Pages

Friday, June 21, 2013

စာကြည့်တိုက်များတွင် ADSL WiFi တပ်ဆင်မည်

Friday, June 21, 2013

အခြေခံလူတန်းစား ပြည်သူများ သတင်းအချက်အလက်နှင့် အသိပညာ တိုးပွားလာစေရန်နှင့် အင်တာနက် အခမဲ့ သုံးနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်

ရှိ ပြည်သူ့စာကြည့်တိုက်များ အနက် ၂၄ ခုတွင် ADSL အင်တာနက် WiFi စနစ်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကြွယ်က The Voice သို့ ပြောကြားသည်။
WiFi တပ်ဆင်ခြင်း လုပ်ငန်းများကို စာကြည့်တိုက်များတွင် ၂၀၁၂ ခုနှစ်က စတင်ခဲ့ကာ SkyNet WiFi စနစ်
ကိုလက်ရှိစာကြည့်တိုက် ၃၅ခုတွင် အသုံးပြုလျှက်ပြီး ဇူလိုင်လအတွင်း လိုင်းပို၍ မြန်သော ADSL WiFi စနစ်
ကို စာကြည့်တိုက် ၂၄ ခုတွင် ထပ်မံတပ်ဆင်သွားမည် ဖြစ်ကြောင်း ၄င်းထပ်လောင်း ပြောကြားသည်။

“မည်သူမဆို အခမဲ့ သုံးနိုင်ပါတယ်။ နေရာဒေသအလိုက် စာကြည့်တိုက် ပိတ်ချိန် ဖွင့်ချိန်တော့ကွာလိမ့်မယ်

။ တနင်္ဂနွေနေ့မှာ စာကြည့်တိုက်တွေ အကုန်လုံး ပိတ်ထားမယ် ဆိုတာ မဟုတ်ပါဘူး” ဟု ၄င်းက ဆိုသည်။

WiFi စနစ် တိုးချဲ့တပ်ဆင်မှု များသည် ပြည်သူများအတွက်အမှန်တကယ်ထိရောက်မှု ရှိ/မရှိ သိရှိစေရန် စစ်

တမ်းများ ကောက်ယူကာ ထုတ်ပြန်မည်ဖြစ်ကြောင်း ၄င်း၏အဆိုအရ သိရသည်။“စာကြည့်တိုက်မှာ အခမဲ့ 
အင်တာနက် သုံးနိုင်တယ် ဆိုတော့ လူတိုင်းအတွက် တော်တော်လေး အဆင်ပြေမှာပါ။ စာကြည့်တိုက် ဆို
တာကို လူတွေတော်တော် များများ သိလာတာပေါ့” ဟု လှိုင်သာယာ မြို့နယ်တွင် နေထိုင်သူ ဦးအောင်မြင့်
သူက ဆိုသည်။

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများ လက်အောက်တွင် စာကြည့်တိုက် ၆၇ ခုရှိပြီး ဦးစွာ WiFi စနစ်အဆင်ပြေမည့် ၅၉ နေရာကို ၂၀၁၂ ခုနှစ်မှ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာ ငွေဖြင့် အပြီး တပ်ဆင်သွားမည် ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment