Pages

Friday, June 21, 2013

ဟင်္သာတ - ညောင်တုန်း - လှိုင်သာယာ ရထားလမ်း ဖွင့်လှစ်ရန်စီစဉ်လျက်ရှိ

ရန်ကုန် ၊ ၂၁-၆-၂၀၁၃

ဟင်္သာတ - ညောင်တုန်း မီးရထား လမ်းပိုင်း ဖွင့်လှစ်ပြီးနောက် ညောင်တုန်း - လှိုင်သာယာ ရထားလမ်း ကို ဆက်လက် ဖွင့်လှစ်နိုင်ရေး အတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဟင်္သာတ - ညောင်တုန်း မီးရထား လမ်းပိုင်းတွင် လမ်း တည်ဆောက်ခြင်း ၊ ဘူတာရုံ တည်ဆောက်ခြင်း ၊ ကားလမ်းဖြတ် မီးရထားလမ်း တည်ဆောက်ခြင်း များ ပြီးစီး၍ အချောသတ် ပြင်ဆင်မှု များနှင့် အစမ်းမောင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိရာ မကြာမီ ကာလအတွင်း မီးရထား ပြေးဆွဲရန် စီစဉ်လျက် ရှိကြောင်း မီးရထားလမ်း စီမံကိန်း တာဝန်ခံ ထံမှ သိရှိရသည်။
The Voice , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment