Pages
Friday, October 19, 2012
Miss International 2012 မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းပအို့တိုင်းရင်းသူလေး နန်းခင်ဇေယျာရဲ့ သဘောထား (နန်းခင်ဇေယျာနှင့်အမေးအဖြေ) အပြည်အစုံ
 နန်းခင်ဇေယျာ = ပထမ စရောက်စ ... စစချင်း  ဆိုရင် မြန်မာဆိုတာဘာမှန်းေ တာင် ရှိမှန်းမသိဘူး၊  အခုက
မြန်မာနိုင်ငံကလူတွေကအင်တာနက်မှာVoteလုပ်ပေးတဲ့သူတွေကများတော့ သူများတွေက မြန်မာနိုင်ငံဆို
တာကို စိတ်ဝင်စားလာတယ်။ မြန်မာအ၀တ် အစား   က အစ စိတ်ဝင်စားလာတယ်။ အဲဒါတွေကတော့နော် ... ကိုယ့်ရဲ့ မြန်မာအတွက်က ဂုဏ်ယူစရာပေါ့။
မေး = အင်တာနက်ကနေ Vote ပေးတဲ့ မဲပေးတဲ့သူအရည်အတွက် က ဘယ်လိုအခြေအနေရှိလဲခင်ဗျာ့ -
နန်းခင်ဇေယျာ = မဲပေးတဲ့သူအရည်အတွက်ကတော့ ဟိုဟွာ(၁၇)သန်းလောက်ရောက်သွားပြီးတော့အခုက
ညီမက အများဆုံး List ထဲဝင်သွားပြီး မြန်မာနိုင်ငံဘက်က လူတွေကပေါ့နော် ... ဒီကွန်ပြူတာ ပိုင်းမှာ အရမ်း
ကျွမ်းကျင်တဲ့အတွက်ကြောင့်မို့ လို့  ညီမကို ဘယ်လို Vote လုပ်ရမယ်ဆိုတာအဲဒါ သူတို့ Share ပြီးတော့ သူတို
(မှတ်ချက်။ ယ္ခုနောက်ဆုံး Miss Internet Award Vote ၏ Internet ကိန်းဂဏန်းများအရ နန်းခင်ဇေယျာက Vote ပေါင်း သန်း (၂၀) ဖြင့် ပထမ ထိပ်ဆုံးရောက်နေပြီး၊ မကာအိုက (၁၆.၂) သန်းဖြင့် ဒုတိယ - မကာအို ၏လူဦးရေမှာ စုစုပေါင်း ငါးသိန်းခွဲသာရှိပါသည်။
အန္ဒိယက (၉) သန်းဖြင့် တတိယနေရာတွင် ဆက်လက် ယှဉ်ပြိုင် လျှက်ရှိပါသည်)။
မေး = အခုပထမဆုံး မြန်မာနိုင်ငံက ကိုယ်စားပြုပြီးတော့ဝင်ပြိုင်ရတဲ့အပေါ်မှာရော ဘယ်လိုခံစားမူတွေဖြစ်
လဲခင်ဗျာ့ -
နန်းခင်ဇေယျာ = ဟုတ်... ဒီလိုမျိုးလာပြိုင်ရတယ်ဆိုတာလည်း ကိုယ်က ပထမဦးဆုံးပါ။ ပြီးတော့ ညီမကို
ဖိတ်တာလည်း ရက်က သိပ်မရှိဘူး။ ညီမမှာ ပြင်ဆင်ချိန်တွေ ဘာမှမရှိခဲ့ဘူးပေါ့။ ပြင်ဆင် ချိန်ဘာမှမရှိပဲ
 ကိုယ်ရအောင်ကြိုးစားခဲ့တယ်... စိတ်ရောလူရော ပဲပေါ့နော်။
မေး = ရှမ်း-ပအိုဝ့် တိုင်းရင်းသူတယောက်အနေနဲ့  မယ်အလှပြိုင်ပွဲ မျိုးဝင်ရတယ် - ပြီးတော့တခါ ရေကူးဝတ်
စုံတွေဘာတွေ ၀တ်ရတဲ့ အပေါ်မှာရော ဘယ်လိုခံစားရလဲ။ မြန်မာ့ယဉ်ကျေးမူနဲ့ ကြည့်မယ် ဒါမှမဟုတ်ကိုယ့်
ရဲ့အနေနဲ့ ပေါ့ -
နန်းခင်ဇေယျာ = ဟုတ် ... ဒီ... ဂျပန်ကနေ ညီမကိုပြိုင်ပွဲဝင်ဖို့  လျှောက်လွှာခေါ်တဲ့အချိန်မှာ ညီမက Swim Suite နဲ့ ပြိုင်ရမယ် ဆိုတာ သူတို့ ပြောတယ်ပေါ့။ 
အဲဒီတော့ ညီမက မြန်မာနိုင်ငံက လူတွေခွင့်ပြုမလား မပြုလား ဆိုတာ ညီမအရင်မေးတယ်ပေါ့။အဲသည်
တော့သူတို့ က ခွင့်ပြုတယ်တဲ့။ အိုကေ ဆိုတော့မှ ညီမ သွားတာပါ။ ပြီးတော့ ဘယ်လိုပြောမလဲ ညီမကSwim
Suite ၀တ်တဲ့အပေါ်မှာလည်းပဲ ဘယ်လိုပြောမလဲ ကိုယ့်ကိုယ်ကို Confidence သိပ်မရှိပါဘူး။ ဘာပြုလို့ လဲ
ဆိုတော့ ကိုယ့်ကို မြန်မာနိုင်ငံက ပြောကြမယ်ဆိုတာလည်း ညီမသိပါတယ်။ ဒါပေမဲ့လည်း ပွဲမှာ ကိုယ်ပြိုင်
ရမယ်ဆိုတာ စိတ်ထဲမှာထားပြီး တော့ ညီမပြိုင်နေတယ်ပေါ့။
မေး = ရိုးရာ ၀တ်စုံတွေရော ၀တ်ဖြစ်လားခင်ဗျာ့ -
နန်းခင်ဇေယျာ = ရိုးရာဝတ်စုံတွေလည်း ၀တ်ဖြစ်တယ်ပေါ့။ ညီမ .... ဟိုဟာလေရှမ်းအကနဲ့ လည်း ဖျော်ဖြေ
ခဲ့ပြီးပါပြီ။
မေး = အဲသည်တော့ ပြိုင်ပွဲက ဘယ်နေ့ မှာ အပြီးသတ် ကြေညာမလဲ - အလားအလာဘယ်လိုရှိမလဲခင်ဗျာ့ -
နန်းခင်ဇေယျာ = ပြိုင်ပွဲကတော့ (၂၁) ရက်နေ့ ပြိုင်ရမယ်ပေါ့။ (၂၁) ရက်နေ့ ပြီးသွားတဲ့အချိန်မှာ ညီမတို့ 
ထဲက ဆန်ကာတင် (၅) ယောက်ရွေးမယ်။ ပြီးကျရင်အဲ့သည် Special Prize တွေ ပေါ့နော်။ ဥပမာ - Miss 
Friendship တို့ Miss Internet တို ရမယ်ပေါ့နော်။ အဲသည်လိုရမယ်ဆိုရင် ညီမတို့ က (၂၇) ရက် နေ့ အထိနေ
ရမှာပါ။ အကယ်၍မရဘူးဆိုရင် (၂၂) ရက်နေ့  ကျရင် ကိုယ့်နေတဲ့ နေရာကိုပြန်ရမှာပါ။
မေး = အဲသည်တော့ ကိုယ့်အနေနဲ့ ဘယ်လိုဆုတွေရမယ်လို့  မျှော်လင့်ထားလဲချင်ဗျာ့ -
နန်းခင်ဇေယျာ = (ရယ်လျှက်) ဘယ်လိုဆုတွေရမယ်လို့ မျှော် လင့်ထားလဲဆိုတော့ ... ကိုယ့်ဘက်ကတော့ အကောင်းဆုံးလုပ် ထားပါတယ်။ ကိုယ့်ကြိုးစားမူရဲ့ရလဒ်အပေါ်မှာပဲပေါ့နော်... ညီမ မျှော်လင့်တယ်။ ပြီးတော့ ဒီအင်တာနက်ကနေ Vote လုပ်ပေးတဲ့ လူတွေလည်း ... အတိုင်းမသိဝမ်းသာတယ်... 
ညီမကထိပ်ဆုံး ဖြစ်နေတယ်ဆိုတာကိုပေါ့နော်။ အခုဆိုဒီမှာဆို ညီမကို ဒီအထဲကလူတွေကပြောနေကြတယ်
.... Internet ဆုရမယ်ပေါ့နော် .... ဒါပေမဲ့ ဆုရတာတွေ မရတာတွေထက် ..ညီမဒီExperienceရသွားရင် မြန်မာ
နိုင်ငံကိုပေါ့နော် ... ဂုဏ်ပြုနိုင်တဲ့ ... မြန်မာနိုင်ငံ ဆိုတာ ဘာပါလား ....
မြန်မာနိုင်ငံဆိုတာ ဘယ်မှာရှိပါသလဲ ... မြန်မာနိုင်ငံရဲ့ဝတ်စားဆင်ယင်မူက ဘာပါလား .ဆိုတာသိသွားတာ
ကို ညီမကျေနပ်တယ်ပေါ့နော်။----။
===============================
အမျိုးသားရေးအမြင်အသိဖြင့် (မျက်မွေးတဆုံးမဟုတ်ပဲ)မျက်စေ့တဆုံးအမြင်ဖြင့် မြန်မာမယ်ကလေးနန်းခင်
ဇေယျာကို မအား မလပ်တဲ့ကြားက အနည်းဆုံး အင်တာနက်မယ်ဆုကိုရအောင်Vote နေကြသောကမ္ဘာအ
ရပ်ရပ်မှ ညီအစ်ကိုမောင်နှမအား လုံး ဖတ်ဖို့ နဲ့ ... အင်တာနက်လိုင်းမကောင်း၍ အသံဖိုင်ကို နားထောင်ရန်
အခက်အခဲရှိနိုင်သော မြန်မာပြည်က ညီအစ်ကို မောင်နှမအားလုံးအတွက် ကျွန်တော်နားထောင်ပြီး ကြား
သည့် အတိုင်းကို အတတ်နိုင်ဆုံး အနီးစပ်ဆုံး ရိုက်ထားပါသည်။
လှိုင်ဘွား/၈၈ မူရင်းအသံဖိုင် ... http://soundcloud.com/myohtet5/nang-khin-zayar-edited
===============================
ယ္ခုနောက်ဆုံး Data Update for Miss Internet Award: Miss Myanmar's Miss Internet vote leads with 20-
millions: နောက်ဆုံးမိနစ် စက္ကန့် ထိ vote ကြပါ။ (Miss Internet Award vote အတွက် (၈) နာရီသာ အချိန်သတ်
မှတ်ချက် ကျန်တော့ ကြောင်းသိရပါသည်)။
1. Miss Myanmar 16,777,216 + 3,281,688 = 20,058,904 votes,
2. Miss Macau 16,253,594 and
3. Miss India 8,947,833 ဖြစ်ကြောင်းပါ။
====================
နန်းခင်ဇေယျာရဲ့ (Miss Internet) flickr vote အကောင့် 16,777,216 ပြည့်သွားတဲ့အတွက် flickr ကထပ်ဖွင့်
ပေး ထားသော အကောင့်အသစ် .... (Miss Internet) ဆုအတွက်သည်လင့်ခ်ကိုဆက်ပြီးVoteကြပါ။
flickr မှာမနေ့ က ပြည့်သွားတဲ့votes တွေနဲ့ ပေါင်းပေးမယ်လို့  Board အဖွဲ့ မှ တရားဝင်ကြေငြာထားကြောင်း
သိရပါတယ်-
http://www.flickr.com/photos/64086169@N03/8098434005/in/set-72157631640709082/
--------------------
(Miss International 2012 People's Choice Award) ဆု အတွက်သည်လင့်ခ့်မှာ vote ကြပါ။ ပရိတ်သတ်အနှစ်
သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို တရားဝင် နေ့တိုင်း တခါမဲပေးခွင့်ရှိ
တယ်။
http://poll.pollcode.com/u7r1ht =========================================
1 comments:
Unknown said...
Congratulation for yr success
Post a Comment