်ရေးနှင့် အခြားအထွေထွေ ကုန်ကျစရိတ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက တာဝန်ယူ ပေးခဲ့ခြင်း ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။

The Voice ::--

RangonNewsDaily:: December . 25 .2013
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းကိုအုပ်စုအဆင့်မှ လွတ်
မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့သူ နည်းပြချုပ်ဟောင်း ပတ်ဆောင်ဟွာသည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်
ခံ ဦးစိုးမိုးက ပြောကြားသည်။မြန်မာအသင်း အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ် အပြီးတွင် ကိုရီးယားလူမျိုး ပတ်ဆောင်
ဟွာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ် ရာထူးမှ ချက်ချင်း ထုတ်ပယ်ခဲ့သော်လည်း ၎င်းက မြန်
မာနိုင်ငံ၌ ရက်အနည်းငယ် ဆက်လက်နေထိုင်ခွင့် တောင်းခံခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြော
ကြားသည်။

“သူ့အိမ်မှာ သိမ်းဆည်းစရာတွေ ရှိနေသေးလို့ ဥက္ကဋ္ဌကို ခွင့်ပန်ထားတာပါ။ အစ်ကိုတို့နဲ့တော့ မဆိုင်တော့
ဘူး” ဟု ၎င်းကဆိုသည်။
::
မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ခွာရသည့်အပေါ်အံ့အားသင့်ဖွယ်အကြောင်းပြချက်များ ပေးခဲ့သူ ပတ်
ဆောင်ဟွာကို မြန်မာပရိသတ် အများစုက စိတ်ဆိုး ဒေါသထွက်ခဲ့ကြပြီး ပတ်ဆောင်ဟွာမြန်မာနိုင်ငံ၌ ဆက်
လက် နေထိုင်စဉ်အတွင်း ပြဿနာ တစ်စုံတစ်ခု ဖြစ်ပွားပါက တာဝန်ယူမည် မဟုတ်ကြောင်း ဦးဇော်ဇော်က
 ပြောကြားထားသည်။

မြန်မာအမျိုးသား ဘောလုံးအသင်းနည်းပြအဆက်ဆက်တွင်လစာအမြင့်ဆုံး နည်းပြတစ်ဦးအဖြစ်မှတ်တမ်း
ဝင်ခဲ့သူ ပတ်ဆောင်ဟွာကို ကိုရီးယားကုမ္ပဏီ Daewoo Posco ကုမ္ပဏီက လစာ ပေးချေနေခြင်း ဖြစ်ပြီး နေ
ထိုင်ရေးနှင့် အခြားအထွေထွေ ကုန်ကျစရိတ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက တာဝန်ယူ ပေးခဲ့
ခြင်း ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။

The Voice ::-- , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment