Pages

Friday, June 21, 2013

ကလေးမြို့ရဲစခန်းမှ ရဲတပ်သားနှစ်ဦး ငွေကြေးတောင်းခံနေစဉ် အများ ပြည်သူမှ ၀ိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာတာဝန်ရှိများထံ သွားရောက်အပ်နှံ

ကလေးမြို့ကလေးမြို့တွင်လိုင်စင်မဲ့ကားများသိမ်းယူခြင်းနှင့် ရဲတပ်ဖွဲ့ဝင်အချို့ အားမူးယစ်ဆေးဝါး ရောင်းဝယ်မူတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ စစ်ဆေးမူများ ပြုလုပ်နေစဉ်(၂၀.၆.၁၃)ရက်နေ့ညနေ(၆ )နာရီခန့်အချိန်တွင် ကလေးမြို့အောင်သစ္စာရပ်ကွက် နေအိမ်ခြံဝင်း တွင်းထားရှိသောကားနှစ်စီး... အားစစ်ဆေးမည်ဟုဆိုကာ ရဲတပ်သားနှစ်ဦးမှခြံစောင့်အား လက်ထိပ်ခတ်မည် ဟုခြိမ်းခြောက် ခြင်းငွေကျုပ်(၄ )သိန်းတောင်း ခဲ့ကြောင်းသတင်းရရှိသည်။
ထိုသို့တောင်းခံခဲ့သဖြင့်ခြံစောင့်မှအိမ်ပိုင်ရှင်ထံ ခေါ်ဆောင်သွားစဉ်အားအထက်ချင်းတွင်းဒေသလူငယ်များ ကွန်ယက်မှလူငယ်များချိတ်ဆက်မူများဖြင့်ဆောင်ရွက်ကြရာ ၄င်း ရဲတပ်သားနှစ်ဦးဖြစ်သူတပ်သားထိန်လင်း(လ) ၂၃၈၁၇၇တပ်သား ပြည့်စုံငြိမ်း(လ) ၂၃၇၆၆၂ တို့ မှ အိမ်၇ှင်ထံမှ ယခုလာရောက်သောရဲအရာ၇ှိများကန့်တော့ရန် ငွေ( ၃)သိန်းနှင့်မိမိတို့နှစ်ဦးအတွက် (၅)သောင်းစီပေးရန် တောင်းဆိုနေစဉ် အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်မှ လူငယ်များမှမေးမြန်းမူများပြုလုပ်ကာမတရားငွေတောင်းခံနေကြောင်းသိရှိရသဖြင့်သက်ဆိုင်ရာတာဝန်၇ှိသူများထံဆက်သွယ်ကာဥပဒေအရအရေးယူရန်အပ်နှံခဲ့ကြောင်းသိရှိရပါတယ်၊ 
ယင်းကိစ္စအားအထက်ချင်းတွင်းမှပြောကြားရာမှာ အဲဒီလိုကောင်တွေကြောင့်ဒေသမှာပြသနာတက်ပြီးခေါင်းဆောင်တွေအရေးယူခံနေရတာပါ၊ထိထိရောက်ရောက်အရေးယူဘို့လိုပါတယ်၊ ဒုရဲချုပ်ကိုယ်တိုင်ရှိ
နေတာတောင်လုပ်နေတယ်ဗျာ၊ဒါပြီးအဲဒီလူတွေကိုအလွဲသုံးစားလုပ်တယ်၊တော်တော်ဆိုးတယ်ဗျ၊ အဲဒီကောင်တွေ နှစ်ယောက်လုံးကလေးမြို့သားတွေဗျ မြို့ဂုဏ်သိက္ခာချတယ်လို့ယူဆတယ်၊
 မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဂုဏ်ပါပျက်ပြားစေပါတယ်၊ ကျွန်တော်တို့ အဲဒီကိစ္စတွေကိုဒေသမှာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးဆက်လက်လုပ်ဆောင်သွားမှာပါဟု ပြောကြားပါတယ်၊ 
ယင်းရဲတပ်ဖွဲ့ဝင်များအားမည်သို့အရေးယူမည်ကိုစောင့်ကြည့်မည်ဖြစ်ကြောင်းအထက်ချင်းတွင်းမှပြောကြားပါတယ်။
Kyàw Thêt Wíñ (င်္FB) , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment