Pages

Friday, February 21, 2014

ပြန်လည်ရှာတွေ့ခဲ့သည့် ဂျပန်ရေငုပ် အမျိုးသမီးတစ်ဦးအလောင်း

Photo: ပြန်လည်ရှာတွေ့ခဲ့သည့် ဂျပန်ရေငုပ် အမျိုးသမီးတစ်ဦးအလောင်း
Friday, February 21, 2014 

အင်ဒိုနီးရှားနိုင်ငံက ကယ်ဆယ်ရေး လုပ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းနားမှာ ရေငုပ်ရင်း ပျောက်ဆုံးခဲ့တဲ့ ဂျပန်အမျိုးသမီး ၇ ဦးထဲက
  ၅ ဦးကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကျန်နေသေးတဲ့  ၂ ဦးကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ရှာဖွေနေကြတာ ဖြစ်ပါတယ်။ 

အခုအခါမှာတော့ ပျောက်နေတဲ့ အမျိုးသမီး ၂ ဦးထဲက တစ်ဦးရဲ့ အလောင်းကို ရှာတွေ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ဘာလီကျွန်းအပန်းဖြေစခန်း တောင်ဘက်ပိုင်းမှာ ပျောက်ဆုံးခဲ့တဲ့ ဂျပန်အမျိုးသမီးရေငုပ် သမား ၂ ယောက်ထဲက တစ်ယောက်ရဲ့အလောင်းကို ရှာတွေ့ပြီဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အခုတွေ့ရှိခဲ့တဲ့ အမျိုးသမီးရဲ့အလောင်းကို ဆီရာဂန်ကျွန်းနားမှာ အင်္ဂါနေ့က ရှာတွေ့ခဲ့တာဖြစ်ပြီး အလောင်းမှာ ၀တ်ထားတဲ့ အ၀တ်အစားကိုကြည့် ခြင်းအားဖြင့် ပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တယ်လို့ အာဏာပိုင်တွေက သုံးသပ်ပြောကြားထားတာဖြစ်တယ်လို့ သိရပါတယ်။ 

ပျောက်ဆုံးနေတဲ့အမျိုး သမီးနှစ်ယောက်ဟာ အမျိုးသမီး ၇ ယောက်ပါဝင်တဲ့ ရေငုပ်အဖွဲ့ထဲက တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေဟာ သောကြာနေ့ကတည်းက ဘာလီကျွန်းနားမှာရှိတဲ့ လန်ဘန်ဂန်ကျွန်းကို ရေငုပ်ဖို့သွားရာကနေ ပျောက်ဆုံးခဲ့ကြတာဖြစ်ပြီး သူတို့ထဲက  ၅ ယောက်ကို တော့တနင်္လာနေ့မှာ အသက်ရှင်ရက်ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ပျောက်နေသူကို ရှာဖွေဖို့အတွက် ကယ်ဆယ်ပြီးလူ ၅ ယောက်ကို ရှာတွေ့ခဲ့တဲ့နေရာအပြင် နောက်ထပ်နေရာနှစ်ခုမှာလည်း ဆက်ပြီးရှာသွားမှာဖြစ် တယ်လို့သိရှိရပါသည်။

Mrtv-4

RangonNewsDaily: February . 21 .2014
အင်ဒိုနီးရှားနိုင်ငံက ကယ်ဆယ်ရေး လုပ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းနားမှာ ရေငုပ်ရင်း ပျောက်ဆုံးခဲ့တဲ့ ဂျပန်အမျိုးသမီး ၇ ဦးထဲက
၅ ဦးကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကျန်နေသေးတဲ့ ၂ ဦးကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ရှာဖွေနေကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ပျောက်နေတဲ့ အမျိုးသမီး ၂ ဦးထဲက တစ်ဦးရဲ့ အလောင်းကို ရှာတွေ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ဘာလီကျွန်းအပန်းဖြေစခန်း တောင်ဘက်ပိုင်းမှာ ပျောက်ဆုံးခဲ့တဲ့ ဂျပန်အမျိုးသမီးရေငုပ် သမား ၂ ယောက်ထဲက တစ်ယောက်ရဲ့အလောင်းကို ရှာတွေ့ပြီဖြစ်တယ်လို့ ပြောကြားထားပါတယ်။ 

အခုတွေ့ရှိခဲ့တဲ့ အမျိုးသမီးရဲ့အလောင်းကို ဆီရာဂန်ကျွန်းနားမှာ အင်္ဂါနေ့က ရှာတွေ့ခဲ့တာဖြစ်ပြီး အလောင်းမှာ ၀တ်ထားတဲ့ အ၀တ်အစားကိုကြည့် ခြင်းအားဖြင့် ပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တယ်လို့ အာဏာပိုင်တွေက သုံးသပ်ပြောကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့အမျိုး သမီးနှစ်ယောက်ဟာ အမျိုးသမီး ၇ ယောက်ပါဝင်တဲ့ ရေငုပ်အဖွဲ့ထဲက တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေဟာ သောကြာနေ့ကတည်းက ဘာလီကျွန်းနားမှာရှိတဲ့ လန်ဘန်ဂန်ကျွန်းကို ရေငုပ်ဖို့သွားရာကနေ ပျောက်ဆုံးခဲ့ကြတာဖြစ်ပြီး သူတို့ထဲက ၅ ယောက်ကို တော့တနင်္လာနေ့မှာ အသက်ရှင်ရက်ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 

ကယ်ဆယ်ရေးသမားတွေဟာ ပျောက်နေသူကို ရှာဖွေဖို့အတွက် ကယ်ဆယ်ပြီးလူ ၅ ယောက်ကို ရှာတွေ့ခဲ့တဲ့နေရာအပြင် နောက်ထပ်နေရာနှစ်ခုမှာလည်း ဆက်ပြီးရှာသွားမှာဖြစ် တယ်လို့သိရှိရပါသည်။

Mrtv-4 , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment