Pages

Friday, October 19, 2012

အာရှတွင် အကြီးဆုံး အက်ပဲလ်လက်လီအရောင်းဆိုင် ပေကျင်းမြို့၌ ဖွင့်လှစ်

 
အက်ပဲလ်ကုမ္ပဏီသည် အာရှတွင် အကြီးဆုံး လက်လီအရောင်း ဆိုင်ကြီး ဖြစ် သည့် အက်ပဲလ် ဆိုင်သစ် တစ်ဆိုင်ကို တရုတ်နိုင် ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၂၀ ရက်တွင် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း
 အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားသည်။ အဆိုပါ ဆိုင်သစ်ကြီးသည် ၀မ်ဖူကျင်ခရိုင်အတွင်း၌ တည်ဆောက်ထားပြီး အာရှတွင်ယင်းအက်ပဲလ်ကုမ္ပဏီ
၏ အကြီးဆုံးဆိုင်ကြီး ဖြစ်လာ မည်ဖြစ်ကြောင်း၊ အက်ပဲလ်ကုမ္ပဏီမှ ထုတ်ကုန်ပစ္စည်းမျိုးစုံကို ဖြန့်ဖြူးရောင်း
ချရန်အတွက် အလုပ်သမားပေါင်း ၃၀၀ ကျောခန့်ထားကြောင်း အက်ပဲလ်ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဂျွန်ဘရို
ဝက်က ပြောကြားခဲ့သည်။ 
 
ဝမ်ဖူကျင်ရှိ အဆိုပါ စတိုးဆိုင်ကြီးတွင် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက မီဒီယာအတွက် တစ်နာရီကြာ ဖွင့်လှစ်ပေးခဲ့သည်။ ယင်းစတိုးဆိုင်ကြီးတွင် iPhone5 များ ခင်းကျင်းပြသသွားမည် မဟုတ်ကြောင်း၊ သို့သော်
လည်း အဆိုပါဖုန်းများအတွက် ထုတ်လုပ်ထားသည့် နားကြပ်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 
 
(ဆင်ဟွာ),ခေတ်လူငယ်

0 comments:

Post a Comment

 
world time