Pages

Friday, June 21, 2013

မြေနီတူးစဉ် မြေပြိုကျသဖြင့် လူ(၂)ဦး သေဆုံး

Friday, June 21, 2013

ယနေ့ နံနက် ၁၀ နာရီခွဲက သရက်ခရိုင် ကံမမြို့ သားသတ် ကုန်း မြေနီ ကျင်း၌ မြေနီတူးယူစဉ်မြေပြိုကျသဖြင့်လူ(၂)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသွားကြောင်းဒေသခံများထံမှ သိရသည်။ သေဆုံးသူများမှာ မြေတူးသမားများဖြစ်ကြသောဦးကျော်ဝင်းနှင့် ဦးခင်ဆွေတို့ဖြစ်ပြီး အသက်(၅၀)၀န်းကျင်းခန့် ရှိ ပြီးဒဏ်ရာရသူ(၂)ဦးကိုဆေးရုံသို့ပို့ဆောင် ၍ဆေးကူသမှုပေးထားကြောင်းနှင့်အမည်နာမမသိရ သေးဟုဒေသခံ ဦးတင်ဝင်းမှပြောသည်။

First National Insurance ပုဂ္ဂလိက အာမခံလုပ်ငန်း တစ်ခု စတင်လည်ပတ်ရန် စီစဉ်

Photo: ပုဂ္ဂလိက အာမခံလုပ်ငန်း တစ်ခု စတင်လည်ပတ်ရန် စီစဉ်
Friday, June 21, 2013

ဇွန်လ ၂၄ ရက်တွင် လုပ်ငန်းစတင် လည်ပတ်နိုင်ရန် First National Insurance ပုဂ္ဂလိက အာမခံ လုပ်ငန်းမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုမ္ပဏီ၏ အာမခံ လုပ်ငန်းနှင့် ပတ်သက်၍ လာရောက်အာမခံ ထားရှိသည့် ပိုင်ဆိုင်မှုများမှ မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ အသက်အာမခံနှင့် ငွေသားအာမခံများ ပြုလုပ်နိုင်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြဿနာ တစ်ခုခု ဖြစ်ပွားရင်လည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အကောင်းဆုံး အနေအထားရောက်တဲ့ အထိ ပြုလုပ်ပေးမှာပါ”ဟု တာဝန်ခံ အရာရှိ ဒေါ်ခင်စောဝင်းက ပြောကြားသည်။

အာမခံမည် ဆိုပါက ဖြစ်ပွားလာသည့် ကိစ္စရပ်များအပေါ် အကောင်းဆုံး အခြေအနေ ရောက်သည်အထိ ၎င်းတို့ဘက်မှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး၊ ငွေကြေး ကဲ့သို့သော အာမခံမျိုးတွင် လိုအပ်သည့် လုံခြုံရေး ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

First National Insurance အာမခံ ကုမ္ပဏီသည် ဇွန်လ ၁၄ ရက်နေ့တွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ကျခဲ့ပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အာမခံ လုပ်ငန်းများမှ တစ်ခုအပါအဝင်လည်း ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့တွင် အာမခံ လုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ အာမခံ လုပ်ငန်းသည် ပုဂ္ဂလိက အာမခံ လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ် ဇွန်လတွင် စတင်ကာ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခွင့် ပေးအပ်ခဲ့ပြီး အာမခံလုပ်ငန်း ၆ မျိုးကို လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။

ပြည့်လျှံ

မြန်မာ့ခေတ်

Friday, June 21, 2013

ဇွန်လ ၂၄ ရက်တွင် လုပ်ငန်းစတင် လည်ပတ်နိုင်ရန် First National Insurance ပုဂ္ဂလိက အာမခံ လုပ်ငန်းမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့ အစိုးရကျောင်းတွင် မွတ်စလင်မ် ကျောင်းသား/သူများအား ဘုရား မရှိခိုးသဖြင့် ကျောင်းထွက်ခိုင်း

ဇွန် ၂၁၊ ၂၀၁၃

နမ္မတူ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ အစိုးရကျောင်းတွင် တက်ရောက်သင်ကြားနေသော မွတ်စလင်မ်ကလေးငယ်များအား ကျောင်းအုပ်ဆရာမကြီးမှ ဘာသာရေးအရ ဖိနှိပ်ပြီး ဘုရားရှိခိုးခိုင်းရာ ကလေးမှ ဘုရားရှိမခိုးသဖြင့် ကျောင်းထွက်လက်မှတ်ပေးပြီး ကျောင်းမှထွက်ရန် ဇွန်လ(၁၉)ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

မြေနီကုန်း အကြမ်းဖက်ဖြိုခွင်းမှု နှစ်ပတ်လည်နေ့ လှုပ်ရှားမှုပြုလုပ်

ဇွန်လ ၂၁ ရက် ၂၀၁၃

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ညနေ ၃ နာရီက ကျောင်းသားဟောင်းတွေ စုပေါင်းပြီး မြေနီကုန်းလမ်းဆုံမီးပွိုင့်မှာ ပန်းပွင့်ချပွဲ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးကဖြတ်သန်းခွင့်ပြုရန်ညှိနှိုင်းပေးထားသော ငြိမ်းချမ်းရေး တပ်ဖွဲ့ပိုင်မော်တော်ယာဉ်များကို ပြည်နယ်ရဲတပ်ဖွဲ့ကဖမ်းဆီး

Friday, June 21, 2013

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ခေတ္တအခြေချနေထိုင်လျက်ရှိသောK.E.A.P ငြိမ်းချမ်းရေးတပ်ဖွဲ့(နောင်ရိုး

အထူးဒေသ)ပိုင် မော်တော်ယာဉ်များကို ၁၆.၆. ၂၀၁၃ရက်နေ့က သံလွင်တံတား (ဘားအံ)ကို ဖြတ်သန်းစဉ် ကရင် ပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားလိုက် ကြောင်း သတင်းရရှိသည်။

လေဖိအားနည်းရပ်ဝန်း 05W(FIVE) အပူပိုင်းမုန်တိုင်း BEBINCA အဖြစ်သို့ ရောက်ရှိလာ

Photo: လေဖိအားနည်းရပ်ဝန်း 05W(FIVE) အပူပိုင်းမုန်တိုင်း BEBINCA အဖြစ်သို့ ရောက်ရှိလာ
Friday, June 21, 2013

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W(FIVE) သည် ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာကာ အပြည်ပြည်ဆိုင်ရာအမည် BEBINCA ဟု ပေးထားပြီ ဖြစ်ပါသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များအရ မုန်တိုင်း BEBINCA သည် ဟောင်ကောင်၏ တောင်ဘက် မိုင် ၄၂ဝ ခန့်၊ ဟိုင်နန်ကျွန်း Haikou မြို့ အရှေ့-အရှေ့တောင်ဘက် ၅၆၅ မိုင်ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင် မြောက်ပိုင်းတွင် တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဇွန်လ ၂၂ ရက်(စနေနေ့) မြန်မာစံတော်ချိန် ၁၈၃ဝ နာရီမတိုင်မီ တရုတ်နိုင်ငံ Guangdong ပြည်နယ် တောင်ပိုင်းကမ်းခြေအား Zhanjian နှင့် Maoming မြို့ ၂ မြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
ပုံ – ၁ / ပုံ – ၂

Tropical storm “Bebinca,” expected to be the first to make landfall in China this year, should arrive in the southern province of Guangdong on Saturday, the weather bureau said on Friday.

မုန်တိုင်းဖြစ်ပေါ်နေသည့် အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လေတိုက်နှုန်းမြင့်မားလျှက်ရှိနေပါသည်။ လတ်တလောအချိန်တွင် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မုတ်သုန်လေအားအလွန်ကောင်းလျှက်ရှိကြောင်းထုတ်ပြန်ကြေငြာထားပါသည်။

မုန်တိုင်းကုန်းတွင်းသို့ ဝင်ရောက်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးပိုလာမည့် အခြေအနေရှိနေပါသည်။

05W BEBINCA
21 Jun 2013 0600Z
Location: 18.7 115.5
Winds: 35 knots
Central Pressure: 996 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကယားပြည်နယ်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊ မွန်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ သထုံမြို့တွင်(၃.၈၂)လက်မ၊ မအူပင်မြို့တွင်(၂.၉၅)လက်မ၊ ကျိုက်မရောမြို့တွင်(၂.၈၃)လက်မ၊ မြစ်ကြီးနားမြို့တွင်(၂.၆၄)လက်မ၊ ဘီးလင်းမြို့တွင်(၂.၅၆)လက်မနှင့် မချမ်းဘောမြို့တွင်(၂.၄၈)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

MMweather Page

Friday, June 21, 2013

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း05W(FIVE)သည်ပိုမိုအားကောင်း
လာပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာကာ အပြည်ပြည်ဆိုင်ရာအမည် BEBINCA ဟု ပေးထားပြီ
 ဖြစ်ပါသည်။

Smartphone လုံခြုံရေးနည်းလမ်းများ

Photo: Smartphone လုံခြုံရေးနည်းလမ်းများ
Friday, June 21, 2013

ဒီနေ့ခေတ်နိုင်ငံတကာမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက်ဟာ အရှိန်အဟုန်နဲ့ တိုးပွားနေပါတယ်… မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှုဟာ ပျံ့နှံ့စပြုလာပါပြီ… မိုဘိုင်းလ်ဖုန်းအခြေပြု စီးပွားရေးလုပ်ငန်းများလည်း တဖြည်းဖြည်းတွင်ကျယ်လာခဲ့ပါပြီ… မိုဘိုင်းလ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာနဲ့အမျှ ဖုန်းပေါ်မှာ ပါရှိနေမယ့် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကလည်း ပိုများလာပါတယ်… Smartphone နည်းပညာမြင့်မားလာတဲ့နောက်ပိုင်းမှာ ဖုန်းတစ်လုံးဟာ ကိုယ်ရဲ့ ရွေ့လျားရုံးခန်းတစ်ခုအသွင်နဲ့ အလုပ်များစွာလုပ်ဆောင်ပေးလာနိုင်တဲ့အခြေအနေမျိုးဖြစ်လာပါတော့မယ်… ဒီလိုအချိန်မှာ မသိမဖြစ်သိထားသင့်တာကတော့ သင့်မိုဘိုင်းလ်ဖုန်းကို လုံခြုံမှုရှိအောင် ဘယ်လိုအသုံးပြုမယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်… အခုအဲ့ဒီအချက်တွေကို လေ့လာကြည့်လိုက်ရအောင်…

၁) passcode များ အမြဲသုံးပါ
----------------------------------------------------------------
သင့်မှာ Android ဖုန်းပဲရှိရှိ iPhone ပဲရှိရှိ သင့်အနေနဲ့ passcode ဒါမှမဟုတ် pattern lock တွေသုံးလို့ရပါတယ်… ရိုးရှင်းတဲ့ ဒီလုံခြုံရေးနည်းလမ်းဟာ သင့်အတွက်အရေးပါတဲ့ အချက်အလက်တွေကို ကာကွယ်ပေးနိုင်ပါတယ်… သင့်အနေနဲ့ ဒီလုပ်ဆောင်ချက်အတွက် သီးသန့် application တွေလည်း ဝယ်သုံးလို့ရပါတယ်… home screen passcode တွေဟာ အရေးကြီးပါတယ်… ဘာကြောင့်လဲဆိုတော့ email အများစုဟာ ဖုန်းကနေကြည့်ဖို့ passcode ခံမထားကြလို့ပါပဲ… ဒါကြောင့် သင့်ဖုန်းမှာ file တွေအတွက် လုံခြုံမှုနည်းလမ်းတွေ လုပ်ဆောင်ထားပေမဲ့လည်း passcode မခံထားဘူးဆိုရင် တခြားသူကဖုန်းကိုခဏကောက်ကိုင်ဖို့ အခွင့်အရေးရတာနဲ့ သင့်ကိုယ်ရေးအချက်အလက်တွေပါတဲ့ email ကို အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်… ဒါကြောင့် passcode တွေဟာ မဖြစ်မနေလိုအပ်ပါတယ်…

၂) သင့်ရဲ့ iCloud နဲ့ Google account တွေကို ကာကွယ်ထားပါ
----------------------------------------------------------------
ဒုတိယအချက်အနေနဲ့ တစ်စုံတစ်ယောက်က သင့်ဖုန်းကတစ်ဆင့် iCloud ဒါမှမဟုတ် Google account ထဲကို ဝင်ခွင့်ရသွားပြီဆိုရင် သင့်ဆီကကိုယ်ရေးအချက်အလက်အများကြီး နှိုက်ထုတ်ယူသွားမှာ သေချာပါတယ်… ဒါမှမဟုတ်ရင်လည်း သင့်အကောင့်ကို သူတို့စိတ်ကြိုက်ပြောင်းလဲပုံသွင်းသွားကြပါလိမ့်မယ်… ဒီအတွက် သင့်အနေနဲ့ ဒီအကောင့်တွေတိုင်းမှာ 2-step verification တွေလုပ်ထားဖို့လိုပါလိမ့်မယ်.. သာမန်အားဖြင့် သင်က google အကောင့်တစ်ခုဖွင့်ထားရင် အဲ့ဒီကနေ YouTube ၊ Gmail ၊ Google Play ၊ Google Maps ၊ Google Calendar ၊ Picasa ၊ Google+ စသဖြင့် အကုန်လုံးကို တောက်လျှောက်ဝင်သွားလို့ရပါတယ်…

၃) သင့် Smartphone ကို Jailbreak လုပ်တာ ဒါမှမဟုတ် Root လုပ်တာမျိုးက ရှောင်ပါ
----------------------------------------------------------------
အကယ်လို့ သင့်ဖုန်းကို အပျော်သဘောနဲ့ Jailbreak လုပ်မယ် root လုပ်မယ်ဆိုရင် သင့်အနေနဲ့ ကျေနပ်နှစ်သက်မှုတွေရမှာပါ… ဒါပေမဲ့ ဒီလိုလုပ်တာဟာ သင့်အတွက် အပျော်ထက်စာရင် သောကတွေကို ပိုယူလာမှာသေချာပါတယ်… နောက်တစ်ချက်ကတော့ သင့်ဖုန်းရဲ့ နောက်ဆုံးထွက် OS version တွေကို update လုပ်ချင်တယ်ဆိုရင်တောင် ဒီလိုလုပ်ထားတဲ့အတွက် support လုပ်ပေးမှာမဟုတ်ပါဘူး… မြန်မာနိုင်ငံမှာတော့ များသောအားဖြင့် root လုပ်တတ်ကြပါတယ်… ဒါကလည်း ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ရပ်မဟုတ်ဘူးလို့ သတိပြုစေချင်ပါတယ်…

၎) Install လုပ်လိုက်တဲ့ Apps များကို သတိထားပါ
----------------------------------------------------------------
ဒီတစ်ချက်ဟာ Android devices များမှာ ပိုအရေးကြီးပါတယ်… Google ဟာ မကြာသေးမီကပဲ apps ပေါင်း ၅၀၀၀၀ ကျော်ကို ဗိုင်းရပ်စ်တွေပါတယ်လို့ သံသယရှိတဲ့အတွက် ဖယ်ရှားလိုက်ပါတယ်… သင့်ဖုန်းကိုထိခိုက်နိုင်မယ့် ဒါမှမဟုတ် သင့်အချက်အလက်တွေခိုးယူနိုင်မယ့် malware တွေ.. ဗိုင်းရပ်စ်တွေနဲ့ တခြားလျှို့ဝှက် software တွေပါဝင်တဲ့ apps အများအပြားရှိပါတယ်… Apple ရဲ့ application store မှာလည်း အလားတူပြဿနာမျိုးရင်ဆိုင်နေရပါတယ်… ဒါကြောင့် apps တွေ install လုပ်မယ်ဆိုရင် သတိထားစေချင်ပါတယ်…

၅) Browser အစား App ကိုအသုံးပြုပါ
----------------------------------------------------------------
အကယ်၍ သင်ဟာ သင့်ဖုန်းကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေလုပ်မယ်… ငွေအလွှဲအပြောင်းတွေနဲ့ တခြားအရေးပါတဲ့ သတင်းအချက်အလက်တွေကို ဖုန်းနဲ့အင်တာနက်ကိုချိတ်ဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် ဖုန်းရဲ့ browser ကနေ site တွေကိုဝင်တာထက် သင်ဝင်လိုတဲ့ site က တရားဝင်ထုတ်ထားတဲ့ app တွေကိုသုံးတာမျိုးက အကောင်းဆုံးပါပဲ… အခုနောက်ပိုင်းမှာ ဘဏ်တွေနဲ့ တခြားငွေကြေးဆိုင်ရာ လုပ်ငန်းကြီးတွေတိုင်းမှာ ကိုယ်ပိုင် apps တွေအသုံးပြုလာကြပြီဖြစ်ပါတယ်… အဲ့ဒါတွေကနေသုံးတာက လုံခြုံမှုအရှိဆုံးဖြစ်ပါတယ်…

၆) App တစ်ခုမှ ရယူနိုင်သည်များကို ထိန်းချုပ်ပါ
----------------------------------------------------------------
Apps တစ်ခုကို install လုပ်တဲ့အခါတိုင်း ဒီလို message မျိုးကို သင်အမြဲလိုလိုမြင်ဖူးပါလိမ့်မယ်… “……… would like to access your data” ရှေ့က apps ရဲ့ နာမည်တွေသာပြောင်းသွားပါမယ်… နောက်ကတော့ ဒီအတိုင်းလာတာပါပဲ… ဒီနေရာမှာ data ဆိုတာ သင့်ဖုန်းရဲ့ တည်နေရာ၊ contacts တွေနဲ့ ဓာတ်ပုံတွေအထိ ပါဝင်နေပါတယ်… ဒါကြောင့် အမြဲတမ်း OK ချည်းနှိပ်မနေပါနဲ့… ကောင်းတာက Don’t allow. ဆိုတာကို ရွေးလိုက်တာပါပဲ… နောက်ပိုင်း app ကို သုံးမရဖြစ်နေတယ်ဆိုရင်လည်း manual နည်းနဲ့ ပြန်သွားပြီး access ပေးလို့ရပါတယ်…

၇) Data တွေကို back up လုပ်ထားပါ
----------------------------------------------------------------
Back up လုပ်ထားတာဟာ ဖုန်းခိုးခံရတဲ့အခါမျိုးမှသာ အသုံးဝင်တာမဟုတ်ပါဘူး.. ဖုန်းထဲကအချက်အလက်တွေကို remote နည်းနဲ့ ရှင်းထုတ်ဖို့အတွက်လည်း သုံးနိုင်ပါတယ်… Apple user တွေအနေနဲ့ Find My iPhone ဆိုတဲ့ app ကို install လုပ်နိုင်ပါတယ်… ဒီ app ဟာ သင့်ဖုန်းအခိုးခံရပြီလို့သိတာနဲ့ ဖုန်းကို remote နည်းနဲ့ lock ချနိုင်သလို အချက်အလက်တွေကိုလည်း ရှင်းထုတ်ပစ်နိုင်ပါတယ်… အကယ်လို့သင်က data backup မလုပ်ထားဘူးဆိုရင် ဖုန်းအခိုးခံရတဲ့အခါ data တွေဆုံးရှုံးပါလိမ့်မယ်… သင်က local အနေနဲ့ပဲဖြစ်ဖြစ် cloud ထဲမှာဖြစ်ဖြစ် backup လုပ်ထားမယ်ဆိုရင် သင့်ဖုန်းကအချက်အလက်တွေကိုဖျက်ပစ်ပြီး ဖုန်းအသစ်မှာ ပြန်ထည့်နိုင်ပါလိမ့်မယ်… Android ဖုန်းတွေမှာလည်း built-in backup tool တစ်ခုပါပါတယ်… ဒါပေမဲ့ iOS တွေမှာလိုမျိုး ဖုန်းမှာပါသမျှအားလုံးကို backup လုပ်လို့မရပါဘူး…

၈) ဖုန်းအခိုးခံရရင် Report လုပ်ပါ
----------------------------------------------------------------
ပင်မ wireless carrier တွေကြားမှာ အခိုးခံရတဲ့ဖုန်းတွေအတွက် database တစ်ခု တည်ဆောက်ထားပါတယ်… သင့်အနေနဲ့ သင့်ဖုန်းအခိုးခံရတာကို report လုပ်နိုင်ပါတယ်… ဒါဆိုရင် အဲ့ဒီဖုန်းတွေကနေ carrier ကိုချိတ်ဆက်ပြီး data တွေရယူတာကို တားဆီးပေးပါလိမ့်မယ်.. ဖုန်းယူသွားတဲ့သူတွေက SIM ကဒ်ကိုလဲသုံးမယ်ဆိုရင်တောင် ဖုန်းက Serial number ကြောင့် ဘယ် carrier ဆီမှာမှ သုံးလို့ရမှာမဟုတ်ပါဘူး… အောက်ကလင့်မှာလေ့လာကြည့်ပါဦး…

http://www.facebook.com/photo.php?fbid=557208200957316&set=pb.543836485627821.-2207520000.1371807707.&type=3&theater

၉) OS ကို update လုပ်ပါ
----------------------------------------------------------------
သင့် PC မှာ Microsoft Security ကို update လုပ်သလိုပါပဲ… Smartphone တွေအတွက် နောက်ဆုံး OS version ကို update လုပ်ထားတာ အကောင်းဆုံးပါပဲ… ဘက်ထရီပိုစားတာလိုမျိုး ကိစ္စလေးတွေရှိလာနိုင်ပေမဲ့ update လုပ်တာထက် ဘာကမှ ပိုအရေးမကြီးပါဘူး… OS ကို update လုပ်သလို install လုပ်ထားတဲ့ apps တွေကိုလည်း update လုပ်ထားသင့်ပါတယ်…

၁၀) Wireless နှင့် Bluetooth
----------------------------------------------------------------
သင့်အိမ်မှာမဟုတ်ဘူးဆိုရင် wireless နဲ့ Bluetooth ကို disable လုပ်ထားတာ အကောင်းဆုံးပါပဲ… ဖြစ်နိုင်မယ်ဆိုရင် သင့်ဖုန်းကအင်တာနက်ကိုပဲသုံးပါ… မယုံကြည်ရတဲ့ wireless network တစ်ခုခုကို သင်ချိတ်ဆက်လိုက်တာနဲ့ အဲ့ဒီ network ထဲက hacker တွေရဲ့ သားကောင်ဘဝ ရောက်သွားနိုင်ပါတယ်.. Hacker တစ်ယောက်ယောက်က သင့်ဖုန်းကိုချိတ်ဆက်ပြီး သင့်အချက်အလက်တွေကို ခိုးယူသွားနိုင်ပါတယ်… Bluetooth ကို ဖွင့်ထားပြီး discoverable လုပ်ထားမယ်ဆိုရင် hacker တွေကို သင့်အချက်အလက်တွေရယူနိုင်မယ့် လမ်းကြောင်းတစ်ခု ထပ်ဖွင့်ပေးထားသလိုဖြစ်နေပါလိမ့်မယ်…
----------------------------------------------------------------
Ref: Computer & Mobile (٠ Hacking Tips & Trick ٠)

နှိုင်းရင့်နွေ

Friday, June 21, 2013

ဒီနေ့ခေတ်နိုင်ငံတကာမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက်ဟာ အရှိန်အဟုန်နဲ့ တိုးပွားနေပါတယ်။
မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှုဟာ ပျံ့နှံ့စပြုလာပါပြီ။ မိုဘိုင်းလ်ဖုန်းအခြေပြု စီးပွားရေးလုပ်
ငန်းများလည်း တဖြည်းဖြည်းတွင်ကျယ်လာခဲ့ပါပြီ။ မိုဘိုင်းလ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာ
နဲ့အမျှ ဖုန်းပေါ်မှာ ပါရှိနေမယ့် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကလည်း ပိုများလာပါတယ်။

သွားအဖမ်းမခံသလို ရှောင်လည်းမပြေးဟု ဝေမှူးသွင်ပြော

Photo: သွားအဖမ်းမခံသလို ရှောင်လည်းမပြေးဟု ဝေမှူးသွင်ပြော
Friday, June 21, 2013

နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ စစ်ကိုင်းတိုင်း
ရဲတပ်ဖွဲ့ကနေ တိုင်း တရားရုံးကိုလာဖို့ ဆင့်ခေါ်ခံထားရတဲ့ စာရေးဆရာ
ဝေမှူးသွင်ဟာ သူအနေနဲ့ သွားရောက် အဖမ်းခံတာမျိုး လုပ်မှာမဟုတ်သလို၊ လာရောက်ဖမ်းဆီးရင်လည်း ရှောင်ပြေးနေတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ရေဒီယိုအင်တာဗျူးတခုမှာ
ဝေဖန်ပြောဆိုခဲ့တဲ့အတွက် ကိုမိုဃ်းသွေး၊ ကိုဝေဠုတို့နဲ့အတူ သက်ဆိုင်ရာက
ဆင့်ခေါ်ခံထားရတဲ့ အပေါ် သူက ခုလိုပြောဆိုလိုက်တာပါ။

သူ့အနေနဲ့ မုံရွာမှာ သတင်းထောက်တွေနဲ့ အင်တာဗျူးလုပ်တဲ့အခါ
ဒေသခံတွေရဲ့ နစ်နာမှု၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ကိစ္စ၊ ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာသာ ဖြစ်ကြောင်းကိုဝေမှူးသွင်က ရှင်းပြပါတယ်။

DVB News

Friday, June 21, 2013

နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ကနေ တိုင်း တရားရုံးကိုလာဖို့ 
ဆင့်ခေါ်ခံထားရတဲ့ စာရေးဆရာ ဝေမှူးသွင်ဟာ သူအနေနဲ့ သွားရောက် အဖမ်းခံတာမျိုး လုပ်မှာမဟုတ်သ
လို၊ လာရောက်ဖမ်းဆီးရင်လည်း ရှောင်ပြေးနေတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ပြင်သစ်သို့ ပင့်ဆောင် အပူဇော်ခံမည့် စကျင်ရုပ်ပွားတော် ရွှေတိဂုံ၌ ၁၅ ရက် အပူဇော်ခံမည်

Friday, June 21, 2013

မုနိတော်ရှင် စကျင်ရုပ်ပွားတော်ကြီးကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်း

တော်ကြီးသို့ မပင့်ဆောင်မီ ရွှေတိဂုံ ဘုရားရင်ပြင်တော် ၌ ရင်ငွေ့လှုံ သီတင်းသုံးမည် ဖြစ်ကြောင်း သိရ
သည်။ထိုဆင်းတုတော်ကို ဇူလိုင် ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ၁၅ ရက်တိုင်တိုင် သီတင်းသုံးမည် ဖြစ်သည်။

စာကြည့်တိုက်များတွင် ADSL WiFi တပ်ဆင်မည်

Friday, June 21, 2013

အခြေခံလူတန်းစား ပြည်သူများ သတင်းအချက်အလက်နှင့် အသိပညာ တိုးပွားလာစေရန်နှင့် အင်တာနက် အခမဲ့ သုံးနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်

ရှိ ပြည်သူ့စာကြည့်တိုက်များ အနက် ၂၄ ခုတွင် ADSL အင်တာနက် WiFi စနစ်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကြွယ်က The Voice သို့ ပြောကြားသည်။

ဘုရင့်နောင် ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး

Photo: ဘုရင့်နောင် ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး 
Friday, June 21, 2013

ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တောင့်မှု ပြေလျော့စေရေး အတွက် တည်ဆောက်နေသော ဘုရင့်နောင်လမ်း ခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းသည် ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၇ဝ ရာခိုင်နှုန်း နီးပါးခန့် ပြီးစီးနေပြီ ဖြစ်သည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန်သည် ရွှေဂုံတိုင် ခုံးကျော် တံတားတည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်း ခွင်အတွင်း ကြည့်ရှု စစ်ဆေးသည်။

အဆိုပါ ရွှေဂုံတိုင်ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းသည် ယခုအခါ လုပ်ငန်း တစ်ခုလုံး၏ ၃ဝ ရာခိုင် နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

Friday, June 21, 2013

ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တောင့်မှု ပြေလျော့စေရေး အတွက် တည်ဆောက်နေသော ဘုရင့်နောင်လမ်း ခုံးကျော် တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းကိုယနေ့ နံနက်ပိုင်းတွင်ရန်ကုန်တိုင်း ဒေသကြီးစည်ပင်
သာယာရေးဝန်ကြီးရန်ကုန် မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရန်ကုန်အတွက် မန္တလေးမှ ၀ယ်ယူနေရသော တက္ကစီစလစ်များ

Friday, June 21, 2013

တက္ကစီကားစလစ်များကိုရန်ကုန်မြို့အတွက်အဓိက၀ယ်ယူရောင်းချနေရကြောင်း မန္တလေးကားဝယ် ရောင်း

ဈေးကွက်မှသိရသည်။ယခုလတ်တလောတွင်အ ရောင်းအ၀ယ်ဖြစ်နေသည့်တက္ကစီ စလစ်များမှာရန်ကုန်မြို့
မှ ၀ယ်သူ များကို အဓိကထား၍ ရောင်းချနေ ရပြီး တက္ကစီကုမ္ပဏီတချို့ကား တင် သွင်းခွင့် ပိတ်လိုက်သည့်
နောက်ပိုင်း တွင် တက္ကစီစလစ်များမှာ အရောင်းအ၀ယ်ပိုမိုဖြစ်လာသောကြောင့် ဈေးအနည်းငယ် တက်လာ
ကြောင်း ကားစလစ် ၀ယ်ရောင်းလုပ်ကိုင်သူ များက ပြောသည်။

ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ တန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်

Photo: ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ
တန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်
Friday, June 21, 2013

အကောက်ခွန် ဦးစီးဌာနအနေဖြင့် ရင်ကွဲတံခါး Open Cab ယာဉ် များကို OSS မှ တန်ဖိုးသတ်မှတ် ပြီးမှသာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
OSS မှ တရားဝင်တန်ဖိုး မသတ်မှတ်ရသေးသော ရင်ကွဲတံခါး Open Cab ယာဉ်များကို အကောက်ခွန် ဦးစီးဌာနအနေဖြင့် ယခင်က လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံပြီး ထုတ်ပေးခဲ့သည်။ 

သို့သော် လွန်ခဲ့သည့် နှစ်ပတ်မှစ၍ ထိုကားများကို စိစစ်ပြီး တရားဝင် တန်ဖိုးထုတ်ပြန်ပေးရန် OSS ထံ အကြောင်းကြားထားကြောင်း သိရသည်။
ရင်ကွဲတံခါး Open Cab များ ကို စိစစ်နေခြင်းနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ရင်ကွဲတံခါး Open Cab တွေကို OSS ခွင့်ပြုတဲ့ ဈေးနှုန်းထဲမှာ မပါတဲ့အတွက် စိစစ်နေပြီး ထုတ်ပေးဖို့ ခေတ္တ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်၊ ဒီကားတွေအတွက် OSS က တန်ဖိုးသတ်မှတ်ပြီးရင်တော့ ပြန်လည်ထုတ်ပေးမှာ ဖြစ်ပါတယ်”ဟု ပြော ကြားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သတ်၍ မော်တော်ယာဉ်တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကလည်း “တံခါးနှစ်ပေါက် Single Cab နဲ့ Extra Cab တွေကို လုပ်ငန်းသုံးယာဉ်အဖြစ် အခွန် ၁၃ ရာခိုင်နှုန်း ကောက်ခံပြီး Double Cab တွေကိုတော့ လူစီးယာဉ်အဖြစ် အခွန် ၁၆၅ ရာခိုင်နှုန်း ကောက်ခံနေပါတယ်၊ တံခါးနှစ်ပေါက် Open Cab တွေ Double Cab နဲ့ တန်းတူ အခွန်မကောက်ခံသင့်ဘဲ Single Cab ၊ Extra Cab တွေလို လုပ်ငန်းသုံးယာဉ်အနေနဲ့ပဲ အခွန် ကောက်ခံသင့်ပါတယ်”ဟု ဆိုခဲ့သည်။

Automobile Journal