Friday, February 21, 2014
လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်သဘောတူ
Photo: လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်သဘောတူ
RangonNewsDaily: February . 21 .2014လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကော်မရှင် ဥက္ကဌနဲ့ အတွင်းရေးမှူးကို အဆိုပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားကို ဒီနေ့ တင်ပြတောင်းခံလိုက်ပါတယ်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဥက္ကဌအဖြစ် ဦးမြ၀င်း (စစ်မှုထမ်း အငြိမ်းစား) နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား) တို့ကို လျာထားကြောင်း သိရပါတယ်။
ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်
RangonNewsDaily: February . 21 .2014
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်းဝတ်ထားသူတစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။
ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေးဆောင်ရွက်နေသည့် သင်္ဃန်းကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး
![]() |
ဗီဒီယိုသရုပ်ဆောင် နေသူရိန်၊ အမည်ရင်း စနေထွန်း (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု၏ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၁၁း၃၀) အချိန်ခန့်နှင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ (၆း၃၀) အချိန်တို့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးအား အုပ်စုဖြင့် ၀ိုင်းဝန်းအနိုင်ကျင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့်