Pages

Friday, June 21, 2013

ဟီဂူအင်ကို အာဆင်နယ် ခေါ်ယူနိုင်ပြီ

Photo: ဟီဂူအင်ကို အာဆင်နယ် ခေါ်ယူနိုင်ပြီ
Friday, June 21, 2013

အာဆင်နယ် အသင်းသည် ရီးရဲလ် တိုက်စစ်မှူး ဟီဂူအင်ကို ကလပ် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင်
ငွေကြေးသုံး အင်အားကြီး ကလပ် အသင်း တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အာဆင်နယ် အသင်းသည် ဟီဂူအင်ကို ခေါ်ယူရာတွင် သုံးခဲ့ရသည့် ငွေကြေး ပမာဏကို အတိအကျ ဖော်ပြခြင်း မရှိသော်လည်း ပေါင်သန်း ၅၀ မက တန်ကြေး ရှိနိုင်ကြောင်း သိရသည်။ အာဆင်နယ်မှ ရှယ်ယာရှင် ဘီလျံနာ ဖြစ်သူ အူစမန်နော့ဗ်ကလည်း မန်ုယူမှ တိုက်စစ်မှူး ရွန်းနေကို ဆက်လက်ခေါ်ယူသွားရန် အသင်း နည်းပြ ၀င်းဂါးကို တိုက်တွန်းလိုက်သည်။ အာဆင်နယ် အမှုဆောင် အိုင်ဗန်ဂါဇီဒစ်သည် ၎င်းတို့ အသင်းအနေဖြင့် လက်ရှိတွင် ဥရောပမှ ဈေးအကြီးဆုံး ကစားသမားများကို ခေါ်ယူနိုင်သော အနေအထားတွင် ရှိနေပြီ ဖြစ်ကြောင်း ဆိုသည်။ သို့ဖြစ်၍ အာဆင်နယ် အသင်းအတွက် ဟီဂူအင်မှာ ပထမခြေလှမ်း စတင်ခြင်းပင် ဖြစ်သည်။

ဟီဂူအင်သည် နှစ်ဘက် တာဝန်ရှိသူများ ဆွေးနွေးမှု အောင်မြင်ပြီးနောက် လာမည့် ရာသီတွင် အာဆင်နယ်သို့ ၄ နှစ် စာချုပ်နှင့် အတူ တစ်ပတ်လုပ်အားခ ပေါင် ၁သိန်းခွဲဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိ ခဲ့ကြောင်း သိရသည်။ ရီးရဲလ် အသင်းတွင် ကစားသမား အပြောင်းအရွှေ့ အတွက် အတည်ပြုစရာ နည်းပြ မရှိ၍ ဟီဂူအင်၏ အပြောင်းအရွှေ့မှာ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟီဂူအင်သည် အာဆင်နယ်သို့ ရောက်ရန် သေချာနေပြီး ရီးရဲလ် အသင်းအနေဖြင့် နည်းပြသစ် အဖြစ် လာမည့်ရက် အနည်းငယ်တွင် နည်းပြ အန်ဆလော့တီကို ခန့်အပ်သည့် အခါတွင် ဟီဂူအင်၏ အပြောင်းအရွှေ့မှာ အလုံးစုံ ပြီးမြောက်ပြီ ဖြစ်သည်။ 

ဟီဂူအင်သည် အာဆင်နယ် အသင်းအတွက် ဇင်းနစ် တိုက်စစ်မှူး အာရှာဗင်ကို ခေါ်ယူစဉ်က ပေးခဲ့ရသည့် ပေါင် ၁၅ သန်းကို ကျော်ဖြတ်ပြီး အသင်းတွင် ဈေး အကြီးဆုံး ဖြစ်လာမည် ဖြစ်သလို တစ်ပတ်လုပ်အားခ ပေါင် ၁ သိန်း စီရရှိနေသည့် ပိုဒေါ့စကီးနှင့် ဝေါလ်ကော့တို့ကို ကျော်ဖြတ်ကာ အာဆင်နယ် အသင်း၏ ၀င်ငွေ အကောင်းဆုံး ကစားသမား ဖြစ်လာမည် ဖြစ်သည်။

အာဆင်နယ် အသင်းသည် မန်ယူမှ ရွန်းနေကို တစ်ပတ်လုပ်အားခ ပေါင် ၂ သိန်း ခွဲပေးရန် အသင့် ရှိနေခဲ့သည်။ ယခုလို ဟီဂူအင် ရောက်လာပြီ ဖြစ်၍ ရွန်းနေကို တစ်ပတ်လုပ်အားခ ပေါင် ၂ သိန်း ခွဲပေးရန် အသင့်ရှိနေခဲ့သည်။ ယခုလို ဟီဂူအင် ရောက်လာပြီ ဖြစ်၍ ရွန်းနေမှာ ရောက်ရန် မသေချာသော်လည်း အူစမန်နော့ဗ်ကမူ ရွန်းနေမှာသာ ရောက်လာပါက နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဟု ဆိုသည်။ 

ရွန်းနေသာ မန်ယူမှ ထွက်ပါက ချဲလ်ဆီးက ခေါ်ယူရန် အသင့်ရှိနေသည်။ ရွန်းနေသည် လက်ရှိတွင် အားလပ်ရက် အပန်းဖြေနေပြီး မန်ယူ နည်းပြ မိုရက်စ်နှင့် အနာဂတ် အတွက် မဆွေးနွေးရသေးပေ။ မန်ယူ နည်းပြ မိုရက်စ်မှာ ရွန်းနေကို အသင်းမှာ ဆက်ရှိရန်နှင့် စာချုပ်သစ် ချုပ်ဆိုသွားရန် ကြိုးစား သွားဖွယ်ရှိနေသည်။

http://www.yatanarpon.com.mm

Friday, June 21, 2013

အာဆင်နယ် အသင်းသည် ရီးရဲလ် တိုက်စစ်မှူး ဟီဂူအင်ကို ကလပ် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့်
 ခေါ်ယူနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ငွေကြေးသုံး အင်အားကြီး ကလပ် အသင်း 
တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အာဆင်နယ် အသင်းသည် ဟီဂူအင်ကို ခေါ်ယူရာတွင် သုံးခဲ့ရသည့် ငွေကြေး ပမာဏကို အတိအကျ ဖော်ပြ
ခြင်း မရှိသော်လည်း ပေါင်သန်း ၅၀ မက တန်ကြေး ရှိနိုင်ကြောင်း သိရသည်။ အာဆင်နယ်မှ ရှယ်ယာရှင် ဘီ
လျံနာ ဖြစ်သူ အူစမန်နော့ဗ်ကလည်း မန်ုယူမှ တိုက်စစ်မှူး ရွန်းနေကို ဆက်လက်ခေါ်ယူသွားရန် အသင်း နည်းပြ ၀င်းဂါးကို တိုက်တွန်းလိုက်သည်။ 
 
အာဆင်နယ် အမှုဆောင် အိုင်ဗန်ဂါဇီဒစ်သည် ၎င်းတို့ အသင်းအနေဖြင့် လက်ရှိတွင် ဥရောပမှ ဈေးအကြီး
ဆုံး ကစားသမားများကို ခေါ်ယူနိုင်သော အနေအထားတွင် ရှိနေပြီ ဖြစ်ကြောင်း ဆိုသည်။ သို့ဖြစ်၍ အာဆင်
နယ် အသင်းအတွက် ဟီဂူအင်မှာ ပထမခြေလှမ်း စတင်ခြင်းပင် ဖြစ်သည်။

ဟီဂူအင်သည် နှစ်ဘက် တာဝန်ရှိသူများ ဆွေးနွေးမှု အောင်မြင်ပြီးနောက် လာမည့် ရာသီတွင် အာဆင်နယ်
သို့၎ နှစ်စာချုပ်နှင့်အတူတစ်ပတ်လုပ်အားခ ပေါင်၁သိန်းခွဲဖြင့် ပြောင်းရွှေ့ရန်သဘောတူညီမှု ရရှိ ခဲ့ကြောင်း
 သိရသည်။ ရီးရဲလ် အသင်းတွင် ကစားသမား အပြောင်းအရွှေ့ အတွက် အတည်ပြုစရာ နည်းပြ မရှိ၍ ဟီဂူ
အင်၏ အပြောင်းအရွှေ့မှာ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။သို့သော်ဟီဂူအင်သည်အာဆင်နယ်သို့ ရောက်ရန်
 သေချာနေပြီး ရီးရဲလ် အသင်းအနေဖြင့် နည်းပြသစ် အဖြစ် လာမည့်ရက် အနည်းငယ်တွင် နည်းပြ အန်ဆ
လော့တီကို ခန့်အပ်သည့် အခါတွင် ဟီဂူအင်၏ အပြောင်းအရွှေ့မှာ အလုံးစုံ ပြီးမြောက်ပြီ ဖြစ်သည်။

ဟီဂူအင်သည် အာဆင်နယ် အသင်းအတွက် ဇင်းနစ် တိုက်စစ်မှူး အာရှာဗင်ကို ခေါ်ယူစဉ်က ပေးခဲ့ရသည့်
 ပေါင် ၁၅ သန်းကို ကျော်ဖြတ်ပြီး အသင်းတွင် ဈေး အကြီးဆုံး ဖြစ်လာမည် ဖြစ်သလို တစ်ပတ်လုပ်အားခ
 ပေါင် ၁ သိန်း စီရရှိနေသည့် ပိုဒေါ့စကီးနှင့် ဝေါလ်ကော့တို့ကို ကျော်ဖြတ်ကာ အာဆင်နယ် အသင်း၏ ၀င်
ငွေ အကောင်းဆုံး ကစားသမား ဖြစ်လာမည် ဖြစ်သည်။

အာဆင်နယ် အသင်းသည် မန်ယူမှ ရွန်းနေကို တစ်ပတ်လုပ်အားခ ပေါင် ၂ သိန်း ခွဲပေးရန် အသင့် ရှိနေခဲ့
သည်။ ယခုလို ဟီဂူအင် ရောက်လာပြီ ဖြစ်၍ ရွန်းနေကို တစ်ပတ်လုပ်အားခ ပေါင် ၂ သိန်း ခွဲပေးရန် အသင့်
ရှိနေခဲ့သည်။ ယခုလို ဟီဂူအင် ရောက်လာပြီ ဖြစ်၍ ရွန်းနေမှာ ရောက်ရန် မသေချာသော်လည်း အူစမန်
နော့ဗ်ကမူ ရွန်းနေမှာသာ ရောက်လာပါက နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဟု ဆိုသည်။

ရွန်းနေသာ မန်ယူမှ ထွက်ပါက ချဲလ်ဆီးက ခေါ်ယူရန် အသင့်ရှိနေသည်။ရွန်းနေသည်လက်ရှိတွင် အားလပ်
ရက် အပန်းဖြေနေပြီး မန်ယူ နည်းပြ မိုရက်စ်နှင့် အနာဂတ် အတွက် မဆွေးနွေးရသေးပေ။ မန်ယူ နည်းပြ မို
ရက်စ်မှာ ရွန်းနေကို အသင်းမှာ ဆက်ရှိရန်နှင့် စာချုပ်သစ် ချုပ်ဆိုသွားရန် ကြိုးစား သွားဖွယ်ရှိနေသည်။

yatanarpon , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment