Pages

Friday, June 21, 2013

ခိုးမှုသံသယဖြင့်ဖမ်းဆီးစစ်ဆေးစဉ် ရေနှစ်သေဆုံးခဲ့သူ မသန်းသန်းအေး သေဆုံးမှုအပေါ် အမှန်တရားပေါ်ပေါက်ရန် အမှုဖွင့်သွားမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ပြောကြား

ခိုးမှုသံသယဖြင့်ဖမ်းဆီးစစ်ဆေးစဉ်  ရေနှစ်သေဆုံးခဲ့သူ မသန်းသန်းအေး သေဆုံးမှုအပေါ် အမှန်တရားပေါ်ပေါက်ရန် အမှုဖွင့်သွားမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ပြောကြား
====================================

ရန်ကုန် ဇွန် ၂၁

ခိုးမှုသံသယဖြင့်ဖမ်းဆီးစစ်ဆေးစဉ်  မသန်းသန်းအေး သေးဆုံး သွားခြင်းအပေါ် ဥပဒေကြောင်းအရ အမှန်တရားပေါ်ပေါက်ရန် အမှုဖွင့်သွားမည်ဖြစ်ကြောင်း မသန်းသန်းအေး၏ ဖခင်ဖြစ်သူ အသက်  ၅၃ နှစ်အရွယ် ဦးပြည်သိမ်းက ပြောသည်။

ပုသိမ်မြို့နယ် လက်ပံပင်ကျေးရွာ သပြေပင်ကျေးရွာနေ မသန်းသန်းအေး အား ခိုးမှုသံသယရှိခြင်းကြောင့် စစ်ဆေးရန် ဇွန်လ ၁၁ ရက်က နေအိမ်သို့ ပုသိမ်မြို့နယ် သင်္ဘောကျင်းရဲစခန်းမှ တာဝန်ရှိသူအချို့က လာရောက်၍ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အမှုစစ်ဆေးနေစဉ်ကာလ အတွင်း ရေနှစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်က အလောင်းအား င၀န်မြစ်အတွင်းပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အလောင်းအား ပြန်လည်တွေ့ရှိစဉ် မသန်းသန်းအေးသည် လက်ထိပ်ခတ်ခံထားရပြီး ခြေထောက်နှင့် လက်ထိပ်အား သံကြိုးတွဲခတ်ချည်ထားခြင်းခံရကြောင်း ဓာတ်ပုံမှတ်တမ်း အရသိရကြောင်း ဖြစ်စဉ်အား အမှုမှန်ပေါ်ပေါက်ရေး လိုက်လံဆောင်ရွက်ပေးလျက်ရှိသူ လူ့အခွင့်အရေးကာကွယ်မြှင့် တင်သူများအဖွဲ့ မှ တရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်ကပြောသည်။

““ ဒါဖြစ်စဉ်ကို သေချာလေ့လာကြည့်မယ်ဆိုရင် ရဲလက်စွဲဥပဒေကို ချိုးဖောက်တယ်လို့ပြောရမှာပါ”” ဟု ဦးခင်မောင်ရှိန်ကပြောသည်။
ယင်းအတွက် အမှုဖွင့်၍ နိုင်ငံတော်မှ တရားလိုပြု အရေး ယူဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းဆိုသည်။

သပြေကုန်းကျေးရွာနေ ဒေါ်မြင့်မြင့်ခင်၏ နေအိမ်မှ ရွှေထည်ပစ္စည်းများပျောက်ဆုံးသွားခြင်းနှင့်ပတ်သက်၍ မသန်းသန်းအေး၏ အမျိုးသားဖြစ်သူ ကိုနန်းဝင်းအား ဖမ်းဆီးစစ်ဆေးမှုပြုနေစဉ်ကာလအတွင်း မသန်းသန်းအေး အား ခိုးမှုသံသယဖြင့် ထပ်မံဖမ်းဆီး စစ်ဆေးရန် ခေါ်ယူ ထားခြင်းဖြစ်ပြီး သက်သေခံပစ္စည်းများသွားရောက်ရှာဖွေပြီး အပြန်၌ မသန်းသန်းအေးမှာ ယခုလိုသေဆုံးခဲ့ခြင်းဖြစ်သည်။ သက်သေခံပစ္စည်းများအား ရှာဖွေတွေ့ ရှိခဲ့ခြင်းမရှိကြောင်း သင်္ဘောကျင်းရဲစခန်းမှုး ရဲအုပ် ကြည်လင်းကပြောသည် ။ သက်သေခံပစ္စည်းရှာဖွေရန် မသန်းသန်းအေး အပါအ၀င် ၁၃ ဦး လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး အပြန်၌ မသန်းသန်းအေးမှာ နောက်လှန်၍ ရေထဲ ခုန်ဆင်းသွားခြင်းဖြစ်ကြောင်း ဖြစ်ဖြစ်ခြင်းရှာဖွေသော်လည်းတွေ့ရှိခြင်းမရှိခဲ့ဘဲ ဇွန်လ ၁၉ ရက် နံနက် ၈နာရီ မိနစ် ၄၀ မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

““ ခုန်ဆင်းသွားတယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။. လက်နောက်ပြန် လက်ထိပ်ခတ်ခံထားရတယ်။ လက်ထိပ်နဲ့တွဲပြီး ခြေထောက်ကို သံကြိုးနဲ့ တွဲချည်ထားခံရတဲ့ လူတစ်ယောက်က ဒီလိုလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”” ဟု ဦးခင်မောင်ရှိန်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကို တိုင်းရဲတပ်ဖွဲ့အစီအမံဖြင့် ရဲစည်းကမ်းအရအရေးယူထားကြောင်း ရဲအုပ်ကြည်လင်းကပြောသည်။ ထို့အတူ အမှုမှန်ပေါ်ပေါက်ရေးအတွက် ခရိုင်ရဲမှူးအဖွဲ့မှ ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း ဒုရဲမှူးကြီး ထွန်းမင်းကဆိုသည်။

““ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်ပါ။ ကျွန်တော်တို့အနေနဲ့ ဦးပြည်သိမ်းရဲ့ဆန္ဒအရ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ပြည် ထဲရေးဝန်ကြီးဌာနအပြင် အဖွဲ့အစည်းတွေကို စာရေးသားတင်ပြ တောင်း ဆိုသွားမှာပါ”” မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြင့်အေးကပြောသည်။

မသန်းသန်းအေးသည် သေဆုံးစဉ်၌ အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရဆဲဖြစ်သော ယင်းအမျိုးသား ကိုနန်းဝင်းမှာ ၂၆ နှစ်ဖြစ်ကြောင်း သားသမီးထွန်းကားခြင်းမရှိသေးကြောင်းသိရသည်။

ဥာဏ်လင်းအောင်

ရန်ကုန် ဇွန် ၂၁
ခိုးမှုသံသယဖြင့်ဖမ်းဆီးစစ်ဆေးစဉ် မသန်းသန်းအေး သေးဆုံး သွားခြင်းအပေါ် ဥပဒေကြောင်းအရ အမှန်တ
ရားပေါ်ပေါက်ရန် အမှုဖွင့်သွားမည်ဖြစ်ကြောင်း မသန်းသန်းအေး၏ ဖခင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဦး
ပြည်သိမ်းက ပြောသည်။ ပုသိမ်မြို့နယ် လက်ပံပင်ကျေးရွာ သပြေပင်ကျေးရွာနေ မသန်းသန်းအေး အား ခိုးမှုသံသယရှိခြင်းကြောင့် စစ်ဆေးရန် ဇွန်လ ၁၁ ရက်က နေအိမ်သို့ ပုသိမ်မြို့နယ် သင်္ဘောကျင်းရဲစခန်းမှ တာဝန်ရှိသူအချို့က လာ
ရောက်၍ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အမှုစစ်ဆေးနေစဉ်ကာလ အတွင်း ရေနှစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်က အလောင်းအား င၀န်မြစ်အတွင်းပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းအား ပြန်လည်တွေ့ရှိစဉ် မသန်းသန်းအေးသည် လက်ထိပ်ခတ်ခံထားရပြီး ခြေထောက်နှင့် လက်
ထိပ်အား သံကြိုးတွဲခတ်ချည်ထားခြင်းခံရကြောင်း ဓာတ်ပုံမှတ်တမ်း အရသိရကြောင်း ဖြစ်စဉ်အား အမှုမှန်
ပေါ်ပေါက်ရေး လိုက်လံဆောင်ရွက်ပေးလျက်ရှိသူ လူ့အခွင့်အရေးကာကွယ်မြှင့် တင်သူများအဖွဲ့ မှ တရားရုံး
ချုပ်ရှေ့နေ ဦးခင်မောင်ရှိန်ကပြောသည်။

““ ဒါဖြစ်စဉ်ကို သေချာလေ့လာကြည့်မယ်ဆိုရင် ရဲလက်စွဲဥပဒေကို ချိုးဖောက်တယ်လို့ပြောရမှာပါ”” ဟု ဦး
ခင်မောင်ရှိန်ကပြောသည်။ယင်းအတွက် အမှုဖွင့်၍ နိုင်ငံတော်မှ တရားလိုပြု အရေး ယူဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းဆိုသည်။

သပြေကုန်းကျေးရွာနေ ဒေါ်မြင့်မြင့်ခင်၏ နေအိမ်မှ ရွှေထည်ပစ္စည်းများပျောက်ဆုံးသွားခြင်းနှင့်ပတ်သက်၍ မသန်းသန်းအေး၏ အမျိုးသားဖြစ်သူ ကိုနန်းဝင်းအား ဖမ်းဆီးစစ်ဆေးမှုပြုနေစဉ်ကာလအတွင်း မသန်းသန်း
အေး အား ခိုးမှုသံသယဖြင့် ထပ်မံဖမ်းဆီး စစ်ဆေးရန် ခေါ်ယူ ထားခြင်းဖြစ်ပြီး သက်သေခံပစ္စည်းများသွား
ရောက်ရှာဖွေပြီး အပြန်၌ မသန်းသန်းအေးမှာ ယခုလိုသေဆုံးခဲ့ခြင်းဖြစ်သည်။ သက်သေခံပစ္စည်းများအား ရှာဖွေတွေ့ ရှိခဲ့ခြင်းမရှိကြောင်း သင်္ဘောကျင်းရဲစခန်းမှုး ရဲအုပ် ကြည်လင်းကပြောသည် ။ 
 
သက်သေခံပစ္စည်းရှာဖွေရန် မသန်းသန်းအေး အပါအ၀င် ၁၃ ဦး လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး အပြန်၌ မသန်း
သန်းအေးမှာ နောက်လှန်၍ ရေထဲ ခုန်ဆင်းသွားခြင်းဖြစ်ကြောင်း ဖြစ်ဖြစ်ခြင်းရှာဖွေသော်လည်းတွေ့ရှိခြင်း
မရှိခဲ့ဘဲ ဇွန်လ ၁၉ ရက် နံနက် ၈နာရီ မိနစ် ၄၀ မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

““ခုန်ဆင်းသွားတယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။. လက်နောက်ပြန် လက်ထိပ်ခတ်ခံထားရတယ်။ လက်
ထိပ်နဲ့တွဲပြီး ခြေထောက်ကိုသံကြိုးနဲ့တွဲချည်ထားခံရတဲ့လူတစ်ယောက်ကဒီလိုလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်
နိုင်ပါဘူး”” ဟု ဦးခင်မောင်ရှိန်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကို တိုင်းရဲတပ်ဖွဲ့အစီအမံဖြင့် ရဲစည်းကမ်းအရအရေးယူထားကြောင်း ရဲအုပ်ကြည်လင်းကပြောသည်။ ထို့အတူ အမှုမှန်ပေါ်ပေါက်ရေးအတွက် ခရိုင်ရဲမှူးအဖွဲ့မှ ခုံရုံးဖွဲ့စစ်ဆေးမည်
ဖြစ်ကြောင်း ဒုရဲမှူးကြီး ထွန်းမင်းကဆိုသည်။

““ ဒါဟာလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်ပါ။ကျွန်တော်တို့အနေနဲ့ ဦးပြည်သိမ်းရဲ့ဆန္ဒအရ အမှုမှန်ပေါ်
ပေါက်ရေးအတွက်သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနအပြင်အဖွဲ့အစည်းတွေကိုစာရေးသားတင်ပြ တောင်း
 ဆိုသွားမှာပါ”” မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြင့်အေးကပြော
သည်။

မသန်းသန်းအေးသည် သေဆုံးစဉ်၌ အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရဆဲဖြစ်သော ယင်းအမျိုးသား ကိုနန်းဝင်းမှာ ၂၆ နှစ်ဖြစ်ကြောင်း သားသမီးထွန်းကားခြင်းမရှိသေးကြောင်းသိရသည်။

ဥာဏ်လင်းအောင် 
ပေါ်ပြုလာမြန်မာ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၁.၆.၂၀၁၃

0 comments:

Post a Comment