Pages

Friday, October 19, 2012

မိသားစုညှိနှိုင်းမရ၍ ဂီတပွဲပြုလုပ်မည့် အစီအစဉ်ပျက်သွားပြီဟု ပိုးဒါလီသိန်းတန်ဆို


၂၀၁၂ခုနှစ် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံသို့ ဖခင် မြန်မာပြည်သိန်းတန်နှင့်အတူ ဂီတပွဲလာရောက်ပြုလုပ်မည့် အစီအစဉ်မှာ မိသားစုအရေးကိစ္စကြောင့် ပြုလုပ်ဖြစ်တော့မည် မဟုတ်ဟု တေးသံရှင် ပိုးဒါလီသိန်းတန်က
 ပြောသည်။ “ပွဲပျက်သွားတာ တကယ်ပါ။ အမ ညှိနိုင်းကြည့်ပါသေးတယ်။ ဒါပေမဲ့ ဖခင်နဲ့မိဒွေးက အမရဲ့အမေကို ဒီပွဲနဲ့
ပတ်သက်ပြီး နှိမ်လွန်းလို့”ဟု တေးသံရှင်ပိုးဒါလီသိန်းတန်ကပြောသည်။

သိန်းတန်ရဲ့သိန်းတန်ဟု အမည်ပေးထားသည့် အဆိုပါဂီတဖျော်ဖြေပွဲကို ဖခင်ဖြစ်သူ မြန်မာပြည်သိန်းတန်
နှင့်အတူ သဘောတူညီစွာဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ပိုးဒါလီသိန်း တန်က ပြောသည်။

ဂီတဖျော်ဖြေပွဲမပြုလုပ်ဖြစ်တော့သည့်အပေါ် ၎င်းကို အားပေးသည့်ပရိတ်သတ်များအား တောင်းပန်ကြောင်း
နှင့် နားလည်ခွင့်လွှတ်ပေးစေလိုကြောင်း ၄င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်၌ ရေးသားထားသည်။

တေးသံရှင်ပိုးဒါလီသိန်းတန်သည် ၁၉၉၇ ခုနှစ်တွင် အိမ်ထောင်ကျပြီး ခင်ပွန်းသည်ဖြစ်သူ ကိုညီညီနှင့်အတူ အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်လျှက်ရှိသည်။



ကျော်ဇင်မန်း(မြစ်မခ)



0 comments:

Post a Comment