Pages

Friday, February 21, 2014

ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးအပီးရပ်တန့်စေရန် မေခ-မလိခမြစ်ဆုံထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်

Photo: ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးအပီးရပ်တန့်စေရန် မေခ-မလိခမြစ်ဆုံထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်

ဖေဖေါ်ဝါရီ ၂၁ ရက် ၂၀၁၄ ခုနှစ်

ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးအပီးရပ်ဆိုင်းစေရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသော နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီနှင့် ဧရာဝတီချစ်သူတိုင်းရင်းသားပြည်သူများ ပူးပေါင်းပြီး ရန်ကုန်မြို့မှ မေခ-မလိခ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစု ကော်မတီမှ ကိုရဲထွဋ်ခေါင်က
ပြောသည်။

ဧရာဝတီမြစ်ကြီးကို ပေါက်ဖွားစေခဲ့သည့်မေခ -မလိခ မြစ်ဆုံနှစ်စင်းနှင့် ဧရာဝတီမြစ်ကြီးကိုပျက်စီးစေမည့် ရေအားလျှပ်စစ် ဆည်တည်ဆောက်ရေး စီမံကိန်းကြီးကို ယခုအစိုးရလက်ထက်တွက် ခေတ္တသာရပ်ဆိုင်းထားကြောင်း ဧရာဝတီမြစ်ဆုံဆည် အပြီးရပ်ဆိုင်းမှသာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မပျက်စီးရေးတို့ကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း စသည့်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီ မှဆိုသည်။

“မြစ်ကြီးတိမ်ကောသွားရင်ဆိုးကျိုးတွေဖြစ်မယ်။ ဧရာဝတီမြစ်ကြီး ဆက်လက်ရှင်သန်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိမယ်ဆိုတာ လမ်းလျှောက်ဖြတ်သန်းသွားမည့် မြို့တစ်ချို့မှာ ဟောပြောမယ်။ အဓိကကတော့ ဂေဟစနစ်တွေပျက်သုဉ်းနေပြီ သဘာဝပတ်ဝန်းကျင် ထိခိုက်နေပီ။ အချိန်မီမြစ်ဆုံရေကာတာကြီး ဖျက်သိမ်းနိုင်မှ ဂေဟစနစ်ကိုပြန်လည် ထိန်းသိမ်းနိုင်မယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း ဆောင်ရွက်နိုင်မယ်လို့ ရည်ရွယ်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ
ကိုရဲထွဋ်ခေါင်က ပြောသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် အဖွဲ့ပေါင်း ၃၄ဖွဲ့ ပါဝင်မည်ဖြစ်ပြီးလူအားဖြင့်၅၀ ကျော်ပါဝင် လမ်းလျှောက်ကြမည် ဖြစ်ကြောင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင်လည်းခွင့်ပြုမိန့် တောင်းခံခြင်းများ မပြုလုပ်ထားကြောင်း နှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ကချင်ဒေသခံများနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစုကော်မတီမှသိရသည်။

“နောက်လာမယ့် သမ္မတမရောက်ခင် အခုသက်တမ်းမှာ မြစ်ဆုံစီမံကိန်းကိုဖျက်သိမ်းနိုင်ဖို့အတွက် ဒါကို လမ်းလျှောက်ဖို့ ရည်ရွယ်ခဲ့ကြတာပါ။ ၃၄ ဖွဲ့သဘောတူညီမှု ရရှိထားတယ်။ ဘယ်အဖွဲ့တွေ ပါဝင်တယ်ဆိုတာကို မတ်လ ၁ ရက်နေ့မှာ ကြေညာချင်ထုတ်ပြန်မယ်။ အဓိကကတော့ မတ်လ ၁၅ ရက်သို့မဟုတ်-၁၆ရက်နေ့မှာ စတင်ထွက်မယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံနှင့်ပြည်သူအတွက် အကျိုးမရှိတဲ့ ကိစ္စဖြစ်နေတဲ့ကိစ္စဖြစ်တာကြောင့် နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်လာအောင် လှုံဆော်တဲ့ အနေထားဖြစ်တယ်။ ခွင့်ပြုချက်တင်စရာ မလိုဘူးထင်တယ်။ ခွင့်ပြုမိန့်မတင်ဘူး တားဆီးတာတွေကြုံရင် ညှိနှိုင်းဆွေးနွေးမယ် ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ ကိုရဲထွဋ်ခေါင်
ကပြောသည်။

ရန်ကုန်မှမန္တလေးသို့မိုင် ၈၀၀ ကျော်-မန္တလေးမှ ကချင်ပြည်နယ်မြစ်ဆုံဒေသသို့ မိုင်ပေါင်း ၇၀၀ ကျော် စုစုပေါင်းမိုင်ပေါင်း ၁၅၀၀ ကျော်ရှိပီး ရက်အားဖြင့်လည်း ရက်ပေါင်း ၁၁၀ ကျော်လျှောက် ရမည်ဖြစ်ကြောင်း နှင့်မတ်လ ၁၅ သို့မဟုတ် ၁၆
ရက်နေ့မှစတင်ပီး မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

ရွှေထွဋ်

Credit tp:မြန်မာ့ခေတ်

RangonNewsDaily: February . 21 .2014
ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးအပီးရပ်ဆိုင်းစေရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသော နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီနှင့် ဧရာဝတီချစ်သူတိုင်းရင်းသားပြည်သူများ ပူးပေါင်းပြီး ရန်ကုန်မြို့မှ မေခ-မလိခ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း
သားဟောင်းများအင်
အားစု ကော်မတီမှ ကိုရဲထွဋ်ခေါင်ကပြောသည်။ဧရာဝတီမြစ်ကြီးကို ပေါက်ဖွားစေခဲ့သည့်မေခ -မလိခ မြစ်ဆုံနှစ်စင်းနှင့် ဧရာဝတီမြစ်ကြီးကိုပျက်စီးစေမည့် ရေအားလျှပ်စစ် ဆည်
တည်ဆောက်ရေး စီမံကိန်းကြီးကို ယခုအစိုးရလက်ထက်တွက် ခေတ္တသာရပ်ဆိုင်းထားကြောင်း ဧရာဝတီမြစ်ဆုံဆည် အပြီးရပ်
ဆိုင်းမှသာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မပျက်စီးရေးတို့ကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း စသည့်ဖြင့် နိုင်ငံရေး
အကျဉ်းသားဟောင်းများ အင်အားစုကော်မတီ မှဆိုသည်။

“မြစ်ကြီးတိမ်ကောသွားရင်ဆိုးကျိုးတွေဖြစ်မယ်။ ဧရာဝတီမြစ်ကြီး ဆက်လက်ရှင်သန်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိ
မယ်ဆိုတာ လမ်းလျှောက်ဖြတ်သန်းသွားမည့် မြို့တစ်ချို့မှာ ဟောပြောမယ်။ အဓိကကတော့ ဂေဟစနစ်တွေပျက်သုဉ်းနေပြီ သ
ဘာဝပတ်ဝန်းကျင် ထိခိုက်နေပီ။ အချိန်မီမြစ်ဆုံရေကာတာကြီး ဖျက်သိမ်းနိုင်မှ ဂေဟစနစ်ကိုပြန်လည် ထိန်းသိမ်းနိုင်မယ်။ သဘာ
ဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း ဆောင်ရွက်နိုင်မယ်လို့ ရည်ရွယ်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အား
စုကော်မတီမှကိုရဲထွဋ်ခေါင်က ပြောသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် အဖွဲ့ပေါင်း ၃၄ဖွဲ့ ပါဝင်မည်ဖြစ်ပြီးလူအားဖြင့်၅၀ ကျော်ပါဝင် လမ်းလျှောက်ကြမည် ဖြစ်ကြောင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင်လည်းခွင့်ပြုမိန့် တောင်းခံခြင်းများ မပြုလုပ်ထားကြောင်း နှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ကချင်ဒေသခံများနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်း
များအင်အား
စုကော်မတီမှသိရသည်။

“နောက်လာမယ့် သမ္မတမရောက်ခင် အခုသက်တမ်းမှာ မြစ်ဆုံစီမံကိန်းကိုဖျက်သိမ်းနိုင်ဖို့အတွက် ဒါကို လမ်းလျှောက်ဖို့ ရည်ရွယ်
ခဲ့ကြတာပါ။ ၃၄ ဖွဲ့သဘောတူညီမှု ရရှိထားတယ်။ ဘယ်အဖွဲ့တွေ ပါဝင်တယ်ဆိုတာကို မတ်လ ၁ ရက်နေ့မှာ ကြေညာချက်
ထုတ်ပြန်မယ်။ အဓိကကတော့ မတ်လ ၁၅ ရက်သို့မဟုတ်-၁၆ရက်နေ့မှာ စတင်ထွက်မယ်လို့ ပြောနိုင်ပါတယ်။

 နိုင်ငံနှင့်ပြည်သူအတွက် အကျိုးမရှိတဲ့ ကိစ္စဖြစ်နေတဲ့ကိစ္စဖြစ်တာကြောင့် နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်လာအောင် လှုံဆော်တဲ့ အနေထားဖြစ်တယ်။ ခွင့်ပြုချက်တင်စရာ မလိုဘူးထင်တယ်။ ခွင့်ပြုမိန့်မတင်ဘူး တားဆီးတာတွေကြုံရင် ညှိနှိုင်းဆွေးနွေးမယ် ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ ကိုရဲထွဋ်ခေါင်
ကပြောသည်။

ရန်ကုန်မှမန္တလေးသို့မိုင် ၈၀၀ ကျော်-မန္တလေးမှ ကချင်ပြည်နယ်မြစ်ဆုံဒေသသို့ မိုင်ပေါင်း ၇၀၀ ကျော် စုစုပေါင်းမိုင်ပေါင်း ၁၅၀၀ ကျော်ရှိပီး ရက်အားဖြင့်လည်း ရက်ပေါင်း ၁၁၀ ကျော်လျှောက် ရမည်ဖြစ်ကြောင်း နှင့်မတ်လ ၁၅ သို့မဟုတ် ၁၆
ရက်နေ့မှစတင်ပီး မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

ရွှေထွဋ်
Credit tp:မြန်မာ့ခေတ် , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment