Pages

Saturday, December 7, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေမရနိုင်သည့် ကစားသမားများအား မြက်နှုတ် မြောင်းရှင်း ပြုလုပ်စေခိုင်း

RangonNewsDaily:: December . 7 .2013
မြန်မာနိုင်ငံ၌အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်

ဝင်ရောက်ယှဉ်ပြိုင်မည့်ကစားသမားများအနက် ရွှေမရနိုင်သည့် ကစားသမားများအား မြက်နှုတ်မြောင်းရှင်း
၊ ကိစ္စများအားအားကစားဝန်ကြီးဌာနမှပြုလုပ်စေခိုင်းနေကြောင်းအားကစားကျေးရွှာနှင့်ဆီးဂိမ်းတွင်ဝင်ပြိုင်
မည့် ကစားသမားများထံမှစုံစမ်းသိရှိရသည်။

Microsoft က စမတ်ဘရာစီယာ တီထွင်နေ

Photo: Microsoft က စမတ်ဘရာစီယာ တီထွင်နေ
Saturday, December 7, 2013

လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည့် ဘရာစီယာတွင် ဝတ်ဆင်သူ၏ ဇီဝအပြောင်းအလဲများကို အာရုံခံနိုင်သည့် စနစ်များ ထည့်သွင်းပေးထားကြောင်း သိရ

Microsoft က စမတ်ဘရာစီယာ တီထွင်နေ 
စမတ်ဖုန်း၊ စမတ်လက်ပတ်နာရီ၊ စမတ်တီဗီ၊ စမတ်ကား အစရှိသည့် လူသုံးကုန် စမတ်ပစ္စည်း အမျိုးမျိုးအနက် Microsoftက တီထွင်နေသည့် စမတ်ပစ္စည်းကမူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီးသည် အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအတွက် ရည်ရွယ်ကာ စမတ်ဘရာစီယာ တစ်မျိုးကို တီထွင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည့် ဘရာစီယာတွင် ဝတ်ဆင်သူ၏ ဇီဝအပြောင်းအလဲများကို အာရုံခံနိုင်သည့် စနစ်များ ထည့်သွင်းပေးထားကြောင်း သိရသည်။

အဆိုပါ ဘရာစီယာသည် ဝတ်ဆင်သူ၏ နှလုံးခုန်နှုန်း၊ စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မှု အခြေအနေ အစရှိသည်တို့ကို ခြေရာခံကာ လိုအပ်သော သတိပေး တပ်လှန့်မှုမျိုး ရှိနေမည်ဟု ဆိုသည်။ ယင်းကို စမတ်လက်ပတ်နာရီနှင့် တွဲဖက် အသုံးပြုရမည်ဖြစ်ပြီး ကျန်းမာရေးအရ သတိထားသင့်သည့် ခန္ဓာကိုယ် အပြောင်းအလဲမျိုး ရှိလာပါက နာရီတွင် သတိပေး ဖော်ပြလာမည် ဖြစ်သည်။ ထို့အပြင် အမျိုးသမီး၏ အစားအသောက် ပမာဏ လွန်ကျွံပါကလည်း သတိပေးရန် အသင့်ရှိနေမည်ဟု သိရသည်။ Microsoftသည် ယင်းဘရာစီယာကို စမ်းသပ်တီထွင်နေသော်လည်း စီးပွားဖြစ် ထုတ်လုပ်သွားရန်ထိ အစီအစဉ် ရေးဆွဲမထားသေးဟု ဆိုသည်။

"ဘရာစီယာ တစ်ခုမှာ နည်းပညာ အားဖြည့်ဖို့ ဘာလို့ရွေးချယ်ခဲ့သလဲ ဆိုတော့ ပထမဆုံး အချက်က အမျိုးသမီးတွေအတွက် ရည်ရွယ်တယ်၊ ဒုတိယအချက်က တကူးတက ဝတ်ဆင်ရမယ့် အရာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေကြောင့်ပါ"ဟု Microsoftမှ သုတေသီများက ပြောကြားခဲ့သည်။ သုတေသီများက လူအများသည် စိတ်ဖိစီးမှု များနေသည့်အခါ၊ ပျင်းရိနေသည့်အခါများတွင် ဒိုးနတ်ကဲ့သို့ အချိုဓာတ်ကဲသော အစားအသောက်များကို အလွန်အကျွံ စားမိလေ့ရှိပြီး ယင်းကို ယခုဘရာစီယာက သတိပေး နှိုးဆော် တားမြစ်နိုင်ရန် အဓိက ရည်ရွယ်ကြောင်းလည်း ရှင်းပြခဲ့သည်။ အမေရိကန်နိုင်ငံ ရိုချက်စတာ တက္ကသိုလ်မှ ပညာရှင်များနှင့် ဗြိတိန်နိုင်ငံ ဆောက်သမ်တန် တက္ကသိုလ်မှ ပညာရှင်များက Microsoft၏ စမ်းသပ်မှုတွင် အားဖြည့် ကူညီနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network


RangonNewsDaily:: December . 7 .2013

Microsoft က စမတ်ဘရာစီယာ တီထွင်နေ
စမတ်ဖုန်း၊ စမတ်လက်ပတ်နာရီ၊ စမတ်တီဗီ၊ စမတ်ကား အစရှိသည့် လူသုံးကုန် စမတ်ပစ္စည်း အမျိုးမျိုးအနက် Microsoftက တီထွင်နေသည့် စမတ်ပစ္စည်းကမူ အတန်ငယ် ထူးခြားလျှက် ရှိသည်။

တရုတ်နိုင်ငံအလံမီးရှို့ ဆန္ဒပြသူ ဒေါ်နော်အုန်းလှကို ထပ်မံဖမ်းဆီး

Photo: တရုတ်နိုင်ငံအလံမီးရှို့ ဆန္ဒပြသူ ဒေါ်နော်အုန်းလှကို ထပ်မံဖမ်းဆီး
Saturday, December 7, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို မနေ့ညက ဒဂုံမြို့နယ်ရဲစခန်းက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒဂုံမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုံးလှဟာ ကျန်းမာရေး မကောင်းဘူးလို့ ဒေါ်နော်အုန်းလှ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဲပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(ခ)အရ ဒေါ်နော်အုန်းလှကို ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းက မနေ့ည ၁ဝ နာရီက စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် ဗဟိုလမ်းမှာရှိတဲ့ သူ့ရဲ့မိတ်ဆွေအိမ်ကို ရောက်ရှိနေတုန်းမှာ ဖမ်းထားတယ်လို့ သိရပါတယ်၊ ဒေါ်နော်အုန်းလှကို အခု ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းမှာပါ၊ ဒေါ်နော်အုန်းလှက ကျန်းမာရေးမကောင်းဘူး”

ဒေါ်နော်အုန်းလှကို လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ ဒဂုံမြို့နယ်တရားရုံးမှာ အမှုစစ်ဆေးမယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ဒေါ်နော်အုန်းလှအပါအဝင် လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ ကမ်းနားလမ်းကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးအထိ လမ်းလျှောက်ကြရာမှာ ရဲတပ်ဖွဲ့က သံရုံးအနီးမှာ တားဆီးခဲ့တဲ့အတွက် ဆန္ဒပြသူတွေဟာ သံရုံးအနီးမှာပဲ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က ပုဒ်မ ၅၀၅ (ခ)နဲ့ ဒဂုံရဲစခန်းက ဖမ်းဆီးခဲ့ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

RFA

RangonNewsDaily:: December . 7 .2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့
တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ပြည်
သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို မနေ့ညက ဒဂုံမြို့နယ်ရဲစခန်းက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်
မ ၅၀၅ (ခ) နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မိကျောင်းကန်ဆန္ဒပြပွဲ ပဋိပက္ခ ၁၀ ဦး ဒဏ်ရာရ

Photo: မိကျောင်းကန်ဆန္ဒပြပွဲ ပဋိပက္ခ ၁၀ ဦး ဒဏ်ရာရ
Saturday, December 7, 2013

ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မြေနေရာ ပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ ကြိုးစားသူတွေ ဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

အနက်ရောင်အင်္ကျီဝတ်ဆင်ထားသူ လူအုပ်စုက မြစာရံစေတီဝင်းမှာ ထိုင်နေကြတဲ့ ဆန္ဒပြသူတွေကို ဖယ်ရှားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူတွေ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခံရတာဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရီတို့ ရောက်ရှိလာပြီး မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဆန္ဒပြနေသူတွေကို တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဦးအောင်သိန်းလင်းက ပြောကြားခဲ့ပါတယ်။

“လောလောဆယ်မှာ ဝန်ကြီးချုပ်အနေနဲ့ကတော့ ဒါက တပ်ကသိမ်းထားတဲ့မြေ ဖြစ်တဲ့အခါကျတော့ တပ်ပိုင်းဆိုင်ရာဘက်ကို အချက်အလက်တွေနဲ့ ပေးပြီးတော့မှ တပ်ပိုင်းဆိုင်ရာနဲ့ သူတို့ထပ်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက်မယ့် အနေအထားမျိုးဖြစ်တယ်၊ ဒါကြောင့်မို့ ဝန်ကြီးချုပ်က သူကိုယ်တိုင်လာပြီးတော့မှ ဆန္ဒဖော်ထုတ်တဲ့သူတွေနဲ့ ၁ ရက် ၂ ရက်အတွင်းမှာတွေ့မယ်၊ တွေ့ပြီးတော့မှ သူကိုယ်တိုင်ရှင်းပြမယ်၊ ကျနော်တို့ဘက်ကလည်း အေးအေးချမ်းချမ်းနဲ့ ပြဿနာပြေလည်ချင်ပါတယ်၊ ဒါဟာတဖြည်းဖြည်း ကြီးထွားလာလို့ရှိရင် မကောင်းဘူး”

ဒဏ်ရာရသူ အမျိုးသမီးတွေကို နာရေးကူညီမှုအသင်း ရန်ကုန်က ကားတွေနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁၊၂၊၃)ကို စစ်တပ်က သိမ်းယူထားတာဖြစ်ပြီး တပ်ပိုင်မြေဖြစ်တဲ့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ကော်မရှင်အကြား ဒီကိစ္စကို ဆက်လက် ဆွေးနွေးသွားရမှာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ပြောခဲ့ပါတယ်။

အပိုင်း ၁ ၊ ၂၊ ၃ မြေနေရာတွေ ပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ဒီနေ့ဟာ ၁၂ ရက်မြောက်ဖြစ်ပါတယ်။

RFA

RangonNewsDaily:: December . 7 .2013
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မြေနေရာ ပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ ကြိုးစားသူ
တွေ ဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြန်မာ-ကမ္ဘောဒီးယားဘောလုံးပွဲ ပရိတ်သတ် ၂၆,၀၀၀ လာရောက် ကြည့်ရှု

Photo: >> မြန်မာ-ကမ္ဘောဒီးယားဘောလုံးပွဲ ပရိတ်သတ် ၂၆,၀၀၀ လာရောက် ကြည့်ရှု <<

မဇ္ဈိမသတင်းဌာန ၊သောကြာနေ့၊ ဒီဇင်ဘာ ၇ရက်၊ ၂၀၁၃ခုနှစ်။

မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘောလုံးပွဲသို့ ပရိတ်သတ် ၂၆,၀၀၀ခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သုဝဏ္ဏအားကစားကွင်းထဲတွင် ကြေငြာလိုက်သည်။

ဘောလုံးပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားလျှက်ရှိပြီး မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ဒုတိယပိုင်း ၈၆မိနစ်အထိ သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိနေသည်။

Source: Mizzima - News in Burmese 
Powered by >> www.myanmarcutegirl.com <<

RangonNewsDaily:: December . 7 .2013
မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘောလုံးပွဲသို့ ပရိတ်သတ် ၂၆,၀၀၀ခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သုဝဏ္ဏအားကစားကွင်းထဲတွင် ကြေငြာလိုက်
သည်။

မြန်မာ နှင့် ကမ္ဘောဒီးယား ဘောလုံးအသင်းပထမပိုင်းပြီးဆုံး

RangonNewsDaily:: December . 7 .2013
မြန်မာ နှင့်  ကမ္ဘောဒီးယား ဘောလုံးအသင်းပထမပိုင်းပြီးဆုံးသွားပါပြီမြန်မာ ၂-၀ ကမ္ဘောဒီးယား နဲ့မြန်မာကဦးဆောင်နေပါသည်။မြန်မာအသင်အတွက်ဂိုးများကို ဇော်မင်းထွန် ၁၇ မိနစ်
ကျော်ကိုကို ၃၅ မိနစ် သွင်းယူပေးခဲ့ပါသည်။

တီမောကို ဂိုးပြတ်အနိုင်ကစားပြီး အဖွင့်လှခဲ့သည့် ထိုင်း

RangonNewsDaily:: December . 7 .2013
ပွဲချိန်တစ်လျှောက် ခြေစွမ်းပိုင်း အသာစီးရယူ ကစားခဲ့ပြီးနောက် ထိုင်းအသင်းသည် အရှေ့တီမော အသင်း

ကို ဂိုးပြတ်အနိုင်ယူကာ အဖွင့်လှသွား ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ အဖွင့်ပွဲ အနိုင်ရခဲ့သောကြောင့် ထိုင်းအသင်း အနေဖြင့် အုပ်စုမှ လွတ်မြောက်ရန် အခြေအနေ ကောင်းသွားခဲ့ရသည်။ ထိုင်းအသင်းသည် နောက်ဆုံးကျင်း
ပခဲ့သည့်ဆီးဂိမ်း ပြိုင်ပွဲ (၂)ကြိမ်တွင်အုပ်စုမှလွတ်ခဲ့ခြင်း မရှိဘဲ အဆိုပါ အကြိမ်များတွင် ထိုင်းအသင်း အနေ
ဖြင့် အုပ်စုအဖွင့်ပွဲများတွင် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

SeaGame 2013 မြန်မာ - ကမ္ဘောဒီးယားပွဲ စတင်ပါပြီ

SeaGame 2013 မြန်မာ - ကမ္ဘောဒီးယားပွဲ စတင်ပါပြီ


kolatt(PBDN): December . 7 .2013

မြန်မာ - ကမ္ဘောဒီးယားပွဲ တိုက်ရိုက်ကြည့်ရန် လင့်များ 

MRTV 4 & SeaGame Channel - 

http://myanmartvchannel.com/sea-games-channel.html 

http://www.mrtv4.tv 

Sky Net - 

http://www.ustream.tv/channel/13581247 MRTV & MITV - 

http://www.moi.gov.mm 

http://www.myawady.com.mm/live 

http://www.ustream.tv/channel/up-to-date---sky-net

မောင်(စွယ်စုံကျမ်း)::--

RangonNewsDaily:: December . 7 .2013
မြန်မာ - ကမ္ဘောဒီးယားပွဲ တိုက်ရိုက်ကြည့်ရန် လင့်များ

MRTV 4 & SeaGame Channel -

http://myanmartvchannel.com/sea-games-channel.html

SeaGame (၇.၁၂.၂၀၁၃) ရက်နေ့ နိုင်ငံအလိုက်ရရှိထားသောဆုတံဆိပ်စာ ရင်း

Photo: SeaGame  (၇.၁၂.၂၀၁၃) ရက်နေ့ ၁၁ နာရီ ၅၀ မိနစ် အချိန်အထိ နိုင်ငံအလိုက်ရရှိထားသော ဆုတံဆိပ်စာရင်း

RangonNewsDaily:: December . 7 .2013
SeaGame (၇.၁၂.၂၀၁၃) ရက်နေ့ ၁၁ နာရီ ၅၀ မိနစ် အချိန်အထိ နိုင်ငံအလိုက်ရရှိထားသောဆုတံဆိပ်စာ
ရင်းကိုဖော်ပြပေးလိုက်ပါသည်။

Facebook ရဲ့နောက်ဆုံးထွက်ဗားရှင်း v 5.0.0.0.13.APK (Latest Version)

RangonNewsDaily:: December . 7 .2013
Android Devices  တွေအတွက်  အသစ်ထွက်ရှိလာတဲ့ Facebook v 5.0.0.0.13 ပါ ။

Viber v 4.1 APK (Latest Version Dec-7)

http://pctechmag.com/wp-content/uploads/2013/06/Viber-on-smartphone.jpg
RangonNewsDaily:: December . 7 .2013
ဒီနေ့မှနောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Viber နောက်ဆုံးထွက် Version 4.1 ကို Viber ချစ်သူများ Update လုပ်နိုင်အောင်တင်ပေးလိုက်ပါတယ်ဗျာ။

တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်သူများကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ထိခိုက်သည့် ပြစ်မှုဖြင့် တရားစွဲ

RangonNewsDaily:: December . 7 .2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒဂုံမြို့နယ်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး

aရှ့တွင် တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူ လေးဦးကို ဒဂုံမြို့နယ် တရားရုံးက နိုင်ငံတော် အစိုးရ သို့မဟုတ် နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်သည့် ပြစ်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မုန်တိုင်း စဖြစ်နေပြန်ပါပြီ

Photo: မုန်တိုင်း စဖြစ်နေပြန်ပါပြီ
Friday, December 6, 2013

ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်းသတင်းပါ။ အားလုံးသတိထား နေထိုင် သွားလာဖို့အတွက် ပါ။ အခုလို ပြောပြပေးတဲ့ ဆရာကို အထူးကျေးဇူးတင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ 06B မုန်တိုင်း စဖြစ်နေပြန်ပါပြီ။
Cyclone News Update
6-12-2013
12:30 hrs MST

(၁) (၆-၁၂-၂၁၀၃)ရက် နံနက် (၆)နာရိခွဲအချိန် တိုင်းတာချက်အရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်း မုန်တိုင်း(06B) စတင်ဖြစ်ပေါ်နေပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေ ချနှိုင်း (Chennai) မြို့ ရဲ့အရှေ့ဖက် 350 miles အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ လွန်ခဲ့တဲ့(၆)နာရီအတွင်း မုန်တိုင်း မြောက်အနောက်ယွန်းယွန်းဖက်ကို တစ်နာရီ(၂.၅)မိုင် နှုန်းခန့်နဲ့ ရွေ့နေပြီး။ ဗဟိုချက်အနီးအများဆုံးလေတိုက်နှုန်းမှာ 45 mph ရှိနေပြီး၊ တစ်ခါတစ်ရန် 60 mph နှုန်းအထိ တိုက်ခတ် လျက်ရှိနေပါတယ်။

(၂) 06B ဆိုင်ကလုန်းဟာ (၉-၁၂-၂၀၁၃)ရက် နံနက်ပိုင်းမှစတင် ကာ မြောက်အရှေ့မြောက်သို့စတင်ပြောင်းလဲ ရွေ့လျှားနှိုင်တဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ စောင့်ကြည့်ဖို့လိုအပ်နေပြီး လက်ရှိအနေနဲ့ နှိုးဆော်အဆင့် သတ်မှတ်ထားပါတယ်။

ဒေါက်တာထွန်းလွင်

မှတ်ချက်။ နောက်(၃)ရက်ခန့်အကြာမှ စတင်ကွေ့မယ်လို့ ခန့်မှန်းထား တာကြောင့်လောလောဆယ်အနေနဲ့ သတင်းတွေကိုသာ အမြဲ update
ဖြစ်အောင် နားစွင့်နေစေလိုပါတယ်။

Popular Journal

RangonNewsDaily:: December . 7 .2013
ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်းသတင်းပါ။ အားလုံးသတိထား နေထိုင် သွားလာဖို့အတွက် ပါ။ အခုလို ပြောပြပေးတဲ့ ဆရာကို အထူးကျေးဇူးတင်ပါတယ်။

"ဒီဇင်ဘာမှာ ကျင်းပမယ့် အကယ်ဒမီပွဲ အကြို စကားသံများ"

Photo: "ဒီဇင်ဘာမှာ ကျင်းပမယ့် အကယ်ဒမီပွဲ အကြို စကားသံများ"
Friday, December 6, 2013

ဒီဇင်ဘာ ၂၉ ရက်နေ့ သုဝဏ္ဏ အားကစားရုံ တွင် ကျင်းပရန် လျာထား သည့် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကြီးနှင့် ပတ်သက်ပြီး ရုပ်ရှင်လော ကသား များ၏ အကြံပြု စကား များနှင့် အကယ်ဒမီ ရင်ခုန်သံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ချိုပြုံး

“အကယ်ဒမီပွဲကို အကောင်း ဆုံးဖြစ်အောင် လုပ်ကြမှာပါ။ အကယ်ဒမီကို တကယ် ရသင့်ရ ထိုက်တဲ့ သူရရင် ရတဲ့သူလည်း ဝမ်းသာမယ်။ ပရိသတ် ကလည်း ရထိုက်တဲ့ သူရသွားရင်လည်း ကျေနပ် အားရမှုတွေရှိမယ်”

မေသန်းနု

“အကယ်ဒမီ ဝတ်စုံအတွက်တော့ ဘာမှ မစီစဉ်ရသေးပါဘူး။ အရင် နှစ်တွေ လိုပဲ ဒီဇိုင်နာ မလတ် ချုပ် ပေးမှာပါ။ ဒီနှစ်က ထုံးစံ အတိုင်း ချိတ် လိုင်းလေးတော့ ပါမှာပါပဲ။ ချိတ် လိုင်းလေးကို မလတ်ကတာ့ ပြင် ဆင် ပေးနေ တာပဲ။ ဘယ်လို ပုံစံလဲဆိုတာ ထွက် မလာသေးလို့ မသိသေး ဘူး။ အရောင်ကတော့ စိမ်းပြာလေး ဝတ် မှာပါ။ ဒီနှစ် ရုပ်ရှင် အစည်းအရုံးက ဦးဆောင်ပြီး လုပ်မှာဆိုတော့ အရင် နှစ်တွေ နဲ့ တူ၊ မတူကြည့် ရမှာပေါ့။ မဆင့်က အမုန်း မီးတောက် ဇာတ်ကား တော့ ရှိတယ်။ ဒါပေမဲ့ သိပ်တော့ ရင် မခုန်တော့ပါဘူး။ အကယ်ဒမီ တစ် ပြေးနေတာတော့ နဝရတ်၊ တိမ်မင်း သမီးပေါ့။ သူလည်း မရသေးဘူး ဆို တော့ရပါစေလို့ ဆုတောင်းပါတယ်”

ခန့်စည်သူ

“အကယ်ဒမီကို နောင်နှစ် ရုပ်ရှင် အစည်းအရုံး က တာဝန်ယူ မယ်ဆို ရင်တော့ လည်း ဒီနှစ်မှာ အများကြီး လေ့လာ စရာတွေ ရှိမှာပေါ့။ အကယ် ဒမီကို ရုပ်ရှင် အစည်း အရုံးက ကျင်းပ မယ်ဆိုလည်း မကန့်ကွက်ဘူး။ ဒီ ထက်ပို အရေးကြီးတဲ့ ကိစ္စတွေ ကို ဦး စားပေးစေချင်တယ်။ အကယ်ဒမီ ကို နှစ်မကူးခင် ကျင်းပတာ ဖြစ်သင့်ပါ တယ်။ အကယ်ဒမီကို ခမ်းခမ်း နားနား ဖြစ်စေချင်တယ်။ ပရိသတ်စိတ်ဝင် စားတာနဲ့ မတန်အောင် နုတ်နေတော့ ခမ်းခမ်းနားနား ဖြစ်စေချင်တာ”

နေမျိုးအောင်

“လူကြီးတွေ အကောင်းဆုံး လုပ် တဲ့ ပွဲဆိုတော့ အကောင်းဆုံးဖြစ်မှာ ပါ။ ဒီနှစ် ဆီးဂိမ်းပွဲပါ ပါလာပြီဆို တော့ အကယ်ဒမီကို သိုက်သိုက် မြိုက်မြိုက် လုပ်မယ်လို့ ကြား တယ်။ အကယ်ဒမီ ကို ဘယ်သူပဲရရပါ အစ်ကိုက လက်ခုပ်တီးပေးရုံပါပဲ”

ခိုင်နှင်းဝေ

“အကယ်ဒမီပွဲကို တော့ မြန်မာဆန်ဆန် ဝတ်စုံ နဲ့ပဲ တက်ဖြစ်မှာပါ။ အရောင် ကတော့ ဒီဇိုင်နာ နဲ့ တိုင်ပင်ပြီး ရွေးရဦးမယ်။ အရောင်တောက် တောက်လေးတွေ ကြိုက် တယ်။ ဒီဇိုင်နာ မလတ်နဲ့ ချုပ်မှာပါ။ သူ များတွေ အတွက် အားပေးမယ်။ ပီတိ ဖြစ်ရပါတယ်။ ထိုက်တန် တဲ့သူတွေ အကယ်ဒမီရကြမှာပါ”

မိုးပြည့်ပြည့်မောင်

“အကယ် ဒမီ ရက်က အခုမှ ထွက်တာ ဆိုတော့ ပွဲတော့တက် ဖြစ်မှာ ပါ။ ဝတ်စုံကတော့ ဘယ်သူနဲ့ ချုပ်ဖြစ် မလဲဆိုတာ မစီစဉ်ရသေးဘူး။ ခါတိုင်း နှစ်တွေက ပွဲရက် ကြို မသိရတော့ ပွဲ တွေကြို လက်ခံထားတော့ မတက်ဖြစ် ဘူး။ ဒီနှစ်တော့ တက်ဖြစ်မှာပါ အကယ် ဒမီပွဲ ကတော့ ဘယ်သူပဲရရပါ။ အား ပေးဖို့သွားတာပါပဲ”

ဝါဝါအောင်

“အကယ်ဒမီပွဲ ဆိုတာ တစ်နှစ် မှာ တစ်ကြိမ်ပဲ ကျင်းပခွင့်ရတာ။ နိုင်ငံတကာ အဆင့်မီမီနဲ့ အပြင် အဆင် ထူးထူးခြားခြားလေးနဲ့ အောင် မြင်တဲ့ပွဲ တစ်ပွဲ ဖြစ်စေချင်တယ်။ ဒီနှစ်အကယ်ဒမီ စင်အတွက်က လည်း တင်ဒါ ရသွားတာက စင် ကာပူက ဆိုတော့ သေသေချာချာ လေးဖြစ်မယ်လို့ လည်းထင် ပါ တယ်”

Popular Academy

RangonNewsDaily:: December . 7 .2013
ဒီဇင်ဘာ ၂၉ ရက်နေ့ သုဝဏ္ဏ အားကစားရုံ တွင်ကျင်းပရန်လျာထား သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး
နှင့်ပတ်သက်ပြီးရုပ်ရှင်လော ကသား များ၏ အကြံပြု စကား များနှင့် အကယ်ဒမီ ရင်ခုန်သံများကို စုစည်းဖော်
ပြပေးလိုက်ပါသည်။

ကြွေးကြော်သံ ၃ ချက်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/၉၃ ရပ်ကွက် ပြောင်းရွှေ့ခံပြည်သူများ ဆန္ဒထုတ်ဖော်

Photo: ကြွေးကြော်သံ ၃ ချက်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/၉၃ ရပ်ကွက် ပြောင်းရွှေ့ခံပြည်သူများ ဆန္ဒထုတ်ဖော်
Friday, December 6, 2013

အိုးအိမ်က ရတနာအိမ်ရာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းများအတွက် ဆောက်လုပ်ဆဲကာလတွင် ပြောင်းရွှေ့ခံပြည်သူများအတွက် အလုပ်သမားတန်းလျားများဆောက်လုပ်ပေးရန်၊ ယခင်ကတိအတိုင်း တိုက်ခန်းများကို အရစ်ကျ ရောင်းပေးရန်၊ ရောင်းချရာတွင် ဆင်းရဲသားပြည်သူများအား ဦးစားပေးစနစ်ဖြင့် ရောင်းချပေးရန်ဟူသော ကြွေးကြော်သံ ၃ ချက်ဖြင့် ယနေ့ (ဒီဇင်ဘာ ၆ ရက်) နံနက်က ကျောင်းသူကျောင်းသား ကလေးသူငယ်များ အပါအ၀င် အင်အား ၁၀၀ ကျော်ခန့်ဖြင့် မဟာဗန္ဓုလပန်းခြံဘေးတွင် ဗီနိုင်းပို့စတာ ၃၀ ကိုင်ကာ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/၉၃ ရပ်ကွက်သူ၊ ရပ်ကွက်သားများက အိုးအိမ်ဦးစီးဌာန၏ ကတိစကားပျက်ကွက်ခဲ့သည့်အတွက် ၎င်းတို့၏ နစ်နာချက်များကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သိစေရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဓါတ်ပုံနှင့်သတင်း - နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: December . 7 .2013
အိုးအိမ်က ရတနာအိမ်ရာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းများအတွက် ဆောက်လုပ်ဆဲကာလတွင် ပြောင်းရွှေ့
ခံပြည်သူများအတွက် အလုပ်သမားတန်းလျားများဆောက်လုပ်ပေးရန်၊ ယခင်ကတိအတိုင်း တိုက်ခန်းများကို အရစ်ကျ ရောင်းပေးရန်၊ ရောင်းချရာတွင် ဆင်းရဲသားပြည်သူများအား

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲယာဉ်တိမ်းမှောက်၍ (၇)ဦးဒဏ်ရာရ

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲယာဉ်တိမ်းမှောက်၍ (၇)ဦးဒဏ်ရာရ
Friday, December 6, 2013

၎-၁၂-၂၀၁၃ ရက်နေ့ ၀၄၅၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၅/၅-၆)တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင် အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ (၇)ရပ်ကွက်နေ အောင်ငွေ(၃၁)နှစ်မောင်းနှင်လာသော ၈စ/xxxx တောင်းအေ့(စ်)အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လယ်ယာဘက်မြေသားပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ(၁၂)ဦးအနက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်နေ ဦးဝဏ်္ဏိသာရ(၂၁)နှစ်၊ ၀ါတော်(၁)၀ါတွင် ၀ဲဘက်လက်ညိုး/လက်ခလယ်ပွန်းပဲ့ဒဏ်ရာ၊ ရခိုင်ပြည်နယ်၊ 

အမ်းမြို့နယ်နေသူများ ဖြစ်သည့် ဦးတိက္ခဉဏ(၄၈)နှစ်၊ ၀ါတော်(၁၇)၀ါတွင် ယာဘက်လက်ညိုး/လက်ခလယ်/လက်သူကြွယ် ပွန်းပဲ့ဒဏ်ရာနှင့် ဦးဝရသာမိ(၃၇)နှစ်၊ ၀ါတော်(၁၇)၀ါတွင် နဖူး/၀ဲလက်ဖ၀ါးပေါက်ပြဲဒဏ်ရာ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ အောင်မေတ္တာကျောင်းတိုက်နေ ဦးပညာဝံသ(၃၃)နှစ်၊ ၀ါတော်(၁၃)၀ါတွင် ယာဘက်ပခုံး/ယာလက်ခုံပွန်းပဲ့ဒဏ်ရာ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရေးကောင်းရှိန်ရွာနေသူများ ဖြစ်ကြသည့် မဌေးဌေးနိုင်(၂၆)နှစ်တွင် မျက်နှာယာဘက်ဖူးရောင်၊ ယာလက်ဖ၀ါးပွန်းပဲ့၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ မခင်စောနွယ်(၃၃)နှစ်တွင် ယာဘက်လက်ဖျံပွန်းပဲ့ဒဏ်ရာနှင့် မစံယိုင်နု(၃၇)နှစ်တွင် နဖူးယာဘက်ဖူးရောင်၊ ယာလက်သူကြွယ်/လက်သန်းပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ အမိုးကိုင်းပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ငွေအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

RangonNewsDaily:: December . 7 .2013
၎-၁၂-၂၀၁၃ ရက်နေ့ ၀၄၅၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်
တိုင်အမှတ်(၁၉၅/၅-၆)တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင် အမြန်လမ်းရဲစခန်း
မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ဂ်ျ၏ အသက် ၈၆နှစ် မွေးနေ့ပွဲတွင် တိုင်းသူပြည်သားများ ညီညွတ်ကြရန် တိုက်တွန်း