Pages

Friday, June 21, 2013

နမ္မတူမြို့ အစိုးရကျောင်းတွင် မွတ်စလင်မ် ကျောင်းသား/သူများအား ဘုရား မရှိခိုးသဖြင့် ကျောင်းထွက်ခိုင်း

ဇွန် ၂၁၊ ၂၀၁၃

နမ္မတူ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ အစိုးရကျောင်းတွင် တက်ရောက်သင်ကြားနေသော မွတ်စလင်မ်ကလေးငယ်များအား ကျောင်းအုပ်ဆရာမကြီးမှ ဘာသာရေးအရ ဖိနှိပ်ပြီး ဘုရားရှိခိုးခိုင်းရာ ကလေးမှ ဘုရားရှိမခိုးသဖြင့် ကျောင်းထွက်လက်မှတ်ပေးပြီး ကျောင်းမှထွက်ရန် ဇွန်လ(၁၉)ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ နမ္မတူ ဗိုလ်ချုပ်လမ်းရှိ အမက(၃) မူလတန်းလွန်ကျောင်းတွင် ဇွန်လ (၁၉)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါကျောင်းတွင် ဗုဒ္ဓဘာသာဘုရား ရှိခိုးမှုများပြုလုပ် ရပြီး ကျောင်းတက်နေသော မွတ်စလင်မ်ကျောင်းသူ ကလေးများအားလည်း ရှိခိုးခိုင်းရာ မွတ်စလင်မ်ကျောင်းသူလေး တစ်ဦးမှ ရှိခိုးမှုမပြုသဖြင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ဆူပူငေါက်ငမ်းခဲ့ပါတယ်။ 
တဆက်တည်း ဘုရား မရှိခိုးနိုင်လျှင် ကျောင်းထွက် လက်မှတ်ယူပြီး ကျောင်းထွက်သွားဟု ပြောဆိုခဲ့ပါတယ်။

နောက်တစ်ရက် ကျောင်းတက်ရန် ကျောင်းသို့ရောက်ရာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းထွက်လက်မှတ်အဆင်သင့်လုပ်ထားပြီး ကျောင်းထွက်လက်မှတ်ယူပြီး ကျောင်းထွက်ရန် ပြောကြားသောကြောင့် ကျောင်းသူလေးမှ သူ့မိခင်အားလာရောက်ခေါ်သောကြောင့် အခြားသော မွတ်လင်မ်လူကြီးတချို့နှင့်အတူ ကျောင်းသို့ လိုက်သွား၍ ကျောင်းအုပ်ဆရာမကြီးအား မနက်ခင်းပိုင်းတွင်ပင် သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရတယ်။

သို့သော် ကျောင်းအုပ်ဆရာမကြီးမှ ‘ဒီအမိန့်ဟာ ပညာရေးဌာနကနေ ရှိခိုးဖို့အတွက် ပြဌာန်းထားတာဖြစ်တယ်။ ပြဌာန်းထားတာကို မလိုက်နာတဲ့အတွက် ကျောင်းထုတ်ဖို့ ကျောင်းထွက် လက်မှတ် လုပ်ပေးတာ’ဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့် ကျောင်းသူလေး မိခင်နှင့်အတူ လိုက်ပါသွားသော မွတ်စလင်မ်လူကြီးများက ‘ဘုရားရှိခိုးရမယ်ဆိုရင် အခြားသော မွတ်စလင်မ်ကလေးတွေလည်း ရှိမခိုးနိုင်တဲ့အတွက် သူတို့အားလုံးကိုလည်း ကျောင်းထွက် လက်မှတ်ပေးပါ’လို့ တောင်းဆိုကြောင်း ပြန်လည်ပြောကြားလိုက်သည့် အတွက် ကျောင်းအုပ်ဆရာမကြီးမှ နမ္မတူ မြို့ဦး ဘုန်းကြီးကျောင်းသို့ ဖုန်းဆက်ပြီး ခေါ်လိုက်သည်ဟု သိရပါတယ်။ ထိုကဲ့သို့ ကျောင်းအုပ် ဆရာမကြီးမှ ဖုန်းဆက်လိုက်သည့်အတွက် မြို့ဦးကျောင်းမှ ဘုန်းတော်ကြီး ၂-ပါးရောက်ရှိလာပြီး ၎င်းတို့နောက်မှ ဆိုင်ကယ် အစီး(၃၀)ခန့် လူအုပ်ကြီးက တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ရောက်ရှိလာကြပါတယ်။

မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးက မေးမြန်းပြီးသည့်နောက် ‘ဒါဟာ ဘာသာရေးကိစ္စဖြစ်တယ်။ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်’ဟုပြောပြီး ပြန်သွားခဲ့ပါတယ်။ သို့သော် ကျောင်းအုပ်ဆရာမကြီးမှ ‘ဒါဟာ ပညာရေးဌာနက ပြဋ္ဌာန်းထားတာဖြစ်လို့ လုပ်ကို လုပ်ရမယ်’လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တုတ်၊ ဓါးများ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကျောင်းဝင်းအပြင်ဘက်တွင် စုရုံးနေသော်လည်း လုံခြုံရေးမှ မတားဆီးပဲ ရှိနေခဲ့ပါတယ်။ အဆိုပါ ကိစ္စမှာ မနက် ၁၁း၃၀ နာရီ ခန့်တွင် လူစုကွဲပြီး ပြန်လည် ငြိမ်သက်သွားခဲ့ကြောင်း သိရပါတယ်။

နေ့လည် ၃-နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆရာ၊ ဆရာမများအား အစည်းအဝေးခေါ်ယူပြီး ပြောကြားရာတွင် ‘ကုလားတွေဟာ လက်တစ်ဆုတ်စာသာရှိကြောင်း၊ တို့ဗမာတွေက အင်အားများတယ်၊ တို့လုပ်လိုက်ရင် သူတို့သေကုန်မယ်’ဆိုသော စကားအား ထပ်ပြန်တလဲ ပြောကြားခဲ့ပြီး ထိုနေ့မှစ၍ ယခုအချိန်အထိ နမ္မတူမြို့တွင်းတွင် လုံခြုံရေးများ ချထားကြောင်း နမ္မတူမြို့သို့ ဆက်သွယ်မေးမြန်းမှုများမှ သိရှိခဲ့ရပါသည်။

နမ္မတူတစ်မြို့လုံးတွင် စုစုပေါင်းအိမ်ခြေ (၁၀၀၀)၀န်းကျင်ခန့်နှင့် လူဦးရေ (၂၀၀၀၀)ကျော်ရှိပြီး ထိုအထဲတွင် မွတ်စလင်မ်အိမ်ခြေ (၁၈၆)အိမ်၊ လူဦးရေ (၄၀၀)၀န်းကျင်ခန့်သာ ရှိပြီး ဗလီ(၄)လုံးလည်းရှိကြောင်း သိရပါတယ်။

နိုင်ငံတ၀န်းတွင် ယခုကဲ့သို့ ဘာသာရေးအရခွဲခြားမှုများ ကျောင်းတော်တော်များများတွင် လုပ်ဆောင်နေခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အစရှိသော မြို့ကြီးများနှင့် အခြားသော နေရာအနှံ့အပြားက ကျောင်းများတွင်လည်း လုပ်ဆောင်နေကြောင်း သိရသည်။
 ကျောင်းများတွင် ဘာသာရေးအရ ခွဲခြားဖိနှိပ်ပြီး ကလေးငယ်များကို စိတ်ဓါတ်ကျစေရန် လုပ်ဆောင်မှုများသည် တိုင်းပြည်တိုးတက်ရေးကို ပိတ်ပင်တားဆီးနေသော အရာတစ်ခုဖြစ်နေကြောင်း သုံးသပ်လိုက်ရပါတယ်။
M-Media , RangonNewsDaily
kolatt(PBDN): 21.6.2013

 

0 comments:

Post a Comment