Pages

Saturday, December 7, 2013

သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အဆောက်အအုံ ဆောက် လုပ်နေခြင်းကို ကန့်ကွက်သည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ အာဏာရှင်စနစ်အတိုင်း ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း ရှေ့နေများကွန်ရက် ပြောကြား

Photo: သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အဆောက်အအုံ ဆောက် လုပ်နေခြင်းကို ကန့်ကွက်သည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ အာဏာရှင်စနစ်အတိုင်း ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း ရှေ့နေများကွန်ရက် ပြောကြား
Saturday, December 7, 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အကွက်နေ ပြည်သူများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပြီး သမ္မတက ဒီမိုကရေစီအစိုးရအဖြစ် လုပ်ကိုင်ဆောင်ရွက် ပါမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် အာဏာရှင်များ၏ အမူအကျင့်အတိုင်းသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရှေ့နေများ ကွန်ရက်ကိုယ်စား ဦးအေးမင်းက ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီက မြန်မာဂျာနယ်လစ် ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ရှေ့နေများ ကွန်ရက်ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ''ကျွန်တော်တို့ သမ္မတအပါအ၀င် သက်ဆိုင်ရာ ဌာနတွေကို သိမ်ဖြူအားကစားကွင်းမှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ခြင်းမပြုဖို့ လေးကြိမ် စာပို့ခဲ့တယ်။ နောက် ဦးရွှေမန်းဆီကို တစ်ကြိမ်စာပို့ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြယ်ပွင့်မပြ မေးခွန်းမေးတဲ့ အခါမှာ မြို့တော်ဝန်က ဘောလုံးကွင်းတွေ အများအပြား ရှိနေတာကြောင့် သိမ်ဖြူကစားကွင်းကို အသုံးပြုဖို့ မလိုဘူးဆိုပြီး ပြန်ဖြေခဲ့ပြီးတော့ အဲဒီမှာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မယ်ဆိုပြီး ပြန်ဖြေပါတယ်'' ဟု ပြောကြားခဲ့ပြီးနောက် ဦးအေးမင်းက ဆက်လက်ပြီး ''သိမ်ဖြူကွင်းကို ဆောက်လုပ်မယ့် ကုမ္ပဏီက Asia-Myanmar စီးပွားဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလိုYခေါ်ပြီး ဦးဆောင်တာက ဦးငြိမ်းအောင် (ဒိုင်းနမစ် ဆောက်လုပ်ရေး) ပိုင်ရှင်လို့ ကြားထားပါတယ်။ ဒီကွင်းကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူက ပေးလိုက်တယ် ဆိုတာတွေကိုတော့ ပြည်သူတွေကို အသိမပေးပါဘူး။ နောက် ကျွန်တော်ကြားတာက ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင်က မင်းတို့မဆောက် သေးဘူးလား။ ဟိုမှာ ဆန္ဒပြကြတော့မယ်လို့ ပြောတဲ့အကြောင်းလည်း ကြားရတယ်။ ဒီကိစ္စတွေမှာ ၀န်ကြီးတွေကိုယ်တိုင် ပါဝင်ပတ်သက် နေပါတယ်'' ဟု ဦးအေးမင်းက ပြောကြားသည်။

ထို့ပြင် သိမ်ဖြူကွင်းတွင် အထပ်မြင့် အဆောက်အအုံ မဆောက်လုပ်ရန်အတွက် ကန့်ကွက်ဆန္ဒပြသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးလှဌေးကလည်း သိမ်ဖြူအားကစားကွင်း ဆိုသည်မှာ သမိုင်းဝင် ကစားကွင်း တစ်ခုဖြစ်ပြီး ယခင်အစိုးရများ လက်ထက်က လွတ်လပ်ရေးနေ့ကို သိမ်ဖြူအားကစားကွင်းတွင် နိုင်ငံတော်အဆင့် ကျင်းပလေ့ရှိပြီး ၈၈ နောက်ပိုင်း န၀တ အစိုးရ လက်ထက်တွင် ယာဉ်မောင်းသင်တန်း ပြုလုပ်ရန်အတွက် အသုံးပြုခဲ့ပြီး ယခုအခါတွင် အထပ်မြင့်တိုက် ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်နေ ပြည်သူများ အနေနှင့် မည်သို့မျှ သဘောကျနှစ်ခြိုက်ခြင်း မရှိကြောင်း ပြောကြားသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ပါက မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူများ အနေနှင့် ရွှေတိဂုံ စေတီတော်အား လှမ်းဖူး၍ မရနိုင်တော့သောကြောင့် ဘာသာရေးအရ လက်မခံ နိုင်ပါကြောင်းနှင့် အစိုးရနှင့် နီးစပ်သည့် ခရိုနီစီးပွားရေး သမားများ ၎င်းတို့၏ အကျိုးအမြတ်အတွက် မည်သည့် အကျိုးကိုမျှ မကြည့်ဘဲ ဆောင်ရွက်နေခြင်းအား အပြင်းအထန် ဆန့်ကျင်ပါကြောင်း ပြောကြားလိုက်သည်။ ထို့ပြင် မြန်မာပြည်တွင် အကြီးမားဆုံး ဖြစ်ပေါ်နေသည့် ပြဿနာမှာ မြေသိမ်းသည့် ကိစ္စများဖြစ်ပြီး ထိုမြေသိမ်းမှုများကို အစိုးရအနေနှင့် မထိန်းသိမ်းနိုင်ပါက ပြည်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားလာမှာဖြစ်ကြောင်း ပြောကြားလိုက်သည်။

ထို့နောက် ထိုစီးပွားရေး လုပ်ငန်းရှင်များသည် အစိုးရထံမှာ မတန်တဆ ဈေးနှုန်းများဖြင့် လုပ်ကိုင်နေသော်လည်း ၎င်းတို့လက်ထက်တွင် သိန်းပေါင်းသောင်းနှင့်ချီပြီး အကျိုးအမြတ် ရရှိနေခြင်းကြောင့် တိုင်းပြည်၏ ၀င်ငွေမှာ ဆုံးရှုံးခဲ့ရပြီး ပြည်သူများမှာလည်း ဆင်းရဲမွဲတေမှုများ ဖြစ်နေသော်လည်း အစိုးရနှင့် နီးစပ်သူများမှာ ပို၍ချမ်းသာလာမှု များကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုများ ရှိနေပြီး အစိုးရအနေနှင့် ပြေလည်အောင် ဖြေရှင်းပေးရန်လည်း တောင်းဆိုလိုက်သည်။
ထို့ပြင် ၂၀၀၈ အခြေခံ ဥပဒေ၏ မှားယွင်းချက်များကြောင့် ၀န်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများမှာ ပြည်သူတို့က ရွေးချယ်ထားသူများ မဟုတ်သဖြင့် ပြည်သူလူထု၏ ဘ၀ကိုလည်း နားလည်စာနာမှု မရှိကြောင်း ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားချက်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရက မဖြေရှင်း နိုင်သဖြင့် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲမှစ၍ လူစုပြီး တောင်းဆိုချက်များ ကိုင်ဆောင်ကာ စံပြ ဖဆပလ ရပ်ကွက်မှ စတင်ချီတက်မည်ဖြစ်ပြီး မြို့တော်ခန်းမရှေ့အထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်မှာဖြစ်ပြီး ပူးပေါင်းလိုသူ မည်သူမဆို လာရောက် ပူးပေါင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ခင်ငြိမ်းသစ်)
Eleven Media Group
ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ခင်ငြိမ်းသစ်)
RangonNewsDaily:: December . 7 .2013
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အကွက်နေ ပြည်သူများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပြီး သမ္မတက ဒီမိုကရေစီအစိုးရအဖြစ် လုပ်ကိုင်ဆောင်ရွက် ပါမည်
ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် အာဏာရှင်များ၏ အမူအကျင့်အတိုင်းသာ လုပ်ဆောင်နေခြင်း
ဖြစ်ကြောင်း ရှေ့နေများကွန်ရက်ကိုယ်စားဦးအေးမင်းက ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီက မြန်မာဂျာနယ်
လစ် ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ရှေ့နေများကွန်ရက်ကိုယ်စားတရားလွှတ်တော်ရှေ့နေဦးအေးမင်းက''ကျွန်တော်တို့ သမ္မတအပါအ၀င် သက်
ဆိုင်ရာ ဌာနတွေကို သိမ်ဖြူအားကစားကွင်းမှာအထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်ခြင်းမပြုဖို့ လေး
ကြိမ် စာပို့ခဲ့တယ်။ နောက် ဦးရွှေမန်းဆီကို တစ်ကြိမ်စာပို့ခဲ့ပါတယ်။ 
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြယ်ပွင့်မပြ မေး
ခွန်းမေးတဲ့ အခါမှာ မြို့တော်ဝန်က ဘောလုံးကွင်းတွေ အများအပြား ရှိနေတာကြောင့် သိမ်ဖြူကစားကွင်းကို အသုံးပြုဖို့ မလိုဘူးဆိုပြီး ပြန်ဖြေခဲ့ပြီးတော့ အဲဒီမှာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မယ်ဆိုပြီး ပြန်
ဖြေပါတယ်''ဟု ပြောကြားခဲ့ပြီးနောက်ဦးအေးမင်းကဆက်လက်ပြီး''သိမ်ဖြူကွင်းကို ဆောက်လုပ်မယ့် ကုမ္ပဏီ
က Asia-Myanmar စီးပွားဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလိုYခေါ်ပြီး ဦးဆောင်တာက ဦးငြိမ်းအောင် (ဒိုင်းနမစ်
ဆောက်လုပ်ရေး) ပိုင်ရှင်လို့ ကြားထားပါတယ်။ 
 
ဒီကွင်းကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူက ပေးလိုက်တယ် ဆိုတာတွေကိုတော့ ပြည်သူတွေကို အသိ
မပေးပါဘူး။ နောက် ကျွန်တော်ကြားတာက ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင်က မင်းတို့မဆောက် သေးဘူးလား။ ဟိုမှာ ဆန္ဒပြကြတော့မယ်လို့ ပြောတဲ့အကြောင်းလည်း ကြားရတယ်။ ဒီကိစ္စတွေမှာဝန်ကြီးတွေကိုယ်တိုင်ပါ
ဝင်ပတ်သက် နေပါတယ်'' ဟု ဦးအေးမင်းက ပြောကြားသည်။

ထို့ပြင် သိမ်ဖြူကွင်းတွင် အထပ်မြင့် အဆောက်အအုံ မဆောက်လုပ်ရန်အတွက် ကန့်ကွက်ဆန္ဒပြသည့် နိုင်ငံ
ရေးအကျဉ်းသားဟောင်း ဦးလှဌေးကလည်း သိမ်ဖြူအားကစားကွင်းဆိုသည်မှာ သမိုင်းဝင် ကစားကွင်း တစ်
ခုဖြစ်ပြီး ယခင်အစိုးရများ လက်ထက်က လွတ်လပ်ရေးနေ့ကို သိမ်ဖြူအားကစားကွင်းတွင် နိုင်ငံတော်အဆင့် ကျင်းပလေ့ရှိပြီး ၈၈ နောက်ပိုင်း န၀တ အစိုးရ လက်ထက်တွင် ယာဉ်မောင်းသင်တန်း ပြုလုပ်ရန်အတွက် အ
သုံးပြုခဲ့ပြီး ယခုအခါတွင် အထပ်မြင့်တိုက် ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်နေ ပြည်သူများ အ
နေနှင့် မည်သို့မျှ သဘောကျနှစ်ခြိုက်ခြင်း မရှိကြောင်း ပြောကြားသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ပါက မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူများ အနေနှင့်
ရွှေတိဂုံ စေတီတော်အား လှမ်းဖူး၍ မရနိုင်တော့သောကြောင့် ဘာသာရေးအရ လက်မခံ နိုင်ပါကြောင်းနှင့် အစိုးရနှင့် နီးစပ်သည့် ခရိုနီစီးပွားရေး သမားများ ၎င်းတို့၏ အကျိုးအမြတ်အတွက် မည်သည့် အကျိုးကိုမျှ မ
ကြည့်ဘဲ ဆောင်ရွက်နေခြင်းအား အပြင်းအထန် ဆန့်ကျင်ပါကြောင်း ပြောကြားလိုက်သည်။ ထို့ပြင် မြန်မာ
ပြည်တွင် အကြီးမားဆုံး ဖြစ်ပေါ်နေသည့် ပြဿနာမှာ မြေသိမ်းသည့် ကိစ္စများဖြစ်ပြီး ထိုမြေသိမ်းမှုများကို အစိုး
ရအနေနှင့်မထိန်းသိမ်းနိုင်ပါက ပြည်သူများနှင့်ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားလာမှာဖြစ်ကြောင်း ပြောကြား
လိုက်သည်။

ထို့နောက် ထိုစီးပွားရေး လုပ်ငန်းရှင်များသည် အစိုးရထံမှာ မတန်တဆ ဈေးနှုန်းများဖြင့် လုပ်ကိုင်နေသော်
လည်း ၎င်းတို့လက်ထက်တွင် သိန်းပေါင်းသောင်းနှင့်ချီပြီး အကျိုးအမြတ် ရရှိနေခြင်းကြောင့် တိုင်းပြည်၏ ၀င်
ငွေမှာ ဆုံးရှုံးခဲ့ရပြီး ပြည်သူများမှာလည်း ဆင်းရဲမွဲတေမှုများ ဖြစ်နေသော်လည်း 
 
အစိုးရနှင့် နီးစပ်သူများမှာ ပို၍ချမ်းသာလာမှု များကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုများ ရှိနေပြီး အစိုးရအနေ
နှင့် ပြေလည်အောင် ဖြေရှင်းပေးရန်လည်း တောင်းဆိုလိုက်သည်။ထို့ပြင်၂၀၀၈အခြေခံဥပဒေ၏  မှားယွင်း
ချက်များကြောင့် ၀န်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများမှာ ပြည်သူတို့က ရွေးချယ်ထားသူများ မဟုတ်သဖြင့် ပြည်
သူလူထု၏ ဘ၀ကိုလည်း နားလည်စာနာမှု မရှိကြောင်း ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားချက်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရက မဖြေရှင်း နိုင်သ
ဖြင့် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲမှစ၍ လူစုပြီး တောင်းဆိုချက်များ ကိုင်ဆောင်ကာ စံပြ ဖဆပလ ရပ်
ကွက်မှ စတင်ချီတက်မည်ဖြစ်ပြီး မြို့တော်ခန်းမရှေ့အထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်မှာဖြစ်ပြီး ပူးပေါင်း
လိုသူ မည်သူမဆို လာရောက် ပူးပေါင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment