Pages

Friday, February 21, 2014

JACA ချေးငွေ မြဝတီ- ဘုရားသုံးဆူ ကားလမ်းသစ် ဖောက်မည်

RangonNewsDaily: February . 21 .2014
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JACA) ၏ ချေးငွေ ကျပ်သန်း ၉၀၀၀ ကျော် အသုံးပြု၍ မြဝတီ- ဘုရားသုံးဆူ ထွက်ပေါက်သစ် တစ်ခုဖြစ်သည့် တရနာ- ကျွန်းရွာ ကားလမ်းသစ်ကို ဧပြီလကုန်ပိုင်းတွင် ဖောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က ပြောကြားသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာ ကျေးရွာမှ မိုင် ၂၃ မိုင် ၆ ဖာလုံ ကွာဝေးသည့် ကျွန်းရွာကြားတွင် ကျေးရွာပေါင်း များစွာ ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသဖွံ့ဖြိုးမှု အားနည်းခဲ့ရကြောင်း၊ ယင်းလမ်း ဖောက်လုပ်ပြီးပါက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှ တစ်ဆင့် မြဝတီ နယ်စပ်နှင့် ဘုရားသုံးဆူ နယ်စပ်သို့ သွားလာနိုင်မည့် အာဆီယံ လမ်းမကြီးနှင့်လည်း ချိတ်ဆက်နိုင်မည်ဟု ပြည်နယ်အစိုးရ ဝန်ကြီးက ဆိုသည်။

“ဒီလမ်းဖောက်ပေးဖို့ ပြည်နယ်အစိုးရ တောင်းဆိုတာကို JACA အဖွဲ့ကလည်း သဘောတူတယ်။ ပြည်ထောင်စု အစိုးရကလည်း သဘောတူတယ်၊ ချေးငွေတော့ ရောက်နေပြီလို့ JACA က ပြောတယ်။ နောက်လ အတွင်းမှာ တင်ဒါခေါ်မယ်” ဟု ဒေါက်တာ ခင်မောင်သွင်က ဆက်လက် ရှင်းပြသည်။

မွန်ပြည်နယ်အတွင်း လိုအပ်နေသည့် လမ်းပိုင်းဆိုင်ရာများ၊ သောက်သုံးရေ ရရှိရေးနှင့် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် လျှပ်စစ်မီး ရရှိရေးတို့ကို ပြည်နယ်အစိုးရက ဂျပန်အဖွဲ့ကို တောင်းဆိုခဲ့ရာတွင် ဒေသဖွံ့ဖြိုးမှု အားနည်းသည့် ကျိုက်မရောမြို့နယ်အတွက် ကားလမ်း ဖောက်လုပ်ခြင်းကိုသာ သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment