Pages

Friday, February 21, 2014

" ဗီစီဒီဆိုတာ မရှိသင့်တော့ဘူးလို့ ပြောကြားလာတဲ့အကယ်ဒမီ လွင်မိုး"

Photo: " ဗီစီဒီဆိုတာ မရှိသင့်တော့ဘူးလို့ ပြောကြားလာတဲ့အကယ်ဒမီ လွင်မိုး"
Friday, February 21, 2014

မြန်မာ ဗီဒီယို ဈေးကွက်တွင် ထိန်းချုပ်မရနိုင်သေး သော် ခိုးကူးခွေ ထုတ်လုပ်နေမှုများကို ထိန်းချုပ်နိုင်ရန်၊ ခိုးကူးများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေ သည့် ဈေးနှုန်း များဖြင့် လည်း ယှဉ်ပြိုင် ထုတ်လုပ် ရောင်းချနိုင်ရန် အတွက် မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး MMPD အများပိုင် ကုမ္ပဏီ လီမိတက်၏ ပထမဆုံး လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ပြည်ပနိုင်ငံမှ ဒီဗီဒီ (DVD) အချပ်များ ထုတ်လုပ်ပေးနိုင်သည့် စက် (ကော်စေ့မှ တစ်ဆင့် ဒီဗီဒီ အချပ်ဖြစ်သည် အထိ One Stop Service ထုတ်နိုင်သည့် စက်) ကို ဝယ်ယူ၍ လုပ်ငန်း စတင်လည်ပတ် သွားမည်ဖြစ်ကြောင်း အနုပညာ နယ်ပယ်မှ ရပ်နား ထားပြီးနောက် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး အဖြစ် ရပ်တည်နေသူ (MMPD အများပိုင် ကုမ္ပဏီကို တည်ထောင် သူ တစ်ဦးတွင် ပါဝင်သူ) အကယ်ဒမီ လွင်မိုးက ပြောသည်။

“DVD- 9 ထုတ်တဲ့စက်ကို သွင်းယူပြီးတော့ လုပ်ကိုင်သွားမယ်။ ဒီစက်က ကော်စေ့ ကနေပြီး ဒီဗီဒီ အချပ်ဖြစ်ပြီး တစ်ခါတည်း အခွေ ထုတ်မှာပေါ့။ နား လည် တတ်ကျွမ်းတဲ့သူ တွေက ဘာပြောလဲ ဆိုရင် ဒီဟာက ခိုးကူးကို ထိန်းနိုင် တယ်။ ခိုးကူးဈေးနဲ့ လည်း ယှဉ်ရောင်းနိုင်တယ်။ ထုတ်လုပ်တဲ့အခါ တစ်ချပ်ချင်း စီမှာလည်း အမြတ်အစွန်း ရှိနိုင်တယ်။ ပြီးတော့ နေ့စဉ်နဲ့ အမျှ ထုတ်နေတဲ့ ဗီဒီယိုက ကျွန်တော်တို့ အနုပညာလောက အတွက် အရေးကြီးတယ်။

” ဟု အကယ်ဒမီ လွင်မိုးက ရှင်းပြသည်။ ဆက်လက်ပြီး အကယ်ဒမီ လွင်မိုးက “အများ ပိုင်ကုမ္ပဏီ အနေနဲ့ နံပါတ်တစ် စဉ်းစားတာက ဗီဒီယို အတွက်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ လောကသား တော်တော် များများ နေ့စဉ်နဲ့အမျှ ကျင်လည်နေ ရတာက ဒီလောက ထဲမှာ ကျင် လည်နေရတာ။ အဲဒီတော့ အခြေခံ လောကသား တစ်ယောက်ရဲ့ ဝင်ငွေက ကျသွားပြီဆိုရင် အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်တယ်။ အလားအလာ မကောင်းဘူး။ အဲဒါတွေ ကို ကျွန်တော် တို့တွေက ထိန်းနိုင်ဖို့ လိုတယ်။ သူတို့နောက်မှာ မှီခို စားသောက်နေတဲ့ မိသားစုတွေ အများကြီး ရှိတယ်။ အဲဒီတော့ ဒီလုပ်ငန်း ကို ကျွန်တော်တို့ ကာကွယ် ရမယ်။

အဲဒီတော့ ကျွန်တော်တို့ ဒီဗီဒီ (DVD)ကို လုပ်ရတော့မယ်။ VCD ဆိုတာကို ဖြည်းဖြည်းချင်း ဖျောက်ပစ်ရမယ်။ VCD ဆိုတာကြီးက မရှိသင့်တော့ဘူး။ ဘယ်သူ့ အိမ်မှာမှလည်း VCD စက်ဆိုတာ မရှိတော့ဘူး။ DVD စက်ပဲရှိတယ်။ အဲဒီတော့ DVD စက်ကြီးကို ကျွန်တော်တို့ ဝယ်မယ်။ ပြီးရင် ခိုးကူးတွေကို လျော့ချ သွား မယ်။ အဲဒါတွေ လုပ်ပြီးရင် ကျွန်တော်တို့ အဖွဲ့အနေ နဲ့ ရုပ်ရှင်ဘက်ကို ပြန်စဉ်းစားရမယ်။ လောလောဆယ် အကြမ်းဖျင်း စဉ်းစားထားတာ ကတော့ အစ်ကို တို့တွေ နယ် မှာ ရုပ်ရှင်ရုံတွေ လုပ်မယ်။ အဲဒီမှာ ဘယ်လို ရုပ်ရှင်ရုံ ကိုတည်ဆောက်မလဲ ဆိုတာကို စဉ်းစားမယ်။ ပရောဂျက် နဲ့ သွားမယ်။ တစ်နှစ်ကို ဘယ်လောက် လုပ်သွားမလဲ။ ရုပ်ရှင် အတွက် ကိုတော့ ရုပ်ရှင် ရုံတွေကို အဓိက လုပ်မယ်” ဟု ပြောပြသည်။

ထက်လူလူ
Popular Journal

RangonNewsDaily: February . 21 .2014
မြန်မာ ဗီဒီယို ဈေးကွက်တွင် ထိန်းချုပ်မရနိုင်သေး သော် ခိုးကူးခွေ ထုတ်လုပ်နေမှုများကို ထိန်းချုပ်နိုင်ရန်၊ ခိုးကူးများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေ သည့် ဈေးနှုန်း များဖြင့် လည်း ယှဉ်ပြိုင် ထုတ်လုပ် ရောင်းချနိုင်ရန် အတွက် မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး MMPD အများပိုင် ကုမ္ပဏီ လီမိတက်၏ ပထမဆုံး လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ပြည်ပနိုင်ငံမှ ဒီဗီဒီ (DVD) အချပ်များ ထုတ်လုပ်ပေးနိုင်သည့် စက် (ကော်စေ့မှ တစ်ဆင့် ဒီဗီဒီ အချပ်ဖြစ်သည် အထိ One Stop Service ထုတ်နိုင်သည့် စက်) ကို ဝယ်ယူ၍ လုပ်ငန်း စတင်လည်ပတ် သွားမည်ဖြစ်ကြောင်း အနုပညာ နယ်ပယ်မှ ရပ်နား ထားပြီးနောက် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး အဖြစ် ရပ်တည်နေသူ (MMPD အများပိုင် ကုမ္ပဏီကို တည်ထောင် သူ တစ်ဦးတွင် ပါဝင်သူ) အကယ်ဒမီ လွင်မိုးက ပြောသည်။

“DVD- 9 ထုတ်တဲ့စက်ကို သွင်းယူပြီးတော့ လုပ်ကိုင်သွားမယ်။ ဒီစက်က ကော်စေ့ ကနေပြီး ဒီဗီဒီ အချပ်ဖြစ်ပြီး တစ်ခါတည်း အခွေ ထုတ်မှာပေါ့။ နား လည် တတ်ကျွမ်းတဲ့သူ တွေက ဘာပြောလဲ ဆိုရင် ဒီဟာက ခိုးကူးကို ထိန်းနိုင် တယ်။ 

ခိုးကူးဈေးနဲ့ လည်း ယှဉ်ရောင်းနိုင်တယ်။ ထုတ်လုပ်တဲ့အခါ တစ်ချပ်ချင်း စီမှာလည်း အမြတ်အစွန်း ရှိနိုင်တယ်။ ပြီးတော့ နေ့စဉ်နဲ့ အမျှ ထုတ်နေတဲ့ ဗီဒီယိုက ကျွန်တော်တို့ အနုပညာလောက အတွက် အရေးကြီးတယ်။

” ဟု အကယ်ဒမီ လွင်မိုးက ရှင်းပြသည်။ ဆက်လက်ပြီး အကယ်ဒမီ လွင်မိုးက “အများ ပိုင်ကုမ္ပဏီ အနေနဲ့ နံပါတ်တစ် စဉ်းစားတာက ဗီဒီယို အတွက်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ လောကသား တော်တော် များများ နေ့စဉ်နဲ့အမျှ ကျင်လည်နေ ရတာက ဒီလောက ထဲမှာ ကျင် လည်နေရတာ။ 

အဲဒီတော့ အခြေခံ လောကသား တစ်ယောက်ရဲ့ ဝင်ငွေက ကျသွားပြီဆိုရင် အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်တယ်။ အလားအလာ မကောင်းဘူး။ အဲဒါတွေ ကို ကျွန်တော် တို့တွေက ထိန်းနိုင်ဖို့ လိုတယ်။ သူတို့နောက်မှာ မှီခို စားသောက်နေတဲ့ မိသားစုတွေ အများကြီး ရှိတယ်။ အဲဒီတော့ ဒီလုပ်ငန်း ကို ကျွန်တော်တို့ ကာကွယ် ရမယ်။

အဲဒီတော့ ကျွန်တော်တို့ ဒီဗီဒီ (DVD)ကို လုပ်ရတော့မယ်။ VCD ဆိုတာကို ဖြည်းဖြည်းချင်း ဖျောက်ပစ်ရမယ်။ VCD ဆိုတာကြီးက မရှိသင့်တော့ဘူး။ ဘယ်သူ့ အိမ်မှာမှလည်း VCD စက်ဆိုတာ မရှိတော့ဘူး။ DVD စက်ပဲရှိတယ်။ အဲဒီတော့ DVD စက်ကြီးကို ကျွန်တော်တို့ ဝယ်မယ်။ ပြီးရင် ခိုးကူးတွေကို လျော့ချ သွား မယ်။ 

အဲဒါတွေ လုပ်ပြီးရင် ကျွန်တော်တို့ အဖွဲ့အနေ နဲ့ ရုပ်ရှင်ဘက်ကို ပြန်စဉ်းစားရမယ်။ လောလောဆယ် အကြမ်းဖျင်း စဉ်းစားထားတာ ကတော့ အစ်ကို တို့တွေ နယ် မှာ ရုပ်ရှင်ရုံတွေ လုပ်မယ်။ အဲဒီမှာ ဘယ်လို ရုပ်ရှင်ရုံ ကိုတည်ဆောက်မလဲ ဆိုတာကို စဉ်းစားမယ်။ ပရောဂျက် နဲ့ သွားမယ်။ တစ်နှစ်ကို ဘယ်လောက် လုပ်သွားမလဲ။ ရုပ်ရှင် အတွက် ကိုတော့ ရုပ်ရှင် ရုံတွေကို အဓိက လုပ်မယ်” ဟု ပြောပြသည်။

Popular Journal , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment